ဖော်ပြပါ တရုတ်စာလုံး အုတ်ပုံ လက်စွပ်ဒီဇိုင်းလေးသည် ထည်ကြွားလှပြီး အနုစိတ်သေချာ ပုံဖော်ထားသော ပုံဆန်းလက်စွပ်လေးဖြစ်ပါသည်။ အမျိုးသားများအတွက် ရည်ရွယ်၍ ထုတ်လုပ်ထားပြီး လူကြီး၊ လူငယ် မရွေးဝတ်ဆင်နိုင်ပြီး လူကြီးပိုင်းများ ပိုမို၍ အကြိုက်များပြီး အဝယ်များသော ဒီဇိုင်းလက်ရာလေးဖြစ်ပါသည်။ ပုံပါ ဒီဇိုင်းသည် အလေးချိန် အတိုးအလျှော့ရှိနိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပုံစံတူမရခဲ့လျှင်လည်း ပုံစံတူနီးပါး ပြန်လုပ်ပေးပါသည်။
သတင်းကျွတ် Promotion လေးအဖြစ်လည်း ရွှေချစ်သူကာကာ တို့အတွက် အလျော့ 20% ကိုပါ ထပ်မံလျှော့ပေးဦးမှာပဲဖြစ်လို့ အမြန်ဆုံး Order တင်အားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင့်…