ဖော်ပြပါ နဂါး ပုံလောင်းလက်စွပ်သည် ဒီဇိုင်းသေသပ်လှပပြီး ရုပ်လုံးသေချာပေါ်လွင်အောင် ပန်းထိမ်ဆရာမှ အသေးစိတ် ဖန်တီးပေးထားပါသည်။ နဂါးလက်စွပ်သည် ယောင်္ကျားလေးအများစုဝတ်ဆင်တတ်ကြပြီး အကျစ်ထည်ဖြစ်သည့်အတွက် ခိုင်ခန့်သေသပ်လှ၍ အဆောင်ယတြာအဖြစ်လည်း ဝတ်ဆင်တတ်ကြပါသည်။ ပုံပါ ဒီဇိုင်းသည် အလေးချိန် အတိုးအလျှော့ရှိနိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပုံစံတူမရခဲ့လျှင်လည်း ပုံစံတူနီးပါး ပြန်လုပ်ပေးပါသည်။
ထို့အပြင် နေ့နာမ် အနေဖြင့် စနေနေ့နာမ် ဖြစ်ပြီး Chinese Zodiac ( တရုတ်ရာသီခွင်တွင် 1988, 2000, 2012, 2024, 2036, 2048 တို့တွင် ဖွားသူတို့မှာ နဂါးနှစ်ဖွားများဖြစ်ကြသည်။