လူမှုပတ်ဝန်းကျင်အကျိုးပြုလုပ်ဆောင်ချက်

သီတင်းကျွတ် အခါသမယတွင် ဦးထုံရွှေဆိုင်၏ ဝန်ထမ်းများမှ စုပေါင်း ဂါဝရပြု ကန်တော့ခြင်း

Thadingyut ကန်တော့ website

ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါသမယသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ အချိန်ကာလဖြစ်ပြီး လူကြီးမိဘ အဖိုးအဖွားများ ၊ ဆရာသမားများ၊ ဆွေမျိုးများအပြင် မိမိတို့၏ ကျေးဇူးရှင်အထက်လူကြီးများအား ဂါဝရပြု ကန်တော့ခြင်းဖြင့် ကုသိုလ်ယူကြသည့် မြန်မာတို့၏ ချစ်စဖွယ် ရိုးရာယဉ်ကျေးမှု ထုံးထမ်းအစဉ်အလာတစ်ခုဖြစ်ပါသည်။ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင် အမှတ် (၁) နှင့် ဆိုင်အမှတ် (၂) မှ ဝန်ထမ်းများသည်လည်း ရိုသေလေးစားစွာဖြင့် ကျေးဇူးရှင် အထက်လူကြီးများအား စုပေါင်းကာ သီတင်းကျွတ် ဂါရဝပြုကန်တော့ခဲ့ပါသည်။ ကျေးဇူးရှင် အထက်လူကြီးများမှလည်း ဩဝါဒ စကားများ၊ ဆုတောင်းမေတ္တာများ ပြန်လည်ပို့သကာ ပျော်ရွှင်စရာ သီတင်းကျွတ်အချိန်အခါလေးကို ဖြတ်သန်းခဲ့ပါသည်။ မိတ်ဟောင်းမိတ်သစ် Customers များအားလုံးလည်း ယခုကျရောက်သော သီတင်းကျွတ်အခါသမယမှ စတင်၍ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများ၊ လိုအင်ဆန္ဒ ပြည့်ဝခြင်းများအပြင် ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။