ဆောင်းပါး

နှစ်ပေါင်း ၉၀၀ သက်တမ်းရှိ ရွှေဒင်္ဂါးတွေ၏ အမှောင်လောကက ရာဇာဝင်ရိုင်း

U HTON GOIN

နှစ်ပေါင်း ၉၀၀ သက်တမ်းရှိ ရှေးဟောင်းရွှေဒင်္ဂါးတွေကို တူးဖော်တွေ့ရှိရတယ်လို့ သိရပါတယ်။ အာရှတိုက်အနောက်ပိုင်းမှာ ရှိတဲ့ အစ္စရေးနိုင်ငံအတွင်း တွေ့ရှိခဲ့တာဖြစ်ပြီး ရှားပါးတဲ့ ရွှေဒင်္ဂါးတွေ ဖြစ်ပါတယ်။

တူးဖော်တွေ့ရှိရတဲ့ နေရာကတော့ အစ္စရေးနိုင်ငံမြောက်ပိုင်း၊ ကာဆာရီယာမြို့မှာရှိတဲ့ ရှေးဟောင်းမြေထဲပင်လယ်ဆိပ်ကမ်းအနီးမှာဖြစ်ပါတယ်။ ကရူးဆိုတ်စစ်ပွဲကာလအတွင်းထဲက တည်ရှိခဲ့တယ်လို့ ခန့်မှန်းရပြီး နှစ်ပေါင်း ၉၀၀ လောက်သက်တမ်းရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အစ္စရေးအစိုးရ၊ ရှေးဟောင်းထိန်းသိမ်းရေးဆိုင်ရာဌာနကတော့ ဒီရွှေဒင်္ဂါးတွေကို တနင်္လာ နေ့မှာ တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီး ကြေးအိုးငယ်တစ်ခုအတွင်း ရွှေဒင်္ဂါး ၂၅ ခုနဲ့ နားဆွဲ တွေကို တွေ့ရှိခဲ့ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အစ္စရေး အာဏာပိုင်တွေရဲ့ အဆိုအရ ဆိပ်ကမ်း အနီးမှာရှိတဲ့ အိမ်တစ်လုံးအတွင်းက ရေတွင်းထဲမှာ တွေ့ရတယ်လို့ ဆိုပါတယ်။ ရေတွင်း ထဲမှာ ကျောက်တုံး ၂ တုံးကို တွေ့ရပြီး အဲဒီ ကျောက်တုံး ၂ ခု ကြားမှာ ရွှေဒင်္ဂါးတွေထည့် ထားတဲ့ ကြေးအိုးကို တွေ့ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တွေ့ရှိရချက်တွေကို ပြန်လည်တွက်ကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀ အက်ဘ်ဘာဆစ်ဒ် စော်ဘွားနဲ့ ဖာတီမစ်ဒ်စော်ဘွား တို့ လက်ထက်အတွင်း တည်ရှိခဲ့တာဖြစ်မယ်လို့ ဆိုကြပါတယ်။

အစ္စရေး ရှေးဟောင်းထိန်းသိမ်းရေးဆိုင်ရာဌာန ( IAA ) ရဲ့ တူးဖော်ရေးပညာရှင်တွေကတော့ လျှို့ဝှက်ထားရှိထားတဲ့ ဒီရွှေဒင်္ဂါးပြားတွေဟာ ၁၁ ရာစုကုန်ပိုင်း လောက်တည်း က ရှိခဲ့ဟန်တူတယ်လို့ ဆိုကြပါတယ်။ အစ္စရေး ရှေးဟောင်းထိန်းသိမ်းရေးဌာနရဲ့ ထုတ်ပြန်ချက်မှာလည်း ဒီ ရတနာရွှေဒင်္ဂါးတွေဟာ ကရူးဆိုတ်စစ်ပွဲနဲ့ ဆက်စပ်နေလိမ့်မယ်လို့ ဆိုခဲ့ပြီး ကာဆာရီယာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ကရူးဆိုတ်စစ်ပွဲက ၁၁၀၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

သဘာဝကျတဲ့လက်ခံထားမှုတစ်ခုကတော့ဒီရွှေဒင်္ဂါးတွေကိုပိုင်ဆိုင်သူမိသားစုဟာစစ်ပွဲအတွင်းအစုလိုက်အပြုံလိုက်အသတ်ခံရမှုထဲမှပါဝင်သွားလိမ့်မယ်လို့ ယူဆထားပြီး ဒါမှမဟုတ်ရင် အဲဒီဒေသမှာရှိတဲ့ ကျွန်တွေကို ရောင်းချခဲ့သူတွေ ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ အစ္စရေးရှေး ဟောင်း ထိန်းသိမ်း ရေးဆိုင်ရာဌာနရဲ့ ဒင်္ဂါးဆိုင်ရာကျွမ်းကျင်သူ ရောဘတ်ကိုးလ်ကတော့ ဒီရွှေဒင်္ဂါး တစ်ပြား ဒါမှမဟုတ် နှစ်ပြားရဲ့ တန်ဖိုးဟာ အဲဒီခေတ်အခါက သာမန်လယ်သမားတစ်ဦးရဲ့ တစ်နှစ်လ စာနဲ့ ညီမျှတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် စီးပွားရေးဆိုင်ရာ လုပ် ငန်းတစ်ခုခုမှာ ပါဝင်ဖို့ ခေတ္တသိမ်းဆည်းထားခဲ့တယ်လို့ ဆိုနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ အစ္စရေး နိုင်ငံမှာ ရှိတဲ့ ကာဆာရီယာမြို့ကို ဘီစီ ၁ ရာစုမှာ ဘုရင် ဟဲရော့ဒ်က စတင်တည်ထောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ ရိုမန်အင်ပါယာရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။