ပရဟိတ ကောင်းမှုပြုခြင်း, လူမှုပတ်ဝန်းကျင်အကျိုးပြုလုပ်ဆောင်ချက်

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် သာသနာ့ရိပ်သာရပ်ကွက် သီရိမင်္ဂလာဓမ္မာရုံကျောင်းတိုက်အတွင်းရှိ ခေမာသီဝံသိမ်တော်ကြီးတွင် ဦးထုံရွှေပန်းထိမ်မိသားစုကောင်းမှု

ခေမာဝံသသိမ်တော်ကြီးအလှူ

ဦးထုံ‌ရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင် မိသားစုမှ ၁၃၈၅ ခုနှစ်တွင် ကျရောက်မည့် မြန်မာ့နှစ်သစ်ကူး အလှူ‌လေးအား ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ် ၊ သာသနာ့ရိပ်သာ ရပ်ကွက် ၊ သီရိမင်္ဂလာ မဟာဓမ္မာရုံကျောင်းတိုက်အတွင်းရှိ ခေမာသီဝံသိမ်တော်ကြီးတွင် လှူဖွယ် ဝတ္ထုငွေ ၂၀၀,၀၀၀ ကျပ် ကို သဒ္ဒါတရားထက်သန်စွာဖြင့် သာသနာ့အကျိုး သယ်ပိုးလှူဒါန်းခဲ့ပါသည်။ မြန်မာတို့၏ အထွဋ်အမြတ်ထားရာ ဘာသာရေး ၊ သာသနာရေး အတွက် ရက်ရောစွာ အလှူဒါနပြုသည်မှာ ကြည်ညိုဖွယ် ကောင်းလှပါသည်။

ပါဠိစကားလုံး “သီမာ” မှ ဆင်းသက်လာသည့် “သိမ်” သည် သံဃာတော်များ ရဟန်းခံခြင်း ၊ ဥပုသ်စောင့်ခြင်း၊ ပဝါရဏာပြုခြင်း၊ ကထိန်သင်္ကန်းပေးခြင်းများ စွမ်းဆောင်နိုင်သည့် တစ်ခုတည်းသော မြင့်မြတ်သည့် နေရာနယ်ပယ်တစ်ခုဖြစ်ပါသည်။ ထိုသို့ သာသနာတော် ရေရှည်တည်တံ့စေရန် အဓိကရေသောက်မြစ်ဖြစ်သည့် သိမ်တော်ကြီးအတွက် အလှူဒါနပြုလုပ်နိုင်ခြင်းသည် သာသနာ့အရေးအတွက် လွန်စွာ ကြည်ညိုအားထားဖွယ်ရာပင် ဖြစ်ပါသည်။

သာသနာ့အရေးအတွက် ပဓာနဖြစ်သော ဗုဒ္ဓမြတ်စွာဘုရား၏ သားတော်များ ဓမ္မရေးအသွယ်သွယ် ပြုလုပ်ကြသည့် မြင့်မြတ်သောနေရာတစ်ခုဖြစ်သည့် ခေမာသီဝံ သိမ်တော်ကြီး၌ အလှူဒါနပြုနိုင်ခြင်းသည် သံဃာ‌တော်များအတွက် များစွာအကျိုးထူးလှပါသည်။ ဤသို့ ပြုလုပ်လှူဒါန်းလိုက်ရသည့် နှစ်သစ် ကုသိုလ်အလှူလေးအား သုံးဆယ့်တစ်ဘုံ၌ ရှိသော လူ၊ နတ်ဗြဟ္မာ အပေါင်း သာဓုအနုမောဓန ခေါ်ဆိုနိုင်ကြပါစေရန် ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မိသားစုမှ မျှဝေပေးလိုက်ပါတယ်ရှင့် ။