ကျောက်မျက်အကြောင်းသိကောင်းစရာ

အစိမ်းရောင်ပုလဲကြီး ဟူသော Fluorite Pearl

Florite Pearl

ခရုကမာကောင် Mollusks မျိုးနွယ်များမှ ထွက်ရှိ ထုတ်လုပ်သော ” ပုလဲ” ရတနာသည် ကံကောင်းခြင်းနှင့် ချမ်းသာခြင်း နိမိတ်လက္ခဏာများကို ဖော်ဆောင်သည့် သဘောတရားရှိသည်ဟု အဆိုစကားများရှိကြပါသည်။ အခွံနှစ်ခုပါသော ခရုကမာ ကောင် အမျိုးပေါင်း ၈၀၀၀ ခန့်ရှိသည့် အနက် အမျိုး (၂၀)ခန့်သာ ပုလဲထွက်ရှိပါသည်။ ကျောက်မျက်ရတနာများထဲမှ ပုလဲရတနာသည် တွင်းထွက်ကျောက်မဟုတ်သည့်အတွက် လူအများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သည်မှာ မလွဲဧကန်ဖြစ်ပါသည်။

ပုလဲချစ်သူမိဘပြည်သူများအတွက် ထူးဆန်းပြီး စိတ်ဝင်စားဖွယ်ကောင်းသည့် အစိမ်းအရောင်အသွေးရှိသော စံချိန်တင် Fluorite Pearl လိုနာမည်ကြီးသည့် ပုလဲကြီးအကြောင်းကို အားလုံးအတွက်ဗဟုသုတရရှိစေဖို့ မျှဝေပေးလိုက်ပါသည်။ ယွမ် ၂.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၃၁ သန်း) တန် ၆ တန်ရှိ Fluorite Pearl ပုလဲကို တရုတ်နိုင်ငံ မြောက်ပိုင်း မွန်ဂိုလီးယားတွင် ရှာဖွေတွေ့ရှိခဲ့ပြီး Hainan ပြည်နယ် တောင်ပိုင်း Wenchang မြို့၌ လူသိရှင်ကြား ပြသခဲ့ပါသည်။ ၎င်းကို အဓိကအားဖြင့် ဖလိုရိုက်ဓာတ်သတ္တုဖြင့် ဖွဲ့စည်းထားပြီး အမှောင်ထုအတွင်း ကြည်လင်တောက်ပသော သလင်းဓာတ်ရောင်ခြည်ကို ထုတ်လွှတ်ပါသည်။ အကြီးဆုံး တောက်ပသောပုလဲအတွက် ကမ္ဘာ့စံချိန်သစ်တင်ခဲ့ပါသည်။

အလေးချိန် ခြောက်တန်နှင့် အရပ် 5 ပေ ရှိသော ဤတောက်ပသောပုလဲသည် ရုပ်ပိုင်းဆိုင်ရာအရ ပြောဆိုရန် ခက်ခဲနိုင်သော်လည်း ပေါင် 88 သန်းတန်သော စျေးနှုန်းဖြင့်ပင် ဝယ်ယူသူကို ရှာရန် အလွန်ခက်ခဲမည်မဟုတ်ပေ။ ဖလိုရိုက်ဓာတ်အများစုဖြင့် ဖွဲ့စည်းထားသည့် ကျောက်သည် အမှောင်ထဲတွင် စိမ်းလန်းတောက်ပနေပြီး တရုတ်နိုင်ငံရှိ စိန်များထက် ပို၍တန်ဖိုးကြီးပါသည်။ ၎င်းကိုတရုတ်နိုင်ငံအတွင်း မွန်ဂိုလီးယားဒေသတွင် တူးဖော်တွေ့ရှိခဲ့ပြီး ကျောက်မျက်အစိမ်းကို ပုလဲပုံသဏ္ဍာန်အထိ ကြိတ်ခွဲရန် သုံးနှစ်ကြာခဲ့ပါသည်။ ဝယ်သူများကို ဆွဲဆောင်ရန်နှင့် ကမ္ဘာ့စံချိန်တင် လေလံဆွဲရန်အတွက် တိုင်းတာမှုများ ပြုလုပ်ရန် တရုတ်နိုင်ငံ တောင်ပိုင်း Hainan တွင် ပြသခဲ့သည်။ ထိုသို့ပြသရာတွင် အံ့သြမှင်သက်စရာကောင်းဖွယ် အမှောင်ထဲမှာ စိမ်းပြာရောင် တောက်ပစေပါတယ်’’ ဟု ပွဲစီစဉ်သူတစ်ဦးက မှတ်ချက်ပြုခဲ့ပါသည်။

Fluorite မှ ပေးစွမ်းနိုင်သော အံ့သြဖွယ်ကောင်းသည့် အရောင်များကြောင့် လူသိများစိတ်ဝင်စားကြပါသည်။ ၎င်း၏ထူးခြားသောဂုဏ်သတ္တိများသည် အလင်းရောင်ထုတ်လွှတ်သောအခါ Fluorescence ၏ဝိသေသလက္ခဏာကို ပေးစွမ်းနိုင်သည့်အတွက် ဖလိုရိုက်ပုလဲကြီး ဟုအမည်ပေးခြင်းဖြစ်ပါသည်။ ဖလိုရိုက်သည် အမှောင်ထဲတွင် တောက်ပနေသောကြောင့် ၎င်း၏ဖွဲစည်းပုံတွင် သတ္တုအညစ်အကြေးများနှင့် လေထုမှ ရောင်ခြည်များ အချိန်ကြာလာသည်နှင့်အမျှ ထိတွေ့ခြင်းကြောင့်ဟု သိပ္ပံပညာရှင်များက ယုံကြည်ကြသည်။ အစိမ်းရောင်သည် အခြားအရောင်များထက် အနည်းငယ် ရှားပါးပြီး မန်းဂနိစ်ကဲ့့သော ရှားပါးမြေကြီးအိုင်းယွန်းများ ပါဝင်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ပညာရှင်များက မှတ်ချက်ပြုကြပါသည် ။