ကျောက်မျက်အကြောင်းသိကောင်းစရာ

ကမ္ဘာ့အကြီးဆုံး မြကျောက်များအကြောင်း

theworldslargestemerald

ကျောက်မျက်ရတနာများကို ချစ်မြတ်နိုးသည့် ကျောက်မျက်ချစ်သူများနှင့် ကျောက်မျက်များအကြောင်း စိတ်ဝင်စားသူများအတွက် ရည်ရွယ်ပြီး ကမ္ဘာ့အကြီးဆုံး မြကျောက်များ၏ အကြောင်းအရာအချက်အလက်များကို မျှဝေဖော်ပြပေးလိုက်ပါသည်။

2018 ခုနှစ်တွင် တွေ့ရှိခဲ့သော Inkalamu မြကျောက်သည် 5,655 ကာရက် (1.131 ကီလိုဂရမ် / 2 ပေါင်နှင့် 7.89 အောင်စ) သိပ်သည်းဆရှိပါသည်။ Zambian Bemba ဘာသာစကားတွင် “ခြင်္သေ့” ဟု အမည်ရပြီး ဇမ်ဘီယာအစိုးရ၏ စက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်းနှင့် ပူးပေါင်း၍ Gemfields ပိုင်ဆိုင်သော မြတွင်းတစ်ခုဖြစ်သည့် Kagem တွင် ဤကြီးမားလှသော ကျောက်မျက်ရတနာကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ Gemfields ဆိုသူသည် ရောင်စုံကျောက်မျက်ရတနာများကို ဦးဆောင်တူးဖော်သူဖြစ်ပြီး ဇမ်ဘီယာမှ မြနှင့် မိုဇမ်ဘစ်မှ ပတ္တမြားများကို အထူးပြုတူးဖော်ပါသည်။

Bemba ဘာသာစကားတွင် ‘ဆင်’ ဟု အဓိပ္ပာယ်ရသော Insofu ဟုခေါ်တွင်သော မြကျောက်ကြီးကို ဇမ်ဘီယာဒေသရှိ Kagem တွင် တူးဖော်တွေ့ရှိခဲ့ပါသည်။ Insofu မြကျောက်ကို 2010 ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်ဖြစ်ပြီး နူးညံ့သိမ်မွေ့သောအသွင်အပြင်ရှိ၍ အတွေ့အကြုံရှိသော ကျောက်ဖြတ်ပညာရှင်များအတွက်ပင် ထွင်းထုရန် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်မည်ဖြစ်သည်ဟု မှတ်ချက်များရှိခဲ့ပါသည်။ Insofu မြကျောက်သည် 6,225 ကာရက် (1.245 ကီလိုဂရမ် / 2 ပေါင်နှင့် 11.92 အောင်စ) အလေးချိန်သိပ်သည်းမှုရှိပါသည်။

ဇမ်ဘီယာတွင် တူးဖော်တွေ့ရှိခဲ့သည့် ကမ္ဘာ့အကြီးဆုံးမြသည် အလေးချိန်သိပ်သည်းဆအားဖြင့် ထူးခြားစွာ 7,525 ကာရက် (1.505 ကီလိုဂရမ် / 3 ပေါင်နှင့် 5.09 အောင်စ) ရှိပါသည်။ အဆိုပါ မြကျောက်ကို ဘူမိဗေဒပညာရှင် Manas Banerjee နှင့် Richard Kapeta နှင့် ၎င်းတို့၏အဖွဲ့သည် ဇမ်ဘီယာနိုင်ငံ ကော့ပါးဘယ်ပြည်နယ်တွင်ရှိသော Kagem မိုင်းတွင်း၌ 2021 ခုနှစ် ဇူလိုင်လတွင် ပထမဆုံးရှာဖွေတွေ့ရှိခဲ့ပါသည်။ ဇမ်ဘီယာနိုင်ငံ Bemba လူမျိုးများ၏ ဒေသန္တရဘာသာစကားဖြင့် “ကြံ့” ဟု အဓိပ္ပာယ်ရသော ဧရာမကျောက်မျက်ကို Chipembele ဟုခေါ်သည်။ မြ‌ကျောက်ကြီး၏ ထိပ်တွင် ထင်ရှားသော “ဦးချို” ကိုရည်ညွှန်း၍ အဆိုပါကျောက်မျက်ကို Chipembele ဟုခေါ်ပါသည်။ “Chipembele သည် ပြီးပြည့်စုံသော အခြေအနေအောက်တွင် ဖွဲ့စည်းထားသော Chipembele သည် ဒြပ်စင်များ၏ ပေါင်းစပ်မှုကို ဖန်သားမျက်နှာပြင်များဖြင့် ကြီးမားပြီး ထူးခြားသော ဆဋ္ဌဂံပုံသဏ္ဍန်ပုံဆောင်ခဲများအဖြစ်သို့ ပြောင်းလဲနိုင်စေသည်” ဟု မှတ်ချက်များရှိပါသည်။

Eshed – Gemstar (Israel) သည် သဘာဝစိန်နှင့်မြများ ထုတ်လုပ်၊ ရောင်းဝယ်ဖောက်ကားပြီး စျေးကွက်ချဲ့ထွင်သည့် နိုင်ငံတကာ ပေးသွင်းသူဖြစ်ပြီး Chipembele ကို Gemfields ၏ အရည်အသွေးမြင့် မြလေလံပွဲတွင် 2021 ခုနှစ် နိုဝင်ဘာလတွင် ဝယ်ယူခဲ့သည်။ ရောင်းရငွေ၏တစ်စိတ်တစ်ပိုင်းကို ဇမ်ဘီယာရှိ North Luangwa ထိန်းသိမ်းရေးအစီအစဉ်သို့ လှူဒါန်းခဲ့ပြီး အထောက်အကူ ဖြစ်စေခဲ့ပါသည်။ ထို့အပြင် Eshed – Gemstar၏ အဆိုပါ ဧရာမကျောက်မျက်သည် စံချိန်ချိုးနိုင်ခဲ့ပြီး 2022 ခုနှစ် ဧပြီလ 22 ရက်နေ့တွင် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းကို အတည်ပြုခဲ့သည်။ ဤမှတ်တမ်းအရ ၎င်းမြသည် သဘာဝကျောက်မျက်ရတနာဖြစ်ပြီး ပြုပြင်မွမ်းမံထားခြင်းမရှိသော ကျောက်မျက်ဖြစ်ကြောင်းသိသာနိုင်သည်။ ထို့အပြင် ယင်းတွင် ဓာတုဗေဒခွဲခြမ်းစိတ်ဖြာမှုနှင့် ပါဝင်မှု တူညီမှု၊ ပုံသဏ္ဍာန်၊ အတိုင်းအတာနှင့် ဒြပ်ထုတို့ကို အသေးစိတ်ဖော်ပြသည့် Gemological Institute of America (GIA) ဓာတ်ခွဲခန်း အစီရင်ခံစာတွင်လည်း ပြည်စုံစွာဖော်ပြထားသည့် ကမ္ဘာအကြီးဆုံး မြကျောက်အဖြစ်သက်သေခံနိုင်ပါသည်။

ကမ္ဘာပေါ်တွင် အကြီးဆုံးမြကျောက်များအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ မြကျောက်များနှင့်ပတ်သက်တဲ့ ထူးခြားစွာ ရှာ‌ဖွေတွေ့ရှိချက်များနှင့် အကြောင်းအရာလေးများကို ကျောက်ချစ်သူများအတွက် ဗဟုသုတရရှိစေရန် ရည်ရွယ်မျှ‌ဝေပေးလိုက်ပါသည်။