လူမှုပတ်ဝန်းကျင်အကျိုးပြုလုပ်ဆောင်ချက်

တိပိဋကကျောင်းတော်ကြီး နေ့ဆွမ်းအလှူတော်

တိပိဋကကျောင်း ဆွမ်းကပ်အလှူ

မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်မှကြီးမှူးပြီး ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်ကြီး၏ မိသားစုများမှပူးပေါင်းကာ ကုသိုလ်အလှူဒါနပါဝင်၍ တိပိဋကကျောင်းတော်ကြီးတွင် စာအောင်သံဃာတော်များအား နေ့ဆွမ်းအလှူတော်ကို မွန်မြတ်သောစိတ်ထားဖြင့် သဒ္ဒါတရားထက်သန်စွာ လှူဒါန်းခဲ့ပါသည်။
နေ့ဆွမ်းဆက်ကပ်လှူဒါန်းရာတွင် သံဃာတော်များအတွက် ဆွမ်း၊ ဟင်း၊ ခဲဖွယ်၊ ဘောဇဉ်ချိုချဉ်အရသာ ပြည့်စုံစွာဖြင့် သုံးဆောင်နိုင်ရန်အတွက် လှူဒါန်းခဲ့သည့်အပြင် သံဃာတော်များအတွက် နဝကမ္မ လှူဖွယ်ဝတ္ထုငွေ အစုစုတို့ကို မွန်မြတ်သောစိတ်ထားဖြင့် ဆက်ကပ်ပူဇော်ခဲ့ပါသည်။
ထိုသို့ပြုရ ကုသိုလ်ကောင်းမှုအစုစုတို့ကို မိဘပြည်သူများနှင့် ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်တွင် ဝယ်ယူအားပေးကြသော မိတ်ဟောင်းမိတ်သစ် Customers များအားလုံး ဝမ်းမြောက်ဝမ်းသာ သာဓုအကြိမ်ကြိမ်ခေါ်ဆိုနိုင်ကြပါစေ။ ကျေးဇူးရှင်မိဘပြည်သူအပေါင်း ဘေးဘယအပေါင်းတို့မှဝေးပြီး လိုအင်ဆန္ဒများလည်း ပြည့်စုံနိုင်ပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။