Press Release

U Hton Goldsmith & Hi Hi Purified Water Partnership

Press Release UHHiHi 02

Hi Hi Purified Drinking Water သည် ၂၀၀၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ်တွင် အဓိကထား ဖြန့်ချီလျက်ရှိသော မြန်မာနိုင်ငံ၏ FDA ရရှိထားသည့် သန့်စင်သော သောက်သုံးရေ လုပ်ငန်းတစ်ခု ဖြစ်ပြီး ယခုအခါတွင် မြန်မာနိုင်ငံ၏နေရာအနှံ့အပြားတွင် လက်လီ၊လက်ကား ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိပါသည်။ ရာစုနှစ်များစွာတိုင်အောင်မြင်စွာ ရပ်တည်လုပ်ကိုင်လျက်ရှိပြီး ဝန်ထမ်း များအတွက်လည်း ပညာရေးဆိုင်ရာအခွင့်အလမ်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများကို အမြဲဆောင်ရွက် ပေးနေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ရေသန့်စက် တည်ထောင်ခဲ့ခြင်း ကြောင့်လည်း ကျောက်တန်းမြို့၏မြို့ပြဖွံဖြိုးတိုးတက်မှုတွင်လည်း များစွာ အထောက်အကူပြုခဲ့ပါသည်။ ကျောက်တန်းမြို့နယ်တွင် အဓိကထား ဖြန့်ချီရောင်းချပြီး သန်လျင်၊ သုံးခွ စသည့်နေရာအနှံ့အပြားတွင်လည်း ရရှိနိုင်ပါသည်။ ရရှိနိုင်သော ဘူးအမျိုးအစားများမှာ 0.6 L, 1 L, 10 L စသည်တို့ဖြစ်ပါသည်။ ယခုအခါတွင်ဦးထုံရွှေဆိုင်နှင့်ပူးပေါင်းကာ ဦးထုံရွှေဆိုင်သို့ လာရောက်ဝယ်ယူကြသော Customersများအတွက် ရေကုသိုလ်ဒါနပြုလုပ်ခြင်း၊ ကျောက်တန်း မြို့နယ် ရေလယ်ဘုရားနှင့်ကျိုက်ခေါက်ဘုရားတို့တွင် ရေကုသိုလ်အဖြစ် အလှူဒါနများကို အမြဲတစေ ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ FDA ရရှိထားသော Hi Hi Purified Water သည် အိုဇုံး၊ခရမ်းလွန် ရောင်ခြည်စနစ်များမှ ကာကွယ်ပေးထားခြင်းအပြင် ရေသန့်စင်ခြင်း နည်းစနစ်ခုနှစ်ခုဖြင့် ပြုပြင် ထုတ်လုပ်ထားကာ ရေသန့်စင်သည့် နည်းစနစ်များကို ထူးကဲသာလွန်စွာဖြင့်ရေဖြည့်သွင်းခြင်းများ၊ ရေသန့်စင်ခြင်းနည်းလမ်းများတွင် အဓိကထား၍ပြုလုပ်ထားပါသည်။ Hi Hi ရေသန့်ဘူးခွံများပေါ်တွင် အကာကွယ် စည်းတံဆိပ်များနှင့် ကန့်သတ်ရက်စွဲ(Expire Date) များကို ရေဘူးများပေါ်တွင် ထည့်သွင်းဖော်ပြထားသောကြောင့် အရည်အသွေးပြည့်မှီစွာ ထုတ်လုပ်ထားသည့် သောက်ရေသန့် ဖြစ်ပါသည်။ အရည်အသွေးမှန် အာမခံသည့် ရေသန့်လုပ်ငန်း တစ်ခုပင် ဖြစ်ပါသည်။ လက်လီ လက်ကား ရောင်းချဝယ်ယူလိုသူများအနေဖြင့် အောက်ပါအတိုင်း ဆက်သွယ် စုံစမ်းနိုင်ပါသည်။

အမှတ် 80၊ ဆင်ကန်လမ်း ဆင်ကန်ရပ်ကွက်၊ ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြို့။
Tel: 09 790609641 , 09 792833802