Press Release

U Hton Goldsmith & Jovial Jewelry Partnership

Press Release UHJJ 03 1

ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်သည် 1952 ခုနှစ်မှစတင်၍ ပန်းထိမ်လုပ်ငန်း အဓိကထား လုပ်ကိုင်စေခဲ့ပြီး ပန်းထိမ်သက်တမ်း ၇၀ ဝန်းကျင်နှင့် ဆိုင်လုပ်ငန်း သက်တမ်း ၂၀ ကျော် ရှိသည့် အောင်မြင်နေသောရွှေဆိုင် ဖြစ်ပါသည်။ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်တွင် ရွှေအရည်အသွေးကို စံချိန်မှီရွှေသားနှင့် ပြုလုပ်ထားပြီး ဝယ်သူများ စိတ်ကျေနပ်မှု ရရှိရန်အတွက် အထည်များကို လက်လီ ၊ လက်ကားရောင်းချပေးခြင်း၊ ကိုယ်ပိုင် ပန်းထိမ် ရှိသည့် အတွက် customers များစိတ်ကြိုက် orders များအပ်နိုင်ကာ အလျော့တွက်လက်ခများမှာ အသက်သာဆုံးဖြစ်အောင် ဆောင်ရွက်ပေးခြင်း၊ ရွှေအရည်အသွေးအလိုက် ခိုင်ခန့်မှုရှိအောင်ပြုလုပ်ပေးခြင်း အစရှိသောဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ ယခုအခါတွင် ဦးထုံ ရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်သည် မြန်မာမှု၊ မြန်မာ့လက်ရာ ကျောက်မျက်ရတနာ ရွှေထည်၊ စိန်ထည် ပစ္စည်းများအား အရည်အသွေးပြည့်မှီ ရောင်းချပေးသော Jovial Jewelry နှင့်ပူးပေါင်းကာ နည်းစနစ်အသစ် တစ်ခုဖြင့် ပိုကောင်းသော အရောင်းအဝယ်၊ အာမခံချက်ရှိသောတာဝန်ယူမှုအပြည့်၊ ပုံမှန်ထက်ပိုသော ဝန်ဆောင်မှု အပြည့်ဖြင့် customers များအတွက် အကောင်းမွန်ဆုံးနှင့် စိတ်ကျေနပ်မှု ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်ဘက်မှလည်း Jovial Jewelry နှင့်ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ရခြင်းကြောင့် အထည်ပစ္စည်း ဒီဇိုင်းအသစ်များ ထုတ်လုပ်ပေးနိုင်သည့်အပြင် ပန်းထိမ်သမားတို့အတွက် အထည်အသစ်များ အပ်နှံပေးနိုင်ခြင်းကြောင့် အလွန်ပင် ဝမ်းသာ ဂုဏ်ယူမိပါသည်။

Jovial Jewelry မှ ဒီဇိုင်ဆန်းသစ်လှပသော အထည်ပစ္စည်းများကို တဆင့်ပြန်လည်ရောင်းချလိုသူများ၊ တနိုင်တပိုင် စီးပွားရေးချဲ့ထွင်လိုသူများ၊ ကိုယ်ပိုင် Band တည်ထောင်လိုသူများ၊ ကိုယ်ပိုင်ဒီဇိုင်းများနှင့် ဆိုင်လုပ်ငန်းများအတွက် ပန်းထိမ်ပစ္စည်းအများအပြား အပ်နှံလိုသူများအတွက် လက်လီလက်ကား ရောင်းချပေးလျက်ရှိပါသည်။ လက်ကားဝယ်ယူလိုသော Partners များအတွက် အထည်ဝယ်ယူမှုပေါ်မူတည်၍ ရာခိုင်နှုန်းသင့်တင့်မျှတစွာဖြင့် ရောင်းချပေးပါသည်။ ထို့အပြင် ပြည်ပနိုင်ငံများပါမကျန် ရောင်းချလိုသူများအတွက် အဆင်ပြေစေရန် ဦးထုံရွှေဆိုင်နှင့်ပူးပေါင်း၍ ပေးပို့ဆောင်ရွက်လျက် ရှိနေပါသည်။ သတ်မှတ်ထားသည့် နှုန်းထားပမာဏ ပြည့်မှီသော Partner များအတွက်လည်း Gift Package များ၊ Marketing Plan Package များ၊ Consultation Plan များ စသည့် အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများဆောင်ရွက်ပေးနေပါသည်။

Jovial Jewelry မှ အထည်ပစ္စည်းများကို စိတ်ဝင်စား၍ ပြန်လည်ရောင်းချချင်သူများအနေဖြင့် အောက်ပါအတိုင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။