ပရဟိတ ကောင်းမှုပြုခြင်း

ဦးထုံရွှေဆိုင်မိသားစုနှင့် ဝန်ထမ်းများ ကထိန်သင်္ကန်းကပ်အလှူ

တန်ဆောင်မုန်းလပြည့် ကထိန်သင်္ကန်းကပ်အလှူ

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့ အခါသမယတွင် ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်၏ မိသားစုများနှင့် ဝန်ထမ်းများ သည် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်တွင်ရှိ သရက်တောကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်တော်မူသော သံဃာတော် အရှင်သူမြတ်တို့အား သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အပြင် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ဝတ္ထုငွေများ အစရှိသည့် လှူဒါန်းဖွယ်ရာ အစုံစုံကို မြတ်စွာဘုရား အမှူးတည်းသော အနန္တေ အနတ္တ ငါးပါးတို့ကို ဦးထိပ်ပန် ဆင်၍ နိဗ္ဗာန်ကို အကျိုးမျှော်၍ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထိုကဲ့သို့ အလှူရေစက် လက်နှင့်မကွား လှူဒါန်းနိုင်ခြင်းမှာလည်း ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်တွင် အစဉ်အမြဲ အားပေးလျက်ရှိသော မိတ်ဟောင်းမိတ်သစ် Customer များကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် လှူဒါန်းခဲ့သော ကောင်းမှု ကုသိုလ် အစုစုအား ဦးထုံရွှေဆိုင်၏ မိတ်ဟောင်းမိတ်သစ် Customer များသိရှိစေရန်နှင့် မိဘပြည်သူ ပြည်သားများ သိရှိပြီး ဝမ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် မျှဝေ တင်ဆက်ပေးလိုက်ပါသည်။

နတ်လူသာဓု ခေါ်စေသော် . . .