ကျောက်မျက်အကြောင်းသိကောင်းစရာ

ကျောက်မျက်ရတနာများ၏ ထူးခြားသော အစွမ်းသတ္တိများ

uniquepowerofgemstones

ကျောက်မျက်ရတနာများကို ရွေးချယ်ဝတ်ဆင်ခြင်းသည် လှပသော ဖက်ရှင်တစ်ခုအနေနှင့်သာမက အခြားသော ဘယ်လိုအကြောင်းအရာများကြောင့် တန်ဖိုးထားပြီး ဝတ်ဆင်ကြလဲဆိုသည့် အကြောင်းအရာလေးကို မိဘပြည်သူများအတွက် ဗဟုသုတရရှိစေရန် မျှဝေပေးလိုက်ပါသည်။

လွန်ခဲ့သော ထောင်စုနှစ်များစွာကတည်းက ကျောက်မျက်ရတနာများ၏ တန်ဖိုးကို တိကျစွာ သတ်မှတ်နိုင်ခြင်းမရှိခင် ကတည်းကပင် လှပပြီး ဆွဲဆောင်မှုရှိသည့် အနေဖြင့် ဝတ်ဆင်ခဲ့ကြပါသည်။ တောက်ပသည့် အရောင်ရှိသော ကျောက်မျက်ရတနာများသည် လူတိုင်း၏ နှလုံးသားကို လှုပ်ခတ်နိုင်ခဲ့ပြီး မိမိတို့၏ အထွတ် အမြတ်ထားရာ ဆင်းတုတော်များအဖြစ် စတင်ပုံဖော်လာကြပြီး မိမိတို့၏ တန်ဖိုးထားမှုကို ပေါ်လွင်စေပါသည်။ နောက်ပိုင်းတွင် ဘာသာရေးအဆောက်အအုံများ တည်ဆောက်ရာတွင် ထည့်သွင်းအသုံးပြုရန် ပြင်ဆင်လာခဲ့ပြီး ခေတ်မှီသည့် ဖန်တီးမှုများဆီသို့ တဖြည်းဖြည်း တိုးတက်လာစေခဲ့ပါသည်။ ထို့အပြင် မိမိတို့၏ ကိုးကွယ်ယုံကြည်မှုကို အစပြုပြီး အဆောင်လက်ဖွဲ့တစ်ခုအနေနှင့် တိကျသည့် အယူဝါဒ သတ်မှတ်ချက်များ မရှိသည့်တိုင်အောင် လူတစ်ဦးတစ်ယောက်ချင်းစီ၏ ယုံကြည်မှုကို အခြေခံပြီး မိမိတို့၏ လိုအင်ဆန္ဒများအလိုက် ကျောက်မျက်ရတနာများကို ရွေးချယ်ဆောင်လာခဲ့ကြပါသည်။

အများအားဖြင့် ကျောက်မျက်ရတနာအမျိုးမျိုးတွင် ကိုယ်ပိုင် စွမ်းအင်တစ်မျိုးထက်ပို၍ ရှိနိုင်ကြောင်း ကျောက်မျက်ရတနာ သုတေသနပြုသူများက အခိုင်အမာ လက်ခံခဲ့ကြပါသည်။ ပတ္တမြားသည် ဘုန်းတန်ခိုးကြီးမားခြင်း၊ နီလာသည် မေတ္တာတရားကြီးမားခြင်း၊ ခရမ်းစွဲကျောက်သည် ချစ်ခြင်းမေတ္တာကို တိုးပွားစေခြင်း၊ မြကျောက်သည် အေးချမ်းခြင်း၊ သန္တာကျောက်သည် အကြီးအကဲဖြစ်ခြင်း၊ စိန်သည် ဂုဏ်ရောင်ထွန်းပြောင်နိုင်ခြင်း၊ မဟူရာကျောက်သည် စိတ်ပိုင်းဆိုင်ရာကိုမြှင့်တင်ပေးပြီး အာရုံစူးစိုက်မှုကို မြှင့်တင်ပေးခြင်း စသည့် အစွမ်းသတ္တိများစွာရှိပါသည်။ အထူးသဖြင့် ကံကောင်းစေမှု၊ ကျန်းမာရေးကို အထောက်အကူပြုစေမှု၊ စိတ်ဝိညာန်အားကောင်းစေမှု၊ ဘေးရန်အနှောင့်အယှက်များမှ ကာကွယ်ပေးနိုင်မှု စသည့် အခြေခံအချက်များမှစ၍ စန်းပွင့်ခြင်း၊ စိတ်နှလုံးတည်ငြိမ်အေးချမ်းခြင်းနှင့် ဂုဏ်ရှိန်ဝါ တိုးတက်စေခြင်း စသည်တို့အထိ ထူးခြားသော စွမ်းအင်သတ္တိများ ရှိသည်ဟု ယုံကြည်ကြသည်။

ထို့အပြင် ကျောက်မျက်ရတနာများတွင် ကိုယ်နှင့်ထိုက်သော ကိုယ့်အပေါ်ကောင်းကျိုးပေးသည့် ကျောက်မျက်ရတနာများ ရှိသကဲ့သို့ ကိုယ်နှင့်သဟဇာတ မဖြစ်နိုင်သည့် ကျောက်မျက်ရတနာများလည်း ရှိသောကြောင့် မိမိရွေးချယ်မည့် ကျောက်မျက်ရတနာများအကြောင်း သေချာစွာ လေ့လာပြီးမှသော်လည်းကောင်း မိမိနှင့် ကိုက်ညီသည့် နေ့နံအလိုက် သို့မဟုတ် ရာသီခွင်အလိုက် ကျောက်မျက်ရတနာများအကြောင်းကို သေချာ စူးစမ်းလေ့လာပြီးမှသာလျှင် စွမ်းအင်အပြည့်အဝ ရရှိနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ကျောက်မျက်ရတနာများကို ဝယ်ယူရန် ဆုံးဖြတ်သောအခါ ကျောက်အကြောင်း အမှန်တကယ် စိတ်ဝင်စား၍ လေ့လာနေသူများ သို့မဟုတ် ရွှေဆိုင်များမှ အကြံပြုချက်များကို နားထောင်၍ မိမိနှင့်ကိုက်ညီသည့် လက်ဝတ်ရတနာများကို ဖန်တီးနိုင်ရန် အရေးကြီးပါသည်။

ကျောက်မျက်ရတနာများ ဝယ်ယူမည်ဆိုလျှင် ကျောက်စစ်မစစ်အပြင် မိမိအတွက် ပိုမိုအကျိုးရှိပြီး ကိုက်ညီမှုရှိသည့် ကျောက်မျက်ရတနာအမျိုးအစားများကို ရွေးချယ်ဝယ်ယူနိုင်ပါစေရန် ဆန္ဒပြုရင်း ကျောက်မျက်ရတနာများ၏ ထူးခြားသော အစွမ်းသတ္တိများအကြောင်းကို ပိုမိုနားလည်စေရန် ရည်ရွယ်ရင်း တင်ဆက်ပေးလိုက်ပါသည်။