Lifestyle

ချစ်ခြင်းသ‌င်္ကေတ (သို့မဟုတ်) Infinity Sign

valentine's day, infinity sign, u hton goldsmith, myanmar

ဒီတစ်ခါပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ မကြာခင်မှာ ရောက်ရှိတော့မယ့် ချစ်သူများနေ့ Valentine’s Day လေးအတွက် ချစ်ရတဲ့ ချစ်သူတွေအတွက် တန်ဖိုးရှိပြီး ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကို အဓိပ္ပါယ်ဖွင့်‌ဆိုဖို့ စဉ်းစားနေတဲ့သူတွေအတွက် ချစ်ခြင်းသင်္ကေတလေးဖြစ်တဲ့ Infinity Sign လေးအကြောင်း လေ့လာတွေ့ရှိချက် အဓိပ္ပါယ်ဖွင့်ဆိုချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ အထူးသဖြင့် ချစ်သူတွေအတွက် ကိုယ်စားပြုတာလို့ ဆိုကြပေမယ့် ချစ်သူများနေ့အတွက်ကိုပဲ ရည်ရွယ်ဝာာမဟုတ်ဘဲ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကို ပြသတဲ့နေရာမှာ ကိုယ့်ရဲ့ချစ်ရတဲ့မိဘ၊ မိသားစု၊ မောင်နှမတွေနဲ့ အပေါင်းအသင်း၊ မိတ်ဆွေတွေအတွက်လည်း ရည်ညွှန်းပြီး စစ်မှန်တဲ့ချစ်ခြင်းအားလုံးကို ကိုယ်စားပြုပါတယ်။

Infinity ဆိုတဲ့ စကားလုံးဟာ လက်တင်ဘာသာစကား Infinitas မှ ဆင်းသက်လာပြီး လွန်ခဲ့တဲ့ ထောင်စုနှစ်များစွာထဲက ထင်ရှားတဲ့ အမှတ်သ‌င်္ကေတတစ်ခုဖြစ်ပြီး ဂရိလူမျိုးတွေရဲ့ချစ်ခြင်းအတွက် နက္ခတ်အစီအရင်တစ်ခုအဖြစ်ထင်ရှားခဲ့တာလည်းဖြစ်ပါတယ်။

ချစ်ခြင်းမေတ္တာဆိုတာ အဆုံးအစမရှိ နက်ရှိင်းတဲ့ အရာတစ်ခုဖြစ်တာကြောင့် လူတစ်ယောက်အပေါ်မှာ ထားရှိတဲ့ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာအတွက် ဖော်ပြတဲ့နေရာမှာ စကားလုံးတွေနဲ့ ဖော်ကြူးဖို့ရာ လုံလောက်မှု မရှိနိုင်ပါဘူး။ ဒါကြောင့် အချစ်ရဲ့ သ‌င်္ကေတတစ်ခုဖြစ်တဲ့ Infinity Sign လို့ခေါ်တဲ့ အဆုံးအစမဲ့တဲ့ ချစ်ခြင်းဆက်သွယ်မှု ပုံသဏ္ဌာန်လေးကို စံအဖြစ်သတ်မှတ်ပြီး ကိုယ်နဲ့သူရဲ့ကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်တွေကို ဖော်ညွှန်း‌လေ့ ရှိကြပါတယ်။

Infinity Sign လေးရဲ့ သင်္ကေတကတော့ အင်္ဂလိပ်အက္ခရာ ၈ ဂဏန်းပုံသဏ္ဌာန်ရှိပြီး အကန့်အသတ်မရှိ ထာဝရတည်မြဲခြင်း သို့မဟုတ် အဆုံးအစမဲ့ ထာဝရတည်မြဲခြင်းကို ဆိုလိုသည်။ Infinity Sign လေးဟာ ဒီဇိုင်းအားဖြင့် ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတာကြောင့် လူအများစုဟာ Infinity Sign သ‌င်္ကေတကို လက်ဝတ်ရတနာ ဒီဇိုင်းတစ်ခုအနေနဲ့လည်း အသုံးပြုလာကြပြီး လက်ဝတ်ရတနာဖက်ရှင် ဒီဇိုင်းပိုင်းမှာ ခေတ်စားလာတဲ့ အဆင်တန်ဆာတစ်မျိုး ဖြစ်လာပါတယ်။ များသောအားဖြင့် လက်စွပ်အနေနဲ့ အသုံးများပြီး ပိုပြီးဆန်းသစ်တဲ့ ဒီဇိုင်းလေးတွေနဲ့အတူ လက်ကောက်၊ လည်ဆွဲနဲ့ နားကပ်စသည့်ဖြင့် ရွှေ၊ ပလက်တီနမ်နဲ့ Pink Gold တန်ဖိုးရှိသည့် တွင်းထွက်ပစ္စည်းများဖြင့် မိမိတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပြသတဲ့နေရာမှာ အသုံးပြုလာကြပါတယ်။
ကိုယ့်ချစ်သူအတွက် ဘာလက်ဆောင်ပေးရမလဲလို့ စဉ်းစားနေတဲ့သူတွေအတွက် အခုပြောပြပေးလိုက်တဲ့ Infinity Sign လေးကို အသုံးချပြီး ပြည့်စုံတဲ့ ချစ်ခြင်းမေတ္တာလေးတွေကို ပြသကြရအောင်နော်။