ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ဆိုသည့်အတိုင်း လူသားများအတွက် လျစ်လျူရှုထား၍မရသည့် အရေးကြီးသော အခန်းကဏ္ဍလေးဖြစ်သည့်အတွက် 2020 ကာလမှာစတင်ပေါ်ပေါက်ခဲ့ပြီး ယခုအချိန်ထိ နိုင်ငံတကာမှာ တစ်ကြော့ပြန် မျိုးကွဲပေါင်းများစွာဖြင့် ပြန့်ပွားနေသည့် ကိုဗစ်မျိုးစိတ်ကွဲတစ်ရပ်ဖြစ်သော Arcturus virus အကြောင်းကို မျှဝေဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ (WHO) သည် အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါကူးစက်မှုအသစ်များ မြင့်တက်လာစေသည့် Omicron အမျိုးအစားသစ်ကို ဂရုတစိုက်စောင့်ကြည့်နေတာကြောင့် ၎င်းကိုXBB.1.16 – “Arcturus” ဟုလည်းလူသိများပြီး ထိုvirus မျိုးစိတ်ကို မတ်လ 27 ရက်နေ့အထိ နိုင်ငံပေါင်း 21 နိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့ကြပါသည်။
တိုကျိုတက္ကသိုလ်မှ သိပ္ပံပညာရှင်များက ၎င်းသည် နောက်ဆုံးအဓိက omicron မျိုးကွဲ Kraken ထက် 1.17 မှ 1.27 ဆ ပိုမိုကူးစက်နိုင်သည်ဟု အဆိုပြုထားသောကြောင့် ၎င်းသည် နောက်ထပ်လွှမ်းမိုးနိုင်သောမျိုးကွဲဖြစ်လာဖွယ်ရှိပါသည်။ XBB.1.16 သည် ပိုမိုကူးစက်နိုင်ကာ ကိုယ်ခံစွမ်းအားများကို လျော့ကျစေနိုင်သောကြောင့် ၎င်းသည် လာမည့်လများတွင် လွှမ်းမိုးနိုင်လိမ့်မည်ဟု ခန့်မှန်းထားကြပါသည်။
Arcturus က ပိုအန္တရာယ်များသလား။
ဇန်နဝါရီလတွင် စတင်တွေ့ရှိခဲ့သည့် အာကျူရပ်စ်သည် ယခင် COVID-19 အမျိုးအစားများထက် ပိုမိုပြင်းထန်ပုံမရပါ။ တစ်နည်းဆိုရသော် Arcturus သည် ယခင်မျိုးကွဲများထက် ပိုမိုကူးစက်နိုင်ပုံရပြီး ကျွန်ုပ်တို့၏ခုခံအားစွမ်းအားအပေါ် များစွာလွှမ်းမိုးနိုင်ရန် အလားအလာမရှိဟု ကျန်းမာရေးပညာရှင်များက ဆိုစမှတ်ပြုကြပါသည်။ ဖေဖော်ဝါရီလတွင် WHO သည် ၎င်း၏မျိုးရိုးဗီဇလက္ခဏာများနှင့် ရရှိနိုင်သော ကြီးထွားနှုန်းခန့်မှန်းချက်များကို အခြေခံ၍ Arcturus သည် ကမ္ဘာတစ်ဝှမ်းတွင် COVID-19 ဖြစ်ပွားမှု တိုးလာဖွယ်ရှိကြောင်း ဖေဖော်ဝါရီတွင် အကဲဖြတ်ခဲ့ကြပါသည်။ အိန္ဒိယနိုင်ငံသည် Arcturus ရောဂါဖြစ်ပွားမှု ပိုမိုများပြားစွာ ကြုံတွေ့နေရသည့် နိုင်ငံဖြစ်ပြီး ယင်းသည် ကူးစက်မှု မြင့်တက်လာကာ နိုင်ငံတကာ၏ဆေးရုံများမှ များစွာသတိထားဆောင်ရွက်လျက်ရှိကြပါသည်။
Arcturus ရဲ့လက္ခဏာတွေကဘာတွေလဲ။
ကလေးအထူးကုဆရာဝန်နှင့် Indian Academy of Pediatrics Committee on Immunization Committee ၏အကြီးအကဲဖြစ်သူ ဒေါက်တာ Vipin Vashishtha က Arcturus ၏ရောဂါလက္ခဏာများမှာ ယခင် COVID-19 မျိုးကွဲများထက် မြင့်မားသောဖျားနာခြင်း၊ ချောင်းဆိုးခြင်းနှင့် “ယားယံခြင်း” မျက်မြှေးရောင်ခြင်း၊ ရောင်ရမ်းခြင်းကို ဖြစ်စေသည်။ ယခုအချိန်အထိ ဤရောဂါလက္ခဏာသည် COVID-19 ဝေဒနာရှင်များတွင် ရှားရှားပါးပါး ဖြစ်ပွားမှုတစ်ရပ်ဖြစ်ပါသည်။
ယခုအသစ်ထွက်ရှိထားသော ရောဂါလက္ခဏာများအပြင်၊ Arcturus ရောဂါပိုးများသည် အစောပိုင်း COVID-19 အမျိုးအစားနှင့် ဆင်တူပြီး ချောင်းဆိုးခြင်း၊ လည်ချောင်းကျပ်ခြင်းနှင့် နှာရည်ယိုခြင်းတို့ ပါဝင်ပါသည်။ ပင်ပန်းနွမ်းနယ်ခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ဆီးပိတ်ခြင်းတို့သည် အဖြစ်များသော လက္ခဏာလည်းဖြစ်ပါသည်။
တစ်ကမ္ဘာလုံးတွင် COVID-19 ကူးစက်ခံရသူ အသစ် ၃.၆ သန်းနီးပါးနှင့် သေဆုံးသူ ၂၅,၀၀၀ ကျော်ကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၂၆ ရက်အတွင်း အစီရင်ခံခဲ့ပြီး ယခင် ၂၈ ရက်နှင့် နှိုင်းယှဉ်ပါက ၂၇ ရာခိုင်နှုန်းနှင့် ၃၉ ရာခိုင်နှုန်း အသီးသီး လျော့ကျသွားခဲ့ပါသည်။
စုစုပေါင်းရောဂါဖြစ်ပွားမှုတွင် Arcturus သည်မတ်လ 6 မှ 12 ရက်အထိဖြစ်ပွားမှု 45.1 ရာခိုင်နှုန်းဖြစ်ပြီး ဖေဖော်ဝါရီလတွင် တူညီသောရက်များအတွင်း 35.6 ရာခိုင်နှုန်းမှ မြင့်တက်ခဲ့ပါသည်။