ဆောင်းပါး, ရွှေအကြောင်းသိကောင်းစရာ

၁၅ ပဲရည် ရွှေ ဘာကြောင့်ဝယ်သင့်သလဲ?

Why We should buy 23k gold, u hton, myanmar jewelry

ကဲ . . . ဒီတစ်ခါ တော့ စာရေးသူက ရွှေစုတတ်တဲ့ မိတ်ဆွေများအတွက် သတင်းကောင်းလေးတစ်ခု ပေးချင်ပါ တယ်။ မိတ်ဆွေများက ရွှေစုရတာကို သဘောကျကြတယ် ဟုတ် ။ ရွှေကိုသာ စုထားခဲ့မယ်ဆို ရင် သဘာဝဘေး အန္တရာယ်တွေနဲ့ ကြုံတွေ့လာရတဲ့အခါမျိုးမှာလည်း အလွယ်တကူ ကိုယ်နဲ့တစ်ပါတည်း ယူဆောင်သွား လို့ရတယ်။ နောက်ပြီးတော့ ပိုက်ဆံတွေထက် ယူဆောင်သိမ်းဆည်းရတာ ပိုပြီးလွယ်ကူတယ်နော်။ ၁၆ ပဲရည် အခေါက်အပြင်ကို ၁၅ ပဲရည် အထည်လေးတွေလည်း ဝယ်ဝတ်စု လို့ရပါတယ်။
ကိုယ်က ရွှေကို ခန္ဓာကိုယ်မှာ အလှဆင်ရင်း ရွှေစုချင်တာဆိုရင်တော့ ၁၅ပဲရည် ရွှေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ၁၅ ပဲရည် ရွှေအမျိုးအစားဟာဆိုရင် ၁၆ ပဲရည်ကို ကြေး ၁ပဲ နှင့်ပေါင်းစပ် ပြုလုပ်ထားသောကြောင့် ရွှေသားဟာ အခေါက်ရွှေ ၁၆ ပဲရည်ထက် အနည်းငယ်ပိုမာပြီး အကြမ်းခံတာ ကြောင့် အထိခိုက်နည်းစေပါတယ်။ ဒါကြောင့် ဒီဇိုင်းလှလှလေးတွေ စိတ်ကြိုက်လုပ်ပြီး မိမိကိုယ်မှာ အလှဆင်နိုင်တာပေါ့။ ဒါ့အပြင် ရွှေဈေး တက်လာတဲ့အခါမှာလည်း ငွေပေါ်  ပြီး မြတ်ရတော့ ရွှေဝတ်ရတာ လည်း အဆင်ပြေ ရွှေစုရတာလည်း အဆင်ပြေ အားလုံးအဆင်ပြေပြီပေါ့။ ရွှေချစ်သူများ ရွှေစုရင်း ရွှေလဲတိုး ငွေလည်း တိုးနိုင်ကြပါစေ လို့ စာရေးသူက ဆုတောင်း ပေးလိုက်ပါတယ်နော်။