ပြည်ပသတင်း

အမေရိကန် ရွေးကောက်ပွဲ ကြောင့် ကမ္ဘာရွှေဈေးမြင့်တက်လာနိုင်ချေရှိ

why gold price changes because of america election , u hton goldsmith , myanmar

ဒီနေ့ မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ လက်တလောမှာ ကြုံတွေ့နေရတဲ့ ကမ္ဘာ့ရွှေဈေးကွက်အခြေအနေနဲ့ အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲဆက်စပ်နေခြင်းအကြောင်းပဲ ဖြစ်ပါတယ်။
အခုရက်ပိုင်းတွင် တစ်ကမ္ဘာလုံးမှာ အာရုံစိုက်မှု အများဆုံးအကြောင်းအရာလေးကတော့ Covid 19 up to date  သတင်းတွေနဲ့အပြိုင် လက်ရှိမှာ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲအကြောင်းပဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးမှုစတင်ခဲ့တဲ့ အချိန်ကတည်းက ကမ္ဘာပေါ်မှာ
ရှိတဲ့ နိုင်ငံအားလုံးရဲ့အာရုံစိုက်မှုအခံရဆုံး ဖြစ်ခဲ့တာပါ။ ဒါ့အပြင်ရွေးကောက်ပွဲစတင်ဖို့ နီးကပ်နေစဉ်မှာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် Covid 19 ကူးစက်ခံရပြီး ရောဂါပိုးကူးစက်ခံရကြောင်းတရားဝင်ကြေငြာပြီးချိန်မှာတော့ နိုဝင်ဘာ 3 ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲ နှောင့်နှေးမှုများ ဖြစ်လာနိုင်ချေ ရှိမရှိ စသည့် နိုင်ငံရေးအရ
ကောလဟာလများစွာပေါ်ထွက်လာခြင်းကြောင့် အမေရိကန်ဒေါ်လာဈေး မတည်ငြိမ်မှုနဲ့အတူ ရွှေဈေးနှုန်းလည်း
ကျဆင်းလာခဲ့ရပါတယ်။
လွန်ခဲ့တဲ့ ဩဂုတ်လ 7 ရက်နေ့တုန်းကတော့ ကမ္ဘာရွှေဈေးဟာ သမိုင်းတလျှောက် အမြင့်ဆုံးဈေးအဖြစ်
1 အောင်စကို ဒေါ်လာ 2075 အထိ စံချိန်တင် မြင့်တက်ခဲ့ပြီးတဲ့နောက်မှာ 1 အောင်စလျှင် ‌ဒေါ်လာ 1900 ဝန်းကျင် တစ်နည်းအားဖြင့် အမြင့်ဆုံး စံချိန်တင်ဈေး၏ 9% ‌အထိ ကျဆင်းလာခဲ့တာပဲဖြစ်ပါတယ်။
သို့သော် အမေရိကန်ရွေးကောက်ပွဲကို ကျင်းပရန်သတ်မှတ်ထားသည့်ရက်အတိုင်းစတင်ရန် သေချာပြီး‌နောက်မှာတော့ နိုဝင်ဘာ 3 ရက်နေ့မတိုင်မီ 2 ရက်နေ့ကတည်းက ကမ္ဘာ့ရွှေဈေးနှုန်းဟာ 2% ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ကမ္ဘာ့ငွေကြေးဈေးကွက်မှာ အတက်အကျအများဆုံးနဲ့ ပြောင်းလဲမှု အမြန်ဆုံးမှာ အမေရိကန်ဒေါ်လာဈေးနှုန်း
ဖြစ်တာနဲ့အညီ အမေရိကန်ဒေါ်လာဈေး အတက်အကျဟာ ရွှေဈေးကွက်နဲ့ စတော့ရှယ်ယာဈေးကွက်အပေါ် လည်းများစွာသက်ရောက်မှုရှိနေတာကြောင့် လတ်တလောမှာ အမေရိကန်‌နိုင်ငံလက်ရှိသမ္မတ ဒေါ်နယ်ထရမ့်၏ ပြိုင်ဘက် ဂျိုးဘိုင်ဒန်မှ မဲရလဒ်အသာစီးရနေခြင်းကြောင့် အမေရိကန်နိုင်ငံ၏စီးပွားအခြေအနေများပြန်လည်ဦးမော့လာမည်ဟုထင်ကြေးပေး  ဝေဖန်သုံးသပ်မှုများကြောင့် ကမ္ဘာ့ရွှေဈေးကွက်သည်လည်း အကောင်းဘက်သို့ဦးတည်၍
ဈေးနှုန်းများ ပြန်လည်ဦးမော့လာမည့်အရိပ်လက္ခဏာများကို မြင်တွေ့နေရပြီဖြစ်ပါတယ်။
အမေရိကန်နိုင်ငံဟာ စီးပွားရေးအပြောင်းအလဲများစွာကို မျှော်လင့်နေခြင်းက လက်ရှိရွေးကောက်ပွဲရဲ့ သမ္မတနေရာအပြောင်းအလဲပေါ်မှာမူတည်နေပြီး အနိုင်ရသည့်သမ္မတအား ကြေငြာပြီးချိန်မှာတော့ ပို၍တည်ငြိမ်သော ဒေါ်လာဈေးနှင့်အတူ ကမ္ဘာ့ရွှေဈေးကွက်ဟာလည်း အကောင်းဘက်ကို ရောက်ရှိလာမယ့်လိုယူဆရတာကြောင့် အခုချိန်မှာ ရွှေဝယ်ယူစုဆောင်းမှုအခြေအနေများပြန်လည် လှုပ်ခတ်လာနေတာပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့အ‌မေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲအဖြေ အတိအကျကိုစောင့်ရင်း ကမ္ဘာ့ရွှေဈေးကွက်ရဲ့ လတ်တလောအခြေအနေလေးတွေကို ဗဟုသုတရစေဖို့ မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။