ပြည်ပသတင်း

အာဖဂန်နစ္စတန် နိုင်ငံအခြေအနေများနှင့် ပြောင်းလဲလာနိုင်မည့် ကမ္ဘာ့ရွှေဈေး

Afghanistan

တာလီဘန်စစ်သွေးကြွအုပ်စုသည် ဆိုဗစ်ယက်တပ်ဖွဲ့များ အာဖဂန်နစ္စတန်နိုင်ငံမှ ပြန်လည် ထွက်ခွာသွားပြီးတဲ့နောက် နိုင်ငံ့မြောက်ပိုင်း 1990 ပြည့်နှစ် အစောပိုင်းကာလများတွင် ပေါ်ထွက်လာသည့်အဖွဲ့ဖြစ်ပါသည်။

အမျိုးသမီးများအား ညှင်းပမ်းနှိပ်စက်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်း စသည့် နာမည်ဆိုးများဖြင့်
ပြည်တွင်းသာမက ကမ္ဘာအနှံ့ သတင်းပြန့်နှံလျက်ရှိသော အဖွဲ့အစည်းဖြစ်ပါသည်။

အကြမ်းဖက်အဖွဲ့အစည်းတခုဖြစ်သည့် တာလီဘန်များဟာ 1996 နှောင်းပိုင်းကာလများတွင် နိုင်ငံအုပ်စိုးဖို့
ကြိုးပမ်းခဲ့ကြသည်။ 1996 ခုနှစ်တွင် မြို့တော်ကာဘူးလ် ကို သိမ်းပိုက်ခဲ့ပြီး၊ 2 နှစ်အကြာ နိုင်ငံ၏ 90 ရာခိုင်နှုန်းအားထိန်းချုပ်ခဲ့ကြသည်။ တာလီဘန်တွေဟာ 2001 ခုနှစ်တွင် အိုစမာဘင်လာဒင်နဲ့ သူ့ရဲ့ အယ်ကေးဒါးအဖွဲ့ကို
ခုံလှုံခွင့်ပေးခဲ့တယ်ဟု စွပ်စွဲခံခဲ့ရ အပြီးမှာ အမေရိကန် ဦးဆောင်တဲ့စစ်ဘက်ညွန့်ပေါင်းအဖွဲ့ရဲ့ တိုက်ခိုက်မှုကို
ခံခဲ့ရပါသည်။

ယခုအခါ အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့များဟာ နှစ်ပေါင်း 20 အတွင်း တပ်စွဲခဲ့ပြီးနောက် ပြန်လည်ထွက်ခွာချိန်တွင် တာလီဘန်များ ပြန်လည် အုပ်ချုပ်လာမှုကြောင့်  လွတ်လပ်မှုကို ခံစားခဲ့ရသော ပြည်သူများသည်နိုင်ငံမှ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းလာကြပါသည်။ ဘဏ်များတွင်လည်း  စုပြုံတိုးနေလျက်ရှိပြီး
စုဆောင်းထားသမျှ ငွေများ ထုတ်ယူဖို့ ကြိုးစားနေကြသည်။

အာဖဂန်နစ္စတန်နိုင်ငံ၏ အဓိကရုဏ်း ဖြစ်ရပ်များကြောင့် ရွှေဈေးနှုန်းများအပေါ်  ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ယမန်နေ့များတွင် မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးထက် ဈေးနှုန်းကွာဟစွာ မြင့်တက်လျက်ရှိပါသည်။

ထို့အပြင် ကုန်ပစ္စည်း၊ ကုန်ဈေးနှုန်းများ ပြောင်းလဲခြင်းနှင့်အတူ  ဒေါ်လာဈေး၊ ရွှေဈေးများမှာလည်း အချိန်နဲ့အမျှ ပြောင်းလဲလျက် ရှိနေပါသည်။

ပြည်ပနိုင်ငံသားများအနေဖြင့်လည်း နိုင်ငံရပ်ခြား အခြေအနေများကြောင့် ဒေါ်လာ ငွေသားများ လက်ဝဲ ထားရှိခြင်းထက် ရွှေများကိုသာ လဲလှယ်လာနိုင်မှု ရှိနိုင်ပါသည်။ ဒေါ်လာများ အလျင်အမြန် ရောင်းချပြီး ရွှေများ တပြေးတလွှား ဝယ်ယူလာမှုများလာပါက ကမ္ဘာ့ရွှေဈေး သည် မြန်မာ့ရွှေဈေးထက် တဟုန်ထိုး တိုးတက်လာနိုင်ခြေရှိကြောင်း လေ့လာသုံးသပ်ချက်များကို တင်ပြလိုက်ပါသည်။