ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်၏ အောင်မြင်ခြင်းနောက်ကွက်တွင် ဝန်ထမ်းများ၏ စေတနာနှင့်ကြိုးစားအားထုတ်မှုများကြောင့်သာ ဖြစ်ပါသည်။ ၀န်ထမ်းများ၏ ကြိုးစားအားထုတ်မှုများသည် ဦးထုံရွှေပန်းထိမ်အတွက် တန်ဖိုးမဖြတ်နိုင်သောအရာတစ်ခု ဖြစ်ပေသည်။  ဦးထုံရွှေဆိုင်တိုးတက်အောင်မြင်လာသည်နှင့်အမျှ ရိုးသားပြီး တက်ကြွကြိုးစားလိုသောစိတ်ဓာတ်များနှင့် ဖျတ်လက်သွက်လက်သောဝန်ထမ်းများကို အစဉ်အမြဲ လက်တွဲရန် အလိုရှိပါသည်။

ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်မှ မိမိတို့၏ အသက်မွေးဝမ်းကျောင်း  ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် နည်းလမ်းပြပေးခြင်း၊ လမ်းညွှန်ပေးခြင်း၊ လုပ်ငန်းအတွင်းနှင့် ပြင်ပသင်ယူမှုအခွင့်အလမ်းပေးခြင်းများ ပြုလုပ်ပေးလျှက် ရှိနေပါသည်။ အစဉ်အမြဲ ဝန်ထမ်းများအတွက် နည်းပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာ ဗဟုသုတများ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ စသည့် အမျိုးမျိုးသော သင်ယူမှုအခွင့်အလမ်းများကိုလည်း ပေးအပ်လျှက် ရှိနေပါသည်။

လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်တွင် ဝန်ထမ်းကောင်းများစွာ မွေးထုတ်ပေးရန် အမြဲ စောင့်မျှော်နေပါသည်။ သင်တို့အနေဖြင့် စိတ်ဝင်စားပြီး အလုပ်လျှောက်ထားလိုပါက အောက်ဖော်ပြပါ Email: [email protected] သို့ ဓာတ်ပုံပါ CV Form နှင့်တကွ လျှောက်ထားလိုသော Position များကို ပေးပို့လျှောက်ထားနိုင်ပါသည်။

အထက်ဖော်ပြပါ အချက်အလက်များအပြင် အခြားသော Program များလည်း ရှိပါသည်။ Independent Freelancing Program ဟု အမည်ခေါ်တွင်ပြီး ၎င်း Program အား ဦးထုံရွှေဆိုင်နှင့် Win & Myint Co., Ltd တို့ ပူးပေါင်းပါဝင်တည်ထောင်ထားခြင်း ဖြစ်ပါသည်။ အချိန်တခဏတာမျှ လုပ်ကိုင်ရုံဖြင့် အချိန်ပိုင်း ပိုလျှံဝင်ငွေ ရရှိစေရန် ရည်ရွယ်၍ တည်ထောင်ထားခြင်း ဖြစ်ပါသည်။ Program အတွင်း Project အစိတ်အပိုင်းများစွာ တည်ရှိပါသည်။ ယင်း Program အတွင်းတွင် မိမိ ကျွမ်းကျင်ရာ လုပ်ကိုင်နိုင်စွမ်းအားများဖြင့် လုပ်ကိုင်နိုင်သော Project 9 ခု ရှိပါသည်။

LIVE Talent
Online ပေါ်တွင် အထည်ပစ္စည်းများ ရောင်းချပေးခြင်း၊ စကားပြောပြေပြစ်ပြီး သွက်လက်ဖျက်လတ်၍ ဟာသဉာဏ်ဖြင့် ပြောဆိုနိုင်ခြင်းနှင့် အရောင်း သွက်လက် လုပ်ကိုင်နိုင်ခြင်းတို့ ဖြစ်ပါသည်။

YouTube Talent
U Hton YouTube Channel တွင် Entertainment တင်ဆက်ပြသခြင်း တစ်ခုအနေဖြင့် ရိုက်ကူးပုံဖော်ပေးရခြင်း ဖြစ်ပါသည်။ အရည်အသွေးပြည့်မှီသော အနုပညာများဖြင့် တင်ဆက်ပြသခြင်း ဖြစ်ပြီး Short Video များအား စကားပြော ပြေပြစ် ဖျက်လတ်စွာဖြင့် သွက်လက်စွာ လုပ်ကိုင်နိုင်ခြင်း ဖြစ်ပါသည်။

Article
Content ရေးသားခြင်း ဖြစ်ပြီး စာအရေးအသားကောင်းမွန်ပြေပြစ်စွာဖြင့် စာဖတ်သူအား ဆွဲဆောင်မှုရှိရှိ ရေးသားရခြင်းမျိုး ဖြစ်ပါသည်။

Copy Writing
Social Media တွင် စာဖတ်သူ၏ ရင်သို့ ထိထိမိမိဖြစ်စေရန် စာအရေးအသားကောင်းမွန်ခြင်းနှင့် ဆောင်းပါးများ, အရေးအသားဖန်တီးမှု Content များ ရေးခြင်းတို့ ဖြစ်ပါသည်။

Graphic Design
လုပ်ငန်း၏ လိုအပ်ချက်များအတွက် ပုံများ ပြန်လည်ပြုပြင်ပေးခြင်းနှင့် ခေတ်မှီဒီဇိုင်းလက်ရာများ ဖန်တီးပုံဖော် ပြုလုပ်ပေးခြင်းတို့ ဖြစ်ပါသည်။

Data Entry
Product စာရင်းများ ပြုစု ရေးသွင်းခြင်းနှင့် စိစစ်ပြုလုပ်ခြင်း တို့ဖြစ်ပါသည်။

Event Assistance
Center များတွင် ဈေးကွက်ချဲ့ထွင်ရောင်းချခြင်းနှင့် ဈေးရောင်းပွဲတော်များတွင် ပူးပေါင်းပါဝင်ရောင်းချသည့်အခါ အတူတကွ လိုက်ပါလုပ်ဆောင်ပေးခြင်းတို့အပြင် လုပ်ငန်းအတွင်း လိုအပ်သော အစိတ်အပိုင်းများအတွင်း ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးရခြင်း တို့ဖြစ်ပါသည်။

Mystery Shopper
ရွှေရတနာပစ္စည်းအထည်များအား Customer များသို့ ဝိုင်းဝန်းကူညီ ရောင်းချပေးခြင်း ဖြစ်ပါသည်။

Mystery Agent
Website, Jewellery, Real Estate, Purified Water စသည့် အထည်ပစ္စည်းများအား တဆင့် ပြန်လည် ရောင်းချပေးခြင်း ဖြစ်ပါသည်။ မိမိ လက်ရှိတည်နေရာ မှတဆင့် ရောင်းချ၍သော်လည်းကောင်း၊ အသိမိတ်ဆွေ မှတဆင့် ရောင်းချခြင်းနှင့် ပန်းထိမ်အပ်နှံ၍ အထည်ဒီဇိုင်းပြုလုပ်နိုင်ခြင်း စသည်ဖြင့် အမျိုးမျိုးသော ဝန်ဆောင်မှုများအတွက် လုပ်ကိုင်ရခြင်း ဖြစ်ပါသည်။

အထက်ပါ Project အသီးသီးအတွက် တစ်ပုဒ်လျှင်, ပုံတစ်ပုံလျှင်, တစ်နာရီလျှင် သို့မဟုတ် တစ်ရက်လျှင် စသည်ဖြင့် (ညှိနှိုင်း) သတ်မှတ်ဈေးနှုန်းများ ရှိပါသည်။

* ပါဝင်လိုသူသည် မိမိ၏ ဓာတ်ပုံပါ CV form အား e-Mail သို့မဟုတ် ဖုန်း 09885152305, viber ph nno :+959885152305 သို့ ပေးပို့ လျှောက်ထားနိုင်ပါသည်။ Interview ပါဝင်လျှောက်ထားပြီးမှသာလျှင် ရွေးချယ် ကန့်သတ်သွားမည် ဖြစ်ပါသည်။ *