Order ဘယ်လိုမှာယူရမလဲ?

Step 1: ကိုယ်လိုချင်တဲ့ အထည်လေးတွေကို ပထမဦးစွာရှာပါ။ အွန်လိုင်းပေါ်တွင် အထည်နှင့်ပတ်သက်သော အချက်အလက်များ ထည့်ရန် အကန့်အသတ်ရှိပါသောကြောင့် ကိုယ်လိုချင်သော ရွှေအလေးချိန် (သို့) ဒီဇိုင်း မရှိပါက အချိန်မရွေး Messenger ကနေ တစ်ဆင့် Customized Order မှာယူနိုင်ပါသည်။ ကိုယ်လိုချင်တာလေးတွေ့တယ်ဆို “Buy Now” ကိုနှိပ်ပါ။

Step 2: ထို့နောက် Delivery လုပ်ရန်အတွက် အချက်အလက်များမေးမြန်းထားခြင်းများကို အတိအကျလေး ဖြေပေးပါ။ Information များအပြည့်အစုံထည့်ပြီးလျှင် “Place Order” ကိုနှိပ်ပေးပါ။ ကျွန်တော်တို့ဆိုင်ဘက်မှ အော်ဒါအီးမေးလ်(e-mail) ရပြီး ၂၄ နာရီအတွင်း အော်ဒါနှင့်ပတ်သက်သောအချက်အလက်များအား အသေးစိတ် ပြန်လည် Order Confirmation လုပ်ပေးပါမည်။

Account ဖွင့်ပြီးမှ Order မှာလို့ရတာလား?

Account မဖွင့်ပဲလည်း မှာယူလို့ရပါသည်။ Place Order လုပ်ပြီးလျှင် Order Department မှ လူကြီးမင်းတို့ကိုဆက်သွယ်ပြီး Order Confirmation အား Viber (သို့) Messenger မှတစ်ဆင့် ပြောပေးပါမည်။

Account ဖွင့်ပြီးလည်း အော်ဒါမှာယူလို့ရပါသည်။ Account ဖွင့်ရန် (သို့) ဝင်ရန် သို့သွားပြီး Registration လုပ်ပေးပါ။ Account ရှိပါက ကိုယ်အော်ဒါတင်ထားတဲ့ Record လေးများကို ပြန်လည်ကြည့်ရှုလို့ရပါသည်။

Order မှာမယ်ဆိုဘာတွေလိုအပ်သလဲ?

Order မှာယူလိုပါက နာမည်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာအပြည့်အစုံ ပေးပို့ရန်၊ Facebook အကောင့်ရှိလျှင် ဦးထုံ Page Messenger မှာ လာ Hi ပေးရန် (သို့မဟုတ်) Viber နံပါတ်ပေးရန်၊ အကယ်၍ Email အကောင့်ရှိလျှင် ပေးပို့နိုင်ပါသည်။

Order အတည်ဖြစ်/မဖြစ် ဘယ်လိုသိနိုင်မလဲ?

အော်ဒါနှင့်ပတ်သက်သောအချက်အလက်များကို ပြောပြရန် ဆက်သွယ်လာလျှင် Order Confirmation လုပ်ပေးပါသည်။ မှာယူသော အထည်လေးများ ဆိုင်မှာရှိလျှင် ချက်ခြင်း Process လုပ်ပြီးပို့ပေးပါသည်။ အထည်မရှိခဲ့လျှင် အော်ဒါ လုပ်ရန် ကြာချိန်မှာ အထည်ဒီဇိုင်းပေါ်မူတည်ပြီးတော့ ၁ပတ်မှ ၃ပတ် ကျော် လောက်ထိ ကြာနိုင်ပါသည်။

Order ပယ်ဖျက်ချင်ရင် ဘယ်လိုလုပ်မလဲ?

မှာယူထားသောအထည်အော်ဒါများအား ၂၄ နာရီအတွင်းပယ်ဖျက်လို့ရပါသည်။ စရံ ပေးပြီးအထည်လုပ်နေချိန်တွင် အော်ဒါ ပယ်ဖျက်ပါက လက်ခ တစ်ချို့တစ်ဝက်အားပြန်လည် ပေးဆောင်ရပါမည်။

ဦးထုံရွှေပန်းထိမ်မှ Order Confirmation ပြန်လုပ်ခြင်းမရှိပါက ဘယ်လိုလုပ်မလဲ?

Pabedan U Hton ☎️ 01-377680, 09-790609655 Viber Number: +959-952683887
Lanmadaw U Hton ☎️ 01-701390, 09-790609656 Viber Number: +959-952683887
(သို့) Messenger ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Order Confirmation ဘယ်နှစ်နာရီ/ ဘယ်နှစ်ရက်အတွင်း လုပ်သလဲ?

Order Confirmation များကို ၂၄ နာရီ မှ ၂ ရက်အတွင်း ကြိုးစားပြီး Confirmation လုပ်ပေးပါသည်။

Order အကန့်အသတ်ရှိလား?

Website မှရွှေထည်ပစ္စည်းမှာယူလျှင်ခန့်မှန်းခြေ 5 ခုအထိလက်ခံပါသည်။ ရွှေထည်ပစ္စည်း 5 ခုနှင့်အထက် မှာယူလိုပါက

Pabedan U Hton ☎️ 01-377680, 09-790609655 Viber Number:+959-952683887
Lanmadaw U Hton ☎️ 01-701390, 09-790609656 Viber Number:+959-952683887
(သို့) Messenger ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Customized Order မှာလျှင်ဘယ်လိုမှာရသလဲ?

Customized Order များ မှာလို့ရပါသည်။ အော်ဒါမှာယူတဲ့အခါ ဖုန်း (သို့) အီးမေး (E-mail) ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Messenger မှတဆင့် လူကြီးမင်းများ မေးမြန်းလိုသောမေးခွန်းများကို စုံစမ်းမေးမြန်းနိုင်ပါသည်။

ပစ္စည်းအပျောက်အရှရှိလျှင် တာဝန်ယူနိုင်ပါသလား?

ရန်သူမျိူး၅ပါးအန္တရယ်ကြောင့် တစုံတရာဖြစ်ပွားခဲ့သော်လည်းကောင်း၊ ဘောင်ချာပျောက်သွားခဲ့သော်လည်းကောင်း ဦးထုံရွှေပန်းထိမ်မှ တာဝန်ယူမည်မဟုတ်ပါ။ Order မှာယူပြီး Delivery မှတဆင့် Customer ထံရောက်သည်အထိတာဝန်ယူပါသည်။ Online မှ Customer များကို Delivery နှင့်စတင်ပို့ဆောင်သောအချိန်မှစ၍ ပစ္စည်းအပျောက်အရှရှိခြင်း၊ ပစ္စည်းပျက်စီးခြင်းပြဿနာမျိုး ယနေ့အချိန်ထိမတွေ့ကြုံဖူးသေးပါ။

အော်ဒါတင်ပြီးမှ လိပ်စာပြောင်းလို့ရမလား?

အော်ဒါနဲ့ပတ်သက်သောအချက်အလက်များကို ပြောင်းလဲလိုလျှင် ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင် ၏

Pabedan U Hton ☎️ 01-377680, 09-790609655 Viber Number:+959-952683887 
Lanmadaw U Hton ☎️ 01-701390, 09-790609656 Viber Number:+959-952683887 
(သို့) Messenger ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အော်ဒါမှာပြီးလို့ ဆိုင်မှာလာယူမယ်ဆိုရင်ရော ရနိုင်မလား?

အော်ဒါမှာပြီးလျှင် ဆိုင်မှာ လာယူလို့ရပါသည် (သို့မဟုတ်) Delivery ဖြင့်ပို့ဆောင်ပေးရမည်ဆိုလျှင် ပို့ဆောင်ပေးပါသည်။ Delivery ဖြင့်ပို့ဆောင်လျှင် မြို့နယ်အလိုက် ပို့ခကျသင့်ပါမည်။

Website မှမှာယူထားသောအထည်များကို ပြန်ရောင်း၊ ပြန်သွင်းလို့ရပါသလား?

Website ပေါ်မှဝယ်ယူထားသောအထည်များသည် အထည်မှန် ဈေးနှုန်းမှန်အရည်အသွေးမှန်ကန်စွာ ရောင်းချပေးထားသောကြောင့်  အချိန်မရွေး ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်သို့ပြန်လာ ရောင်း၊သွင်းလို့ ရပါသည်။

ဦးထုံရွှေဆိုင်က အထည်ပစ္စည်းအစစ်ဟုတ်/မဟုတ် ဘယ်လိုသိနိုင်မလဲ?

ဦးထုံရွှေဆိုင်တွင်မှာယူထားသောအထည်လေးများသည် Data Record ရှိပါသောကြောင့်  Messenger မှတစ်ဆင့် (သို့မဟုတ်)

Pabedan U Hton ☎️ 01-377680, 09-790609655 Viber Number:+959 952683887

Lanmadaw U Hton ☎️ 01-701390, 09-790609656  Viber Number:+959 952683887
(သို့) Messenger သို့ မေးမြန်းစုံစမ်းလို့ရပါသည်။ ဝယ်ယူပြီးသော ပစ္စည်းများကို ဘောက်ချာနှင့်တကွ ရှင်းပြပါသည်။

ပစ္စည်းမှာယူပြီးလျှင် မည်သည့်အချိန်တွင် ပို့ဆောင်နိုင်သလဲ?

Instock ရှိပါက ရန်ကုန်မြို့အတွင်း ၂ ရက်မှ ၃ရက်အတွင်း ပို့ပေးနိုင်ပါသည်။ နယ်ဆိုလျှင် ၅ ရက်မှ ၇ ရက်အတွင်း ပို့ပေးနိုင်ပါသည်။ အကယ်၍ ပို့ဆောင်ရန် အခက်အခဲရှိခဲ့လျှင် ဦးထုံရွှေပန်းထိမ်မှ Customer များထံ ကြိုတင်၍ အကြောင်းကြားပေးပါသည်။

ငွေဘယ်လိုပေးချေရမလဲ?

ငွေပေးချေမှု နှင့်ပက်သက်၍ ရေးထားသောအကြောင်းအရာ Link မှတစ်ဆင့် ဖတ်ရှုနိုင်ပါသည်။

ငွေလွှဲပြီးမှ ပစ္စည်းမကြိုက်ရင် ပြန်လဲလို့ရမလား?

ပစ္စည်းရရှိအပြီး ၂၄နာရီအတွင်း လဲလှယ်မည်ဆိုပါက အလျော့တွက်လက်ခမရှုံးပါ။ ၂၄နာရီကျော်လွန်ပါက ရွှေပေါက်ဈေးနှုန်းထားအတိုင်း ကောက်ပေးပါသည်။

ဈေးနှုန်းသိချင်ရင် ဘယ်လိုကြည့်ရမှာလဲ?

Website တွင် အထည်၏ခန့်မှန်းခြေတန်ဖိုး ထည့်ပေးထားပါသည်။ လက်မှုပညာဖြစ်သောကြောင့် ရွှေအလေးချိန်တွင် အတိုး၊ အလျော့ဖြစ်နိုင်ပါသည်။ ထို့ကြောင့် Place Order လုပ်ပြီးနောက်ပိုင်း Viber တွင် အသေးစိတ်ပြန်လည်ရှင်းပြပါမည်။ ရွှေဈေးအတက်၊ အကျဖြစ်သောကြောင့် အထည်၏တန်ဖိုးကို စရန်ပေးချေသောနေ့တွင်‌ ဈေးနှုန်းကို သတ်မှတ်ပေးပါသည်။

အရစ်ကျဝယ်ယူမယ်ဆိုဘယ်လိုဆောင်ရွက်ပေးတာလဲ?

အရစ်ကျဝယ်ယူရန် စိတ်ဝင်စားပါက ဖော်ပြပါ Link တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။

Website မှဝယ်ယူထားတဲ့အထည်ကို ဘယ်လိုပြန်သွင်းရမလဲ?

Website မှ ဝယ်ယူထားသောလက်ဝတ်ရတနာများကို ပြန်သွင်းလိုလျှင် ရွှေဈေးအတတ်အကျပေါ်မူတည်ပြီး ဈေးနှုန်းကွာဟနိုင်ပါသည်။ ပုံမှန်အားဖြင့် ရွှေဈေးအတတ်အကျကြမ်းလျှင် ရွှေဈေးကွက်ပေါ်မူတည်၍ ရောင်းဈေး ဝယ်ဈေးဖြင့် ရွှေချိန်အရှိအတိုင်း ပြန်ကောက်ပေးပါသည်။ ဦးထုံရွှေဆိုင်မှအထည်များသည် ပြန်သွင်းသောအခါ ပြန်လည်၍အသုံးမပြုပဲ ပြန်ကောက်ထည်များကို အရည်ကျို၍ Design အသစ်ပြုလုပ်ကာရောင်းချပေးပါသည်။ ပြန်သွင်းလျှင်ရနိုင်မည့်ခန့်မှန်းဈေးနှုန်းများကို ဖော်ပြပါ Link တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ ပြင်ပရွှေဖြင့် Customized Order အပ်နှံ့သည့် အထည်ပစ္စည်းများကိုမူ ဦးထုံရွှေပန်းထိမ်ရှိ ရွှေထည်ပစ္စည်းများနှင့် လဲလှယ်မှုပြုလုပ်ပြီးမှသာ ဈေးဖြတ်ပေးပါသည်။

အခြားစုံစမ်းမေးမြန်းစရာရှိပါက ဘယ်လိုဆက်သွယ်ရမလဲ?

အခြားမေးမြန်းစရာရှိပါက Messenger (သို့မဟုတ်)

ဆိုင်အမှတ် (၁)
အမှတ် 528 (မြေညီထပ်)၊ မဟာဗန္ဓုလလမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြား၊
ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
01-377680, 09-790609655
Viber Number: +959 977883599
တနင်္လာနေ့တိုင်းဆိုင်နားသည်။
ဆိုင်ဖွင့်ချိန် မနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အထိဖွင့်လှစ်ပါသည်။

ဆိုင်အမှတ် (၂)
အခန်း (B) 01-05 (မြေညီထပ်)၊ လမ်းမတော်ပလာဇာ (သံဈေးအနီး)၊ လမ်းမတော်လမ်း၊
လသာမြို့နယ်၊ ရန်ကုန်မြို့။
01-701390, 09-790609656
Viber Number: +959-952683887
တနင်္ဂနွေနေ့တိုင်းဆိုင်နားသည်။
ဆိုင်ဖွင့်ချိန် မနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အထိဖွင့်လှစ်ပါသည်။

သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 * ပြင်ပအခြေအနေအခက်အခဲများကြောင့် ဖုန်းနံပါတ်နှင့် ဆိုင်ဖွင့်ချိန်များ အပြောင်းအလဲရှိနိုင်ပါသည် *