ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်သည် ရွှေအရည်အသွေးကို စံချိန်မှီရွှေသားနှင့် ပြုလုပ်ထားပြီး အကောင်းမွန်ဆုံးသောလက်ရာ အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများကြောင့် ဝယ်ယူအားပေးကြသော ကျေးဇူးရှင်  မိဘပြည်သူများ မိတ်ဟောင်းမိတ်သစ် Customers များဖြင့် ရပ်တည်လာမှုမှာ ပန်းထိမ်သက်တမ်း ၇၀၊  ဆိုင်လုပ်ငန်း သက်တမ်း ၂၀ ကျော်ရှိနေပြီဖြစ်ပါသည်။ ယခုအခါတွင် ဦးထုံရွှေဆိုင်မှ တဆင့်ပြန်လည်ရောင်းချချင်သူများ၊ နိုင်ငံရပ်ခြားမှ တဆင့်ရောင်းဝယ် ဖောက်ကားပြုလုပ်ချင်သူအများအပြား အတွက် သတင်းကောင်းလေးပေးချင်ပါသည်။

Wholesale Partnership Program သည် ဦးထုံရွှေဆိုင်မှ အထည်ပစ္စည်းများအားပြန်လည် ရောင်းချချင်သူများအတွက် အကျိုးစီးပွားတိုးပွားစေရန်နှင့် အရောင်းအဝယ်ပိုမိုအဆင်ပြေစေနိုင်ရန် ရည်ရွယ်ထားသော Program တစ်ခုဖြစ်ပါသည်။ Program ထဲတွင် ဦးထုံရွှေဆိုင်မှအထည်ပစ္စည်းများအား ပြန်လည်ရောင်းချချင်သူများအတွက် အပိုင်း ၃ ပိုင်းရှိပါသည်။

Re-seller Program, Buy Outright Program, Private Label Program တို့ ဖြစ်ပါသည်။ ပြန်လည်ရောင်းချချင်သောသူများအနေဖြင့် မိမိနှစ်သက်ရာ Programလေး အားရွေးချယ်၍ Wholesale Partnership Program တွင်ပါဝင်နိုင်ပါသည်။

1. Re-seller Program

Re-seller Program လေးမှာ မြန်မာနိုင်ငံအတွင်းနှင့် နိုင်ငံရပ်ခြားမှ တနိုင်တပိုင် ပြန်လည် ရောင်းချလုပ်ကိုင်ချင်သော သူများအတွက် ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မှ အထည်ပစ္စည်းများကို ဦးထုံရွှေဆိုင်၏ဘောက်ချာဖြင့် ပြန်လည်ရောင်းချပေးခြင်းဖြင့် အကျိုးအမြတ်ရရှိစေသော Program ဖြစ်ပါသည်။

2. Buy Outright Program

Buy Outright Program ဆိုသည်မှာ မြန်မာနိုင်ငံအတွင်းနှင့် နိုင်ငံရပ်ခြားမှ ရွှေရတနာထည်များ ပြန်လည်‌ရောင်းချလုပ်ကိုင်ချင်သော wholesaler များအတွက် ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်၏ အထည်ပစ္စည်းများအား ပန်းထိမ်နှုန်းထားဖြင့် အပြတ်ဝယ်ယူပြီး ဆိုင်သို့ပြန်လည်မသွင်းပဲ ပြန်လည်ရောင်းချသော Program ‌တစ်ခု ဖြစ်ပါသည်။

3. Private Label Program

Private Label Program ဆိုသည်မှာ မြန်မာနိုင်ငံအတွင်းနှင့် နိုင်ငံရပ်ခြားမှ ရွှေရတနာထည်များအား ပြန်လည်ရောင်းချ လုပ်ကိုင်ချင်သော လုပ်ငန်းရှင်များအတွက် ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်၏ အထည်ပစ္စည်းများကို ဦးထုံရွှေဆိုင်၏ တံဆိပ်အမှတ်အသားနှင့်မဟုတ်ပဲ မိမိတို့ဆိုင်၏ ကိုယ်ပိုင်တံဆိပ်ဖြင့် ပန်းထိမ်ခက်ပေးသော Program တစ်ခုဖြစ်ပါသည်။

မိမိပါဝင်ချင်သော Program လေးကို အသေးစိတ် စုံစမ်းမေးမြန်းချင်ပါက လမ်းမတော်ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်
Messenger Link: http://m.me/uhtonecommerce
Phone (သို့) Viber #: +959 965183887

လူကိုယ်တိုင်လာရောက်စုံစမ်းလိုပါက အမှတ် (B) 01-05 (မြေညီထပ်)၊ လမ်းမတော်ပလာဇာ (သံဈေးအနီး)၊ လမ်းမတော်လမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့။