ရွှေအကြောင်းသိကောင်းစရာ

VIP Membership Program

Membership Program a

“ရွှေဆိုလျှင် ဦးထုံကို အထူးယုံလိုက်ပါ” ဟူသော ဆောင်ပုဒ်နဲ့ အတူ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင် ယနေ့ထိတိုင် ရပ်တည်အောင်မြင်နေရခြင်းမှာ ရွှေ Customers များ တစ်ဦးချင်းစီ၏ ကျေးဇူးကြောင့်ပဲဖြစ်ပါတယ် ကျေးဇူးရှင် Customers တစ်ဦးချင်းစီကို ကျေးဇူးတုံ့ပြန်သော အနေနဲ့ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင် မိသားစု မှ မေတ္တာထုံမွှန်းပြီး…

Membership Program b

 

“ရွှေဝယ်ရင်း Points တွေစု၊ Points တွေသုံးပြီး လက်ငင်းလျှော့ဈေးငွေ များနှင့်အတူ လက်ဆောင်ပေါင်းများစွာကို ရယူနိုင်မယ့် VIP Membership” အစီအစဉ်ကတော့ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်ရဲ့ ရွှေ Customers ရှေ့မှောက် ရောက်ရှိလို့လာပါပြီ ဒီတော့ အခု Membership မှာပါဝင်တဲ့

  • Points ဘယ်လိုတွေစုမလဲ
  • Points တွေကို ဘယ်လိုအသုံးပြုမလဲ
  • ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်ရဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းတွေကို Points တွေနဲ့ ဘယ်လိုရယူမလဲ

စတဲ့ အချက်တွေကို အသေးစိတ် ရှင်းပြပေးသွားပါမယ်နော်။

 

Points တွေကို ဘယ်လိုစုမလဲ”

ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မှ မည်သည့် လက်ဝတ်ရတနာ များအား ဝယ်ယူတိုင်း ၎င်းလက်ဝတ်ရတနာများ၏ အလျော့တွက် 1 ရွေးတိုင်းကို 1 Point အနေဖြင့် ရရှိမည်ဖြစ်ပြီး ၎င်း Points တွေ စုခြင်းဖြင့်လည်းကောင်း၊ အသုံးပြုခြင်းဖြင့် လည်းကောင်း Customers များစိတ်ကြိုက် အသုံးပြုနိုင်မည်ပဲဖြစ်ပါသည်။

 

Points တွေကို ဘယ်လိုအသုံးပြုမလဲ”

  • စုဆောင်းထားတဲ့ Points များသည် 1 Point = 1000Ks တန်ဖိုးနှင့် ညီမျှသည်။
  • Points တွေကိုအသုံးပြုရမည့် အချိန်တွေကိုလည်း ကန့်သတ်ထားခြင်းမရှိပဲ Life-Time အသုံးပြုနိုင်မည်ပဲဖြစ်ပါသည်။

 

ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်ရဲ့ အမှတ်တရလက်ဆောင်တွေကို Points တွေကို ဘယ်လိုရယူမလဲ”

မိမိ VIP Card ထဲမှာ ရှိတဲ့ Points များကို လက်ငင်း Cash Back ပြန်ရခြင်းအပြင် ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင် ရဲ့ အထူးအမှတ်တရလက်ဆောင်များကိုပါ ထပ်မံရရှိမည်ဖြစ်သည်။
Points 100 အသုံးပြုလျှင် “တစ်သိန်းကျပ် တိတိ ” လျှော့ပေးမယ့်အပြင် ဦးထုံ Logo ပါ ထီးတစ်ချောင်းပါ ထပ်မံရရှိဦးမှာပဲဖြစ်သည်။

  • 100 Points = “ဦးထုံ ထီး”
  • 80 Points = “ဦးထုံ ခွက်”
  • 50 Points = “ဦးထုံ Tote Bag”

စသဖြင့် ငွေသားလျှော့ဈေး အပြင် အမှတ်တရလက်ဆောင်ပစ္စည်းများကိုပါ ထပ်မံရရှိမှာပဲ ဖြစ်သည်။ ဒီလို အတန်ဆုံး ငွေသား Cash Back တွေအပြင် လက်ဆောင်တွေ ရယူဖို့ ဆိုရင် အမြန်ဆုံး VIP Member ဝင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်…
ဒီတော့ “VIP Member Card”လုပ်ဖို့ လိုအပ်တဲ့ အချက်အလက်တွေကို ပြောပြပေးပါမယ်

Points စုမည့် ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင် Website မှာ ကိုယ်ပိုင် Account တစ်ခု ရှိရမည်။ ( မရှိလျှင် Register လုပ်ထားရန် )
Register လုပ်ရာတွင် မိမိ Acc ဖွင့်မည့် နာမည်၊ Email (ရှိလျှင် ဖြည့်နိုင်၊ မရှိလျှင် မဖြည့်လည်းရသည်။) နှင့် Phone No. တို့ သာ လိုအပ်သည်။

ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင် မှ VIP Member များအား Loyalty Customers များအဖြစ် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မှတ်တမ်းသွင်းထားမည်ဖြစ်သည်။