အခေါက်ရွှေအားသာချက်များအားဖော်ပြပေးထားပါတယ် …
1. နန်းကြိတ်လက်စွပ်၂ပဲတင်မှ၁ကျပ်ထိ နှင့် လက်ကောက်၁ကျပ်တင်မှကျပ်သားအလိုက်ဝယ်စုလို့ရပါတယ်
2. ငွေပမာဏ(၁သိန်းခွဲ)ဝန်းကျင်မှစပြီး စုလို့ရတဲ့အပြင် အရော့တွက်မပါလက်ခနဲ့ဝယ်စုနိုင်ပါတယ်
3. အခေါက်ရွှေရည်တူချင်းပြန်လဲတဲ့အခါ ရောင်းစျေးဝယ်စျေးမခွာဘဲ ပြုလုပ်ရောင်းချပေး လေ့ရှိပါတယ်
4. လက်တိုင်းကွင်းအရှင်ဖြစ်တဲ့အတွက် ကိုယ့်လက်တိုင်းအလိုက်လိုသလိုအကျဉ်း/အကျယ်လုပ်လို့လဲရပါတယ်
5. အခေါက်ရွှေလေးဝယ်ယူစုဆောင်းတော့မယ်ဆိုရင်အရှုံးအမြတ်ကိုလဲသိထားဖို့လိုအပ်တာပေါ့နော်
6. အခေါက်ရွှေလေးတွေကို ပြန်ရောင်းတဲ့အခါ ရွှေစျေးတက်ရင်ပေးရတဲ့လက်ခကိုကာမိပြီး မြတ်နိုင်ပါတယ်
7. အခေါက်ရွှေနန်းကြိတ်အထည်လေးတွေ ကို လက်ဆောင်အဖြစ်ပေးလေ့ရှိကြပါတယ်
ရွှေဈေးကျတဲ့အခါ လက်ခ ရွှေဈေးမှာပါ ရှုံးနိုင်ပါတယ် သို့သော် အထည်များနှင့်ယှဉ်ရင် အများကြီးသက်သာပါတယ်။ ဒါကြောင့်အခေါက်ရွှေဝယ်စုတဲ့အရှုံးအမြတ်တွေက ရွှေဈေးအတက်အကျ ပေါ်မှာမှာအမြဲမူတည်နေတာမို့ ကိုယ်ဝယ်တဲ့ ရွှေဈေး အချိန်အခါ အရမ်းအရေးကြီးပါတယ်။