ကျောက်မျက်အကြောင်းသိကောင်းစရာ, မွေးနေ့ကျောက်

August (ဩဂုတ်လ) အတွက်မွေးနေ့ကျောက် Peridot (ပြောင်ဂေါင်းစိမ်း) နှင့် Spinel (အညံ့ပန်း)

august birthstone, u hton goldsmith, myanmar

ဒီတစ်ခါပြောပြပေးဖို့ အလှည့်ကျလာတဲ့ Birthstone လေးကတော့ August လ မွေးနေ့ရှင်တို့အတွက် Lucky birthstone လေးအကြောင်းပဲဖြစ်ပါတယ်နော်။ မွေးနေ့လတိုင်းမှာ ထူးခြားတဲ့ ကိုယ်ပိုင် Lucky birthstone လေးတစ်ခုစီရှိတတ်ကြပေမဲ့ အခု August လ မှာ မွေးဖွားတဲ့ သူတို့အတွက် Lucky birthstone လေးက တစ်ခုတောင်မဟုတ်ဘဲ ရွေးချယ်စရာ နှစ်ခုတောင်ရှိပါတယ်နော်။ ဒါကြောင့်မလို့ ဘယ်ကျောက်လေးကို ကိုယ်ပိုသဘောကျမလဲစဉ်းစားကြည့်လို့ရအောင် ပြောပြပေးမယ်နော်။ August လဖွား မွေးနေ့ရှင်တို့ ရွေးချယ်စရာ ကျောက်လေးနှစ်ခုကတော့ Peridot (ပြောင်ဂေါင်းစိမ်း) နဲ့ Spinel (အညံ့ပန်း) ကျောက်လေးတွေပဲ ဖြစ်ပါတယ်။

အခုပထမဆုံး Peridot လို့ခေါ်တဲ့ ပြောင်ဂေါင်းစိမ်း ကျောက်လေးအကြောင်း ပြောပြချင်ပါတယ်။ Peridot ဟူသောစကားလုံးသည် အာရပ်စကားလုံး faridat ဟူသော စကားလုံးမှ ဆင်းသက်လာသည်။ ကျောက်မျက်ရတနာဟူ၍ အဓိပ္ပါယ်ရသည်။ August birthstone Peridot ကျောက်သည် ရှေးခေတ်နှင့် အလယ်ခေတ် ယဉ်ကျေးမှုများစွာကတည်းက တန်ဖိုးရှိခဲ့သည်။ ၎င်းသည် ဘီစီဒုတိယရာစုအစောပိုင်းနှင့် နောက်ပိုင်းတွင် ဥရောပအလယ်ခေတ်ရှိ ခရစ်ယာန် ဘုရားကျောင်းများနှင့် ခရစ်ယာန်အသင်းတော်များတွင် ဆရာတော်ဘုန်းကြီးများ၏ လက်ဝတ်ရတနာများတွင် အသုံးပြုများပြီးထင်ရှားခဲ့သည်။ ရှေးခေတ်က Peridot သည် နှစ်စဉ်ကမ္ဘာသစ်ဖန်တီးမှုကို ဂုဏ်ပြုရန် မိခင်သဘာဝမှ ဆုလက်ဆောင်အဖြစ် ချီးမြှင့်ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ Peridot ကို ၀တ်ဆင်ခြင်းအားဖြင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်စေပြီး မှော်စွမ်းရည်နှင့် ကုသနိုင်စွမ်းများကို ယူဆောင်လာပေးသည်ဟု ဆိုကြသည်။ ၎င်းသည် တန်ခိုးအာဏာနှင့် သြဇာလွှမ်းမိုးမှုများကို လှုံ့ဆော်ပေးသည်ဟုလည်း ယုံကြည်ကြသည်။

Peridot ကျောက်လေးဟာ တောက်ပတဲ့အရောင်ရှိပြီး ထုံးအစိမ်းရောင် လွှမ်းတဲ့ကျောက်လေးပဲ ဖြစ်ပါတယ်။ ၎င်းကို အစိမ်းရောင် အနေနဲ့ အများဆုံးတွေ့ရပြီး အဝါရောင်၊ လိမ္မော်ရောင်၊ အညိုဖျော့ဖျော့အရောင်မျိုးအနေနှင့်လည်း တွေ့ရတတ်သည်။ ၎င်းကို တရုတ်၊ မြန်မာ၊ ပါကစ္စတန်၊ တန်ဇန်နီးယား၊ ဗီယက်နမ်နှင့် အမေရိကန်တို့တွင် အဓိကတွေ့ရှိရပြီး မြန်မာနိုင်ငံတွင် မိုးကုတ်ဒေသ၌ အဓိကတွေ့ရသည်။ အရောင်အားဖြင့် မြန်မာနိုင်ငံတွင် လိ‌မ္မော်ရောင်နှင့် ပန်းရောင်ဖျော့ဖျော့ အနေဖြင့် အတွေ့များသည်။

၎င်းသည် ခိုင်ခံ့မှု Mohs Hardness Scale 6.5 မှ 7 ဝန်းကျင်သာရှိသဖြင့် အခြားကျောက်မျက်ရတနာများထက်အနည်းငယ်ပျော့ပျောင်းသည်။ ထို့ကြောင့် နေ့စဉ်ဝတ်စားဆင်ယင်မှုတွင် အဆင်တန်ဆာအဖြစ် အသုံးပြုရာတွင် ထိခိုက်လွယ်သဖြင့် သတိထား၍ အသုံးပြုသင့်သည်။ အခြားမာကြောသော ကျောက်များနှင့် အတူထားပြီး သိမ်းဆည်းတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါသည်။ ထို့အပြင် Peridot ကျောက်မျက်သည် အပူကိုကြောက်သဖြင့် ၎င်းကို သန့်စင်ရာတွင် ရေနွေးနွေးကိုသာ အသုံးပြုပြီး နူးညံသော soft bristle brush ကို အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည်။ အခုပြောပြပေးခဲ့တာကတော့ August လ မွေးနေ့ရှင်တို့အတွက်  Peridot ကျောက်လေးအကြောင်းပဲဖြစ်ပါတယ်နော်။

နောက်ထပ် ရွေးချယ်စရာ ကျောက်လေးကတော့  Spinel တစ်နည်းအားဖြင့် အညံ့ပန်းလို့ခေါ်တဲ့ ကျောက်လေးအကြောင်းပဲဖြစ်ပါတယ်နော်။ လွန်ခဲ့သော ရာစုနှစ်များစွာက Sanskrit စာပေများတွင် Spinel သည် ပတ္တမြား၏ သမီးတော်အဖြစ် ရည်ညွှန်းဖော်ပြခဲ့ကြသည်။ Spinel ၏ အနီရောင်အရောင်သည် Ruby အရောင်နှင့် အလွန်ဆင်တူသဖြင့် ပတ္တမြားနှင့် ယိုးမှားလေ့ရှိသည်။ အမှန်တကယ်တွင် ပတ္တမြားများထက်ရှားပါးသော်လည်း ပတ္တမြားနှင့် မတူသည်မှာ တစ်ခါတစ်ရံတွင်ကြီးမားသော အရွယ်အစားများတွင်တွေ့နိုင်သည်။ Spinel ဟူသောအမည်သည် Spinel crystals ပုံသဏ္ဌာန်ကိုရည်ညွှန်းခြင်းဖြစ်သည်။ ၎င်းသည် လက်တင်စကားလုံး Spina မှဆင်းသက်လာသည်။ လှပသောကြွယ်ဝသော အနီရောင်များအပြင် Spinel ကိုလည်း လိမ္မော်ရောင် လှပသောအရောင်ဖျော့ဖျော့နှင့် ခရမ်းရောင်တို့၏ အရောင်များတွင်လည်းတွေ့နိုင်သည်။

Spinel ကို နေရာများစွာတွင် တွေ့ရှိရလေ့ရှိသည်။ အဓိကရင်းမြစ်များမှာ တာဂျစ်ကစ္စတန်၊ မြန်မာ၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ တန်ဇန်းနီးယားနှင့် ပါကစ္စတန်တို့ဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ ပန်းရောင်နှင့် အနီရောင် Spinel များကို အများဆုံးတွေ့ရသည်။

၎င်း၏ ထူးခြားသောစွမ်းရည်သတ္တိမှာ ရောင်ရမ်းရောဂါများအတွက် ဆေးတစ်လက်အဖြစ် ယုံကြည်ကြသည်။ ထို့အပြင် အမျက်ဒေါသကို ပြေစေခြင်းနှင့် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်စေသည်ဟုလည်း ဆိုကြသည်။
Spinel သည် Mohs Hardness Scale မြင့်မားသော အခြားကျောက်မျက်ရတနာများထဲမှာ တစ်ခုအပါအဝင်ဖြစ်သဖြင့် ၎င်းကို လက်ဝတ်တန်ဆာအဖြစ် အသုံးပြုရာတွင် အဆင်ပြေသည်။ ၎င်း၏ထူးခြားချက်မှာ ဆွဲဆောင်မှုရှိသော အရောင်အဆင်းနှင့် အတူ တန်ဖိုးအားဖြင့်လည်း သင့်တင့်မှုရှိသည့် ကျောက်မျက်တစ်မျိုးအဖြစ် ထင်ရှားသည်။

အခုပြော‌ပြပေးခဲ့တဲ့ အကြောင်းအရာတွေကတော့ August လဖွား မွေးနေ့ရှင်လေးတွေအတွက်တင် မဟုတ်ဘဲ ကျောက်မျက်ရတနာလေးတွေကို စိတ်ဝင်စားတဲ့ သူတိုင်းအတွက်လည်း ဗဟုသုတရစေမယ်လို့ မျှော်လင့်ပါတယ်နော်။ ဒီကျောက်မျက်လေးနှစ်ခုလိုပဲ ကျောက်မျက်ရတနာအားလုံးမှာ ကိုယ်ပိုင်စွမ်းအင်သတ္တိ အမျိုးမျိုးရှိကြတာကြောင့် အလှဆင်စရာ အဆင်တန်ဆာတစ်ခုထက်ပိုပြီး မိမိတို့ကို ကံကောင်းစေမယ့် အထောက်အပံ့ကောင်းတစ်ခုအဖြစ် သတ်မှတ်ပြီး မိမိအတွက်သာမက မိမိချစ်ရသူတွေအတွက် ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာတွေကို ပုံဖော်ပေးနိုင်မယ့် ကျောက်မျက်ရတနာလေးတွေကို ရွေးချယ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။