ရွှေအကြောင်းသိကောင်းစရာ

ရွှေကျင်ခြင်းလုပ်ငန်းစဉ်

goldpanningprocess

ဒီတစ်ခါမှာတော့ ရွှေချစ်သူမိဘပြည်သူတွေအတွက် မိမိတို့တန်ဖိုးထားတဲ့ လက်ဝတ်ရတနာတွေကို ဖန်တီးတဲ့အခါ အဖိုးမဖြတ်နိုင်တဲ့ မပါမဖြစ်ပါဝင်ပစ္စည်းတစ်ခုဖြစ်တဲ့ ရွှေဆိုတဲ့သတ္တုကို ဘယ်လိုမျိုးရရှိလာအောင် အဆင့်ဆင့် ရွှေသတ္တုကျင်ခြင်းလုပ်ငန်းစဉ် လုပ်ဆောင်ရလဲဆိုတာနဲ့ ပတ်သက်ပြီး အားလုံးအတွက် ဗဟုသုတရရှိစေဖို့မျှဝေပေးဖို့ ရွေးချယ်ထားပါတယ်။

ရွှေကျင်ခြင်း သို့မဟုတ် ရိုးရိုး သတ္တုကျင်ခြင်းသည် ဒယ်အိုးကို အသုံးပြု၍ Placer Deposit တစ်ခုမှ ရွှေထုတ်ယူသည့် Placer Mining နှင့် သမားရိုးကျ တူးဖော်မှုပုံစံတစ်ခုဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်သည် ရွှေထုတ်ယူရန် အရိုးရှင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပြီး အထူးသဖြင့် ၎င်း၏ကုန်ကျစရိတ်သက်သာပြီး သတ္တုရရှိမှုလွယ်ကူသောကြောင့် ဘူမိဗေဒဝါသနာရှင်များကြား ရေပန်းစားသည်။

ရှေးခေတ် ရောမမြို့မှ သတ္တုတူးဖော်ခြင်း၏ ပထမဆုံး မှတ်တမ်းမှာ စမ်းချောင်းများနှင့် တောင်စောင်းများမှ ရွှေနှင့် အခြား အဖိုးတန်သတ္တုများကို ရေထိန်းများဖွင့်ခြင်းနှင့် ဖောက်ခြင်းဖြင့် ထုတ်ယူခဲ့သည်။ သို့သော်လည်း ဩစတေးလျ အနောက်နိုင်ငံ Kalgoorlie ရှိ စူပါတွင်းရွှေတွင်းတွင် အသုံးပြုသည့် တွင်းကြီးများ သို့မဟုတ် အကြီးစား ထုတ်ယူသည့်နည်းလမ်းများကဲ့သို့သော အခြားနည်းလမ်းများနှင့် နှိုင်းယှဉ်ပါက ထုတ်လုပ်မှုနှုန်းမှာ နည်းပါးပါသည်။

ရွှေကျင်ခြင်းသည် ရိုးရှင်းသောလုပ်ငန်းစဉ်တစ်ခုလည်းဖြစ်ပါသည်။ ရွှေကျင်ဖို့အတွက် ရွေးချယ်ထားတဲ့ သတ္တုထွက်နိုင်သည့် နေရာကွက်တစ်ခုတွင် ရွှေကျင်ဖို့အတွက် အသုံးပြုမည့်ပစ္စည်းကို ရေထဲသို့နှစ်၍ စိမ်ပြီး လှုပ်ခြင်းနှင့်အတူ မြေဆီလွှာများစိုစွတ်လာပြီး ကျင်မည့်ဒယ်အိုးထဲသို စိမ့်ဝင်သွားခြင်းစသည့် နည်းလမ်း – “Stratification လို့ခေါ်တဲ့ ရွှေကျင်ခြင်း” စတင်ပြီဖြစ်သည်။ ရွှေကဲ့သို့ သိပ်သည်းသောပစ္စည်းများသည် ဒယ်အိုးအောက်ခြေအထိ နစ်မြုပ်သွားခြင်းဖြင့် အခြားသော သိပ်သည်းအားနည်းသော ပစ္စည်းများသည် အထက်သို့တက်လာပြီး ယင်းတို့ကို ဒယ်အိုးထဲမှ ဖယ်ရှားပြီး ဆေးကြောခြင်းဖြင့် ပိုမိုသိပ်သည်းအားမြင့်သော ပစ္စည်းများသည် အနည်အနှစ်၏အောက်ခြေအထိ နစ်မြုပ်သွားမည်ဖြစ်ပြီး၊ ထိုအခါမှ ရွှေကျင်သူမှ စစ်ဆေးခြင်းနှင့် စုဆောင်းခြင်းလုပ်ငန်းစဉ်ကို စတင်ကာ သတ္တုအမျိုးအစားခွဲခြင်းဖြင့် ရရှိလာသော သတ္တုများကို စစ်ဆေးရမည်ဖြစ်သည်။ သိပ်သည်းသောပစ္စည်းများတွင် အများအားဖြင့် အနက်ရောင်သဲများပါ၀င်ပြီး ကျောက်တုံးစများ သို့မဟုတ် သတ္တုသိပ်သည်းသောအမှုန်များပါရှိသည်။

ခွဲခြမ်းစိပ်ဖြာခြင်း လုပ်ငန်းစဉ်ကြောင့် (သတ္တုတွင်းထွက်ပစ္စည်းများ) ၏ အစိတ်အပိုင်းများနှင့်အတူ ရွှေပမာဏကို ခွဲခြမ်းစိတ်ဖြာသည့် လုပ်ငန်းစဉ်အပြီးတွင် ရွှေကို စစ်ဆေးခြင်းသည် သတ္တုတူးဖော်ခြင်း၏ အရေးကြီးသော ကဏ္ဍဖြစ်သည်။အခြားသော လွယ်ကူပြီး အာမခံချက်ရှိသည့် ရွှေကျင်ခြင်းနည်းလမ်းအချို့နှင့် ထိရောက်သောနည်းလမ်းများကို အမြဲမပြတ်စူးစမ်းရှာဖွေကြသော်လည်း ကျွမ်းကျင်သော ရွှေတူးသမားများပင်လျှင် ပမာဏအကန့်အသတ်ဖြင့်သာ လုပ်ဆောင်သည့် အိုးများ သို့မဟုတ် သံဇကာများကို အသုံးပြုခြင်းဖြင့်သာ ရွှေကျင်ခြင်းလုပ်ငန်းလည်ပတ်မှုတွင် သိသိသာသာသုံးစွဲလေ့ရှိသည်။

ရွှေကို သေးငယ်၍ ကြည်လင်သော ရေထုတ်ပြွန်များ အသုံးပြု၍ စစ်ထုတ်ခြင်းဖြင့်လည်း ရွှေမှုန့်များပေါ်လာတတ်သည်။ ၎င်းရေထုတ်ပြွန် အသုံးပြုခြင်းကြောင့် အခြားသော အနုမြူအမှုန်များနှင့် ဖုန်မှုန့်အမြောက်အမြားကို အခါအားလျော်စွာ တွေ့ရတတ်သည်။အမျိုးမျိုးသော ဒီဇိုင်းတို့ဖြင့် ရွှေကျင်သည့်အိုးများကို နှစ်ပေါင်းများစွာ တီထွင်ခဲ့ပြီး အထက်ပါ ရွှေကျင်ခြင်းလုပ်ငန်းစဉ်များနှင့် နည်းတူ လေးလံသောပစ္စည်းများကို အောက်သို့ အနည်ကျစေခြင်းသည် ရွှေကျင်ခြင်း လုပ်ငန်းစဉ်၏အဆုံးတွင် အလွယ်တကူ ဖယ်ရှားရန်အတွက်ဖြစ်သည်။ အချို့မှာ ပိုမိုလွယ်ကူစေရန် ပြဒါးဖြင့်အသုံးပြုကြသော်လည်း နောက်ပိုင်းတွင် ပြဒါးအသုံးပြုခြင်း၏ ဆိုးကျိုးများကိုလေ့လာတွေ့ရှိမှုများကြောင့် တားမြစ်ပိတ်ပင်မှုများရှိခဲ့သည်။

ရွှေကျင်သည့် အိုးများ၏ အချင်းကို လက်မ သို့မဟုတ် စင်တီမီတာဖြင့် တိုင်းတာသည်။ ယနေ့ခေတ် ရွှေကျင်သည့်အိုးများ၏ အရွယ်အစားမှာ 10 လက်မမှ 17 လက်မ (25 နှင့် 43 စင်တီမီတာ) အကြားရှိကာ 14 လက်မ (36 စင်တီမီတာ) သည် အသုံးအများဆုံးအရွယ်အစားဖြစ်သည်။ ဘေးနှစ်ဖက်သည် ယေဘူယျအားဖြင့် 30° နှင့် 45° ကြားတွင် ထောင့်ချိုးထားသည်။ရွှေကျင်သည့် အိုးများ သို့မဟုတ် ဇကာများကို ရုရှားသံ သို့မဟုတ် လေးလံသောစတီးလ်များဖြင့် အများဆုံးပြုလုပ်ကြသည်။ သို့သော်တစ်ခါတစ်ရံ ပလတ်စတစ်ပစ္စည်းများဖြင့် ပြုလုပ်ဖူးသော်လည်း သံမဏိအိုးများသည် ပလပ်စတစ်အိုးများထက် ပိုလေးပြီး ခိုင်ခံသောကြောင့် သံထည်ကိုရွေးချယ်မှုပိုများသည်။ ပလပ်စတစ်ရွှေကျင်ပစ္စည်းများသည် သံချေးတက်ခြင်း၊ အက်ဆစ်နှင့် သံချေးတက်ခြင်းကို ခံနိုင်ရည်ရှိအောင် အပေါ်အကာဖြင့်ပြုလုပ်ထားသော်လည်း ဒယ်အိုး၏တစ်ဖက်ခြမ်းတစ်လျှောက် ပုံသွင်းထားသည်မှာ သံဖြင့် ဒီဇိုင်းပြုလုပ်ထားခြင်းဖြစ်သည်။ အစဉ်အလာအားဖြင့် ဘေးဘောင် လက်ကိုင်နေရာကိုသစ်သားဘောင်ဖြင့် ပြုလုပ်ထားပြီး ၎င်းကို သတ္တုဖြင့်လည်း ပြုလုပ်နိုင်သည်။

ဂျပန်အခေါ် yuri-ita (揺り板) ရွှေကျင်ဗန်းသည် ဂျပန်နိုင်ငံတွင် အသုံးပြုသည့် ရိုးရာသစ်သားရွှေအိုးဖြစ်သည်။ အခြားရွှေအိုးများနှင့်မတူဘဲ ၎င်းသည် လေးထောင့်ပုံသဏ္ဍာန်ရှိပြီး တစ်ဖက်စွန်းတွင် အဖွင့်အပိတ်ပြုလုပ်ထားသည်။ ဂျပန်နာမည် အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်း ရွှေကို လှုပ်ရှားမှုဖြင့် ကျင်ယူထားသည်ဟု အဓိပ္ပါယ်သက်ရောက်သည်။

မြန်မာနိုင်ငံတွင် သဘာဝသယံဇာတများကို အလွန်အကျွံ ထုတ်ယူသုံးစွဲနေသည်မှာ ဆယ်စုနှစ် နှစ်ခုကျော်ရှိနေပြီဖြစ်သည်။ မြေရှားသတ္တု၊ သတ္တုအမျိုးမျိုး၊ ကျောက်စိမ်းနှင့် ပတ္တမြားအပါအဝင် အခြားသော တွင်းထွက်ပစ္စည်းများဖြစ်သည့် ရွှေ နှင့် အဖိုးတန် ကျောက်မျက်ရတနာများကို တူးဖော်လေ့ရှိပါတယ်။ အသေးစားနှင့် တစ်နိုင်တစ်ပိုင် ရွှေတူးဖော်ခြင်းများက မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ခြင်းကဏ္ဍကို လွှမ်းမိုးထားလျက်ရှိသည်။ ယင်းကဲ့သို့ တစ်နိုင်တစ်ပိုင် တူးဖော်ခြင်း လုပ်ငန်းများ ပေါများလာပြီး ရွှေ နှင့် အခြားသော သတ္တုများ သန့်စင်ရာတွင် စနစ်တကျလုပ်ဆောင်မှု အားနည်းနေခြင်းတို့ကြောင့် အဆိပ်အတောက်ဖြစ်စေသော ဓာတုဓာတ်ငွေ့များ သဘာဝပတ်ဝန်းကျင်ထဲသို့ စီးဝင်မှုများရှိတတ်ပါသည်။ ထိုအရာသည် သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိတို့၏ ကျန်းမာရေးအပေါ်တွင် ပြင်းထန်စွာ ထိခိုက်မှုများ ဖြစ်ပေါ်စေသည်။ ဥပမာအနေနှင့်ဆိုလျှင် ပြဒါး။

မြန်မာနိုင်ငံတွင် ဓာတုပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (ဇ) အရ တရားဝင်တားမြစ်ထားသော်လည်း ပြဒါးနှင့် ဆိုင်ယာနိုက်ကဲ့သို့ အန္တရာယ်ရှိသော ဓာတုပစ္စည်းများကို အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းပြီး ရွှေတူးဖော်သန့်စင်ရေးလုပ်ငန်းများတွင် အသုံးပြုမှုများလည်း တွေ့နေရဆဲဖြစ်သည်။

ပြဒါးကို ရွှေတူးဖော်ရေးလုပ်ငန်းတွေမှာ ဘယ်လိုအသုံးပြုတာလဲ။

ပြဒါးဖြင့် ပေါင်းစပ်အသုံးပြုခြင်းသည် အသေးစား ရွှေတူးဖော်သန့်စင်ရေးလုပ်ငန်းများအတွက် လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်သည်။ သတ္တုတူးဖော်ရေး လုပ်သားများက ရွှေသတ္တုရိုင်းနှင့် ပြဒါးကို ရောနှောပြီး အလွိုင်းသတ္တုပြုလုပ်ပြီး၊ ယင်းအား လောင်ကျွမ်းစေခြင်းဖြင့် ပြဒါးအား အငွေ့ပြန်စေကာ ရွှေအား စွန့်ပစ်ကျောက်၊ မြေ နှင့် အခြားအနည်အနှစ်များမှ ခွဲထုတ်ရရှိစေပါသည်။ ရွှေသန့်စင်သည့် “Cyanidation” ဟုခေါ်သော လုပ်ငန်းစဉ်တွင်လည်း ပြဒါးကို ထည့်သွင်းအသုံးပြုပါသည်။

ပြဒါးရဲ့ ဆိုးကျိုးတွေက ဘာတွေလဲ။

ပြဒါးသည် အလွန်အဆိပ်သင့်စေနိုင်သောအရာဖြစ်သည်။ ပတ်ဝန်းကျင်သို့ စွန့်ထုတ်ပါက သဘာဝပတ်ဝန်းကျင်နှင့် လူထုကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါသည်။ သတ္တုတူးဖော်ခြင်းလုပ်ငန်းများ မှ ပြဒါးယိုဖိတ်မှုကြောင့် ငါးများသေဆုံးခြင်း၊သောက်သုံးရေများတွင် ပျော်ဝင်ညစ်ညမ်းစေခြင်း နှင့် စိုက်ပျိုးမြေများ ထိခိုက်ပျက်စီးစေခြင်းတို့ကို အဓိကဖြစ်ပေါ်စေပါသည်။

အသေးစားနှင့် တစ်ပိုင်တစ်နိုင် ရွှေတူးဖော်ခြင်းလုပ်ငန်းများသည် ရေနှင့် ကုန်းနေ ဂေဟစနစ်များတွင် ပြဒါးသုံးစွဲမှုအများဆုံးဖြစ်တာကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုဖြစ်စေသည်။ ဥပမာ အားဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် 2007ခုနှစ်က မတူညီသော မိုင်းတွင်းနေရာများ၌ 5 တန် မှ 140 တန် ပမာဏအတွင်း ပြဒါးထုတ်လွှတ်လျက်ရှိပြီး မြေထု နှင့် ရေထုကို တိုက်ရိုက်ညစ်ညမ်းစေကာ လူထောင်ပေါင်းများစွာနှင့် ကလေးငယ်များကို သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်စေခဲ့သည်။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံ- Grasber ရွှေတွင်းမှ ထွက်ရှိသော အဆိပ်အတောက် တန်ချိန် 110,000 ကို Ajikwa မြစ်ထဲသို့ စွန့်ပစ်ခဲ့မှုကြောင့် အမေရိကန်ဒေါ်လာ 13 ဘီလီယံကျော် တန်ဖိုးရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုကိုဖြစ်စေခြင်း နှင့် ဟက်တာ 100,000 ကျော်ရှိ မြေနေရာတွင် နေထိုင်နေကြသော လူ့အဖွဲအစည်းများကိုလည်း ထိခိုက်စေခဲ့သည်။

ဒါ့အပြင်သုတေသနပြုချက်များအရ ထိုင်းနိုင်ငံ – Chatree ရွှေတွင်းအနီးတွင် နေထိုင်သူ ရာဂဏန်းကျော်ကို သတ္တုအဆိပ်သင့်မှုဆိုင်ရာ ဆေးစစ်မှုပြုလုပ်ခဲ့ပြီး၊ စမ်းသပ်ခံသူ ထက်ဝက်ကျော်နှင့် ကလေးငယ် 4 ဦးတွင် 3 ဦးက ပုံမှန်ထက်ပြင်းထန်သော သတ္တုအဆိပ်သင့်မှုကို ကြုံတွေ့ခဲ့ရကြောင်း တွေ့ရှိခဲ့သည်။ သတ္တုတွင်းအနီးအနားရှိ လူမှုအသိုက်အဝန်းအား အသက်ရှုရန်ခက်ခဲခြင်း နှင့် အရေပြားရောဂါများအပါအဝင် ပြင်းထန်သော နာမကျန်းမှုများဖြစ်ပေါ်စေပါသည်။

အခြားသော နည်းလမ်းပေါင်းများစွာဖြင့် အသေးစား ရွှေတူးဖော်ခြင်း လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ ဥပမာ ရေငုပ်ရှာဖွေခြင်း၊ ရွှေကျင်ခြင်း၊ မြစ်ချောင်းများကို မိုင်းဖောက်ခွဲကာ သောင်တူးခြင်းနှင့် ဟိုက်ဒရောလစ်သတ္တုတူးဖော်နည်း စသည်တို့ပါဝင်သည်။ရွှေများကို မြစ်အနည်များနှင့် ကျောက်အနည်များတွင် တွေ့ရှိနိုင်သည်။ ရွှေသတ္တုရိုင်းထုတ်ယူရန် အဓိကနှင့် အရိုးရှင်းဆုံးနည်းလမ်းမှာ မြေအောက် သို့မဟုတ် တွင်းပွင့်တူးဖော်ခြင်းမှတဆင့် တူးဖော်ခြင်းဖြစ်သည်။

တူးဖော်ရေးလုပ်ငန်းစဉ် ပြီးဆုံးပါက ရွှေသတ္တုရိုင်းကို ကျောက်ခွဲစက်ဖြင့် ထုခွဲပြီး ရလာသောအမှုန့်များကို ဒယ်အိုးထဲတွင် ရေထည့်ကာ ရွှေမော်လီကျူးများကို ကမ္ဘာ့ဆွဲငင်အားနဲ့ ခွဲထုတ်ရသည်။ ရွှေမှုန်များသည် ဒယ်အိုး၏အောက်ခြေတွင် သဲများနှင့်အတူအနည်ကျနေသည်။ ၎င်းတို့ကို သီးခြားခွဲထုတ်ရန် ပြဒါး (သို့မဟုတ် တခါတရံ ဆိုင်ယာနိုက်) ကို ဒယ်အိုးထဲသို့ထည့်ကာ ရွှေနှင့်ပေါင်းစပ်အောင်ပြုလုပ်ပြီး အလွယ်တကူ ထုတ်ယူနိုင်သည်။

ထိုမှတဆင့် ပြဒါးသတ္တုစပ်ဖြစ်သော အမာလ်ဂမ်ကို အပူပေးကိရိယာမှတဆင့် အငွေ့ပြန်စေပြီး သန့်စင်သောရွှေရရှိသည်။ ပြဒါးသည် လေထုထဲသို့အငွေ့ပြန်သွားသည်နှင့်တပြိုင်နက် ပတ်ဝန်းကျင်တွင် ကျန်ရှိနေသည်ကို သတိပြုရမည်ဖြစ်သည်။

အခုမျှဝေပေးခဲ့တဲ့ အကြောင်းအရာလေးကတော့ ရွှေကျင်ခြင်းမှ တစ်ဆင့်ရရှိလာတဲ့ ရွှေသတ္တုတွေ့ရှိဖို့ အဆင့်များနှင့်အတူ အခြားစိတ်ဝင်စားဖွယ်အကြောင်းအရာလေးတွေဖြစ်တာကြောင့် အားလုံးလည်း စိတ်ဝင်စားကြမယ်လို့မျှော်လင့်ရင်း နောက်အပတ်တွေမှာ ပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ။