ပြည်တွင်းသတင်း

လက်ရှိမြန်မာပြည်ရဲ့ရွှေဈေးကွက်အခြေအနေ

goldpricemarket2021

လက်ရှိမှာတော့ အားလုံးစိတ်ဝင်စားနေကြတဲ့ မြန်မာနိုင်ငံရဲ့ ဝယ်လိုအားအမြင့်ဆုံးနေရာမှာရှိနေတဲ့ မြန်မာ့ရွှေဈေးကွက်ရဲ့ အခြေအနေလေးနဲ့ပတ်သတ်ပြီး
ဒီတစ်ခေါက်မှာတော့
 တင်ဆက်ပေးချင်ပါတယ်။ မြန်မာ့ငွေကြေးဈေးကွက်ရဲ့ အဓိက အက္ခရာဖြစ်တဲ့ ဘဏ်လုပ်ငန်းတွေရဲ့ ငွေကြေးလည်ပတ်မှုပြသာနာတွေကြောင့် လူအများစုဟာ ဘဏ်တွေမှာ ငွေစုခြင်းထက် ရွှေဝယ်ယူစုဆောင်းခြင်းဘက်ကို အားသာလာကြပါတယ်။ ဘဏ်မှာငွေကြေးစုဆောင်းထားသည်များကို ပြန်ထုတ်ယူရာတွင်မလွယ်ကူခြင်းများကြောင့်လည်း ဘဏ်များအပေါ် ယုံကြည်မှုအားနည်းလာပြီး ရွှေဈေးကွက်အပေါ် ပိုမိုမြှုပ်နှံမှုပြုလုပ်လာကြခြင်းဖြစ်ပါတယ်။  

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့်လည်း ယခုအခါမှာမြန်မာ့ရွှေဈေးကွက်ဟာ ပိုပြီးအတက်အကျမြန်ခြင်းနဲ့
မတည်ငြိမ်မှုကို
 ရင်ဆိုင်နေကြရပါတယ်။ နိုင်ငံခြားကနေ ငွေလွှဲအခက်အခဲတွေကြောင့် လူအများစုဟာ နိုင်ငံခြားငွေရင်းနှီးမြှုပ်နှံမှုအပေါ် စိတ်ဝင်စားမှုနည်းပါးလာသလို နိုင်ငံခြားငွေလည်ပတ်မှုဟာလည်း ယခင်ကလောက်အားမကောင်းတော့တာကြောင့် ခိုင်လုံမှုရှိပြီး အာမခံချက်ရှိတဲ့ ရွှေဈေးကွက်အပေါ်ပိုပြီး အာရုံစိုက်လာကြပါတယ်။ ဒါကြောင့် ပုံမှန်အားဖြင့် ဒေါ်‌လာဈေးတက်ခြင်းကျခြင်းဟာ ရွှေဈေးနှုန်းအတက်အကျအပေါ်မူတည်တတ်ပေမဲ့ လက်ရှိအခြေအနေမှာတော့ ဒေါ်လာဈေးကျပေမဲ့လည်း ရွှေဈေးကတော့ ဒေါ်လာဈေးထက်တက်လျှက်ရှိနေတာပဲဖြစ်ပါတယ်။  

ယခုအခါမှာ မြန်မာ့စီးပွားရေးလုပ်ငန်းတွေဟာ ရင်းနှီးမြှုပ်နှံမှုအများစုကိုရပ်ဆိုင်းထားရပြီး ပြည်တွင်းအလုပ်အကိုင်ရှားပါးလာခြင်း၊
အလုပ်လက်မဲ့လူဦးရေတိုးများလာခြင်း၊ ကိုဗစ်တတိယလှိုင်းစတဲ့
 ကျန်းမာရေးပြသာနာတွေနဲ့ ရင်ဆိုင်နေကြရတာကြောင့် ကုန်ဈေးနှုန်းမြင့်တက်လာမှုတွေနဲ့အတူ ရွှေဈေးကွက်မှာ မိနစ်နဲ့အလိုက်အတက်အကျမြန်နေပါတယ်။ ရွှေဝယ်ယူမှုမှာလည်း ပုံမှန်ရွှေထည်ပစ္စည်းဝယ်ယူမှုမှာ အားနည်းလာပြီး ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့သာ ဝယ်ယူမှုအားကောင်းလာတာဖြစ်ပါတယ်။ ရွှေထည်ပစ္စည်းတွေထက် ရွှေတုံး ရွှေပြား စသည့်အလျော့တွက်လက်ခသက်သာသည့်ပစ္စည်းဝယ်ယူမှုမျိုးကို ပိုပြုလုပ်လာကြပါတယ်။  

ဒါကြောင့် ရွှေဆိုင်အများစုကလည်း ဝယ်ယူသူ Customer များရဲ့ စိတ်တိုင်းကျမှုကို ပိုပြီးဦးစားပေးလာကြခြင်းနဲ့အတူ ဝန်ဆောင်မှုကောင်းအောင်ကြိုးစားနေကြပြီး ဝယ်ယူသည့် Customer များလိုချင်သည့် ဒီဇိုင်း၊ ရွှေအရည်အသွေး နဲ့ မှန်ကန်တိကျမှုများအပေါ်မှာလည်း ပိုမိုအားစိုက်ထုတ်လာကြသည်ကိုတွေ့မြင်ရပါတယ်။  

အခုပြောပြပေးခဲ့တဲ့ အကြောင်းအရာလေးကတော့ လက်ရှိမှာ မတည်ငြိမ်မှုများစွာနဲ့ရင်ဆိုင်နေကြရတဲ့ မြန်မာနိုင်ငံရဲ့ ရွှေဈေးကွက်အခြေအနေလေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရွှေဝယ်မယ်ဆိုရင် လက်ရှိပေါက်ဈေးကိုသေချာစုံစမ်းပြီး အာမခံချက်ရှိတဲ့ ရွှေဆိုင်မျိုးတွေမှာပဲဝယ်ယူဖို့ကိုလည်း အကြံပြုချင်ပါတယ်။