ကျောက်မျက်အကြောင်းသိကောင်းစရာ, ပညာရေး, မွေးနေ့ကျောက်

June ဇွန်လဖွား ‌မွေးနေ့ရှင်တို့အတွက် Pearl (ပုလဲ)

June လမှာ မွေးဖွားသူတွေရဲ့ Birthstone ကတော့ ကံကောင်းခြင်းတွေနဲ့ ပျော်ရွှင်ခြင်းတွေကို ဆောင်ယူပေးနိုင်တဲ့ Pearl (ပုလဲ) ဖြစ်ပါသည်။

ပုလဲများသည် သဘာဝအော်ဂဲနစ် ကျောက်မျက်များဖြစ်ပြီး ရေထဲတွင် ကမာကောင်၏ တစ်သျှူးအတွင်း၌ ပေါက်ရောက်သည်။ ထို့အပြင် ပုလဲသည် သက်ရှိသတ္တဝါများ ပြုလုပ်သော တစ်ခုတည်းသော ကျောက်မျက်ရတနာဖြစ်သည်။ အရှားပါးဆုံးနှင့် တန်ဖိုးအကြီးမားဆုံး ပုလဲများသည် သဘာဝပုလဲများဖြစ်သည်။

ပုလဲသည် (2.5) မှ (4.5) အထိ Mohs Hardness Scale မျှသာရှိသည်။ ထို့ကြောင့် ၎င်းသည် ပျော့ပျောင်းသော ကျောက်မျက်ဖြစ်သဖြင့် အထူးဂရုစိုက်ရန် လိုအပ်သည်။ ထို့အပြင် အစင်းထင်း လွယ်သဖြင့် ၎င်းကို အခြားကျောက်မျက်ရတနာများနှင့် သတ္တုကျောက်မျက်ရတနာများနှင့်အတူ ရောနှောပြီး သိမ်းဆည်း မထားသင့်ပါ။ ပုလဲများကို နူးညံ၍ စိုစွတ်သော အဝတ်စကို အသုံးပြုပြီး ပွတ်တိုက်ပေးခြင်းအားဖြင့် သန့်စင်ပေးနိုင်သည်။

ဒဏ္ဍာရီများအရ အရှေ့အလယ်ပိုင်းမှ ရှေးလူကြီးများက ပုလဲများသည် “ကောင်းကင်မှ ကျလာသော နတ်ဘုရားတို့၏ မျက်ရည်များ” ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့အပြင် တရုတ်လူမျိုးများသည် ဇွန်လတွင် မွေး‌ဖွားသော ကျောက်တုံးသည် နဂါး၏ဦးခေါင်းမှ လာသည်ဟု ယုံကြည်ကြသည်။ ပုလဲများသည် စင်ကြယ်ခြင်းနှင့် ချိုမြိန်ခြင်းကို ကိုယ်စားပြုပြီး မင်္ဂလာရှိသောလက်ဆောင်တစ်ခုအဖြစ် သတ်မှတ်ကြသည်။ မင်္ဂလာသတို့သမီးများအတွက် ပျော်ရွှင်ခြင်းကိုဆောင်ယူပေးနိုင်သော ကျောက်မျက်တစ်မျိုးအဖြစ် ဂရိလူမျိုးများက ယခုတိုင် ယုံကြည်လက်ခံကြသည်။

ပုလဲများသည် အသက်ရှိသော သက်ရှိများမှထုတ်လုပ်သော သဘာဝအဖိုးတန်ကျောက်မျက်တစ်မျိုးဖြစ်ပြီး အခြားကျောက်မျက်များကဲ့သို့ ကျောက်အပိုင်းအစများကို ဖြတ်တောက်ခြင်းအားဖြင့် ရရှိလာခြင်းမျိုးမဟုတ်ဘဲ ထူးခြားသော ကျောက်မျက်ရတနာတစ်မျိုးဖြစ်သည်။

ကမာကောင်လေးများသည် ပုလဲများကို ထုတ်လုပ်သည့် သက်ရှိအကောင်လေးများဖြစ်သည်။ သဘာဝပုလဲများကို အာရေဗျပင်လယ်ကွေ့ (ပါရှန်းပင်လယ်ကွေ့) တွင် လွန်ခဲ့သောနှစ်ပေါင်း 5000 ခန့် (ဘီစီ 300) လောက်ကတည်းကပင် ပင်လယ်နီတွင် ရေငုပ်သမားများက စတင်တွေ့ရှိခဲ့ကြသည်။ 16 ရာစုမှစ၍ စပိန်ကိုလိုနီခေတ်တွင် မက္ကဆီကို အမေရိကအလယ်ပိုင်းနှင့် ယခု ဗန်နီဇွဲလားရှိ ပင်လယ်များထဲတွင် ပုလဲအမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့သည်။

အကောင်းဆုံးပုလဲများသည် တောက်ပသော သဘာဝအရောင်များရှိပြီး ငွေရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ အညိုရောင်၊ ပန်းရောင်နှင့် အနက်ရောင်စသည်ဖြင့် အရောင်အသွေးစုံလင်စွာရှိပြီး အနက်ရောင်ပုလဲများမှာ အရှားပါးဆုံးနှင့် တန်ဖိုးအကြီးဆုံးဖြစ်သည်။ အကျော်ကြားဆုံး သဘာဝပုလဲများထဲမှ တစ်ခုမှာ 55.95 ကာရက်ရှိသော h အမည်ရှိ ခိုငှက်ဥအရွယ်ရှိသောပုလဲဖြစ်သည်။

ကမ္ဘာအနှံ့အပြားတွင် ပုလဲများကို တွေ့ရသော်လည်း သဘာဝပုလဲများကို ဘာရိန်းအနီးရှိ ပါရှန်းပင်လယ်ကွေ့တွင် အများဆုံးတွေ့ရသည်။ ပုလဲဆောင်သော ကမာကောင်လေးများသည် ညစ်ညမ်းသောရေတွင် ရှင်သန်ရန် မဖြစ်နိုင်သောကြောင့် ပုလဲမွေးမြူရေးခြံများသည် များသောအားဖြင့် နွေးထွေးသောရေ ကြည်လင်သောရေများတွင်သာ ပုလဲမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ကြရသည်။ ရေငန်ပုလဲများစိုက်ပျိုးမှုကိုလည်း ကမ္ဘာအနှံ့အပြားတွင် များစွာတွေ့ရသည်။

Akoya ပုလဲများအား အဓိကအားဖြင့် ဂျပန်နှင့် တရုတ်နိုင်ငံတို့တွင် အများအားဖြင့် မွေးမြူကြသည်။ Akoya ပုလဲများသည် လုံးဝန်းသော ပုံသဏ္ဍာန်ရှိပြီး မှန်ကဲ့သို့ ကြည်လင်တောက်ပသောကြောင့် “Little Light Bulbs” လို့လည်း ခေါ်ကြသေးသည်။ ထို့ပြင် ၎င်းတောင်ပင်လယ်ပုလဲများကို ဩစတေးလျမြောက်ပိုင်းကမ်းရိုးတန်းနှင့် အင်ဒိုနီးရှားမှတစ်ဆင့် အရှေ့တောင်အာရှ၏ တောင်ဘက်ကမ်းရိုးတန်းမှ ဖိလစ်ပိုင်နိုင်ငံအထိ ကြီးမားသော ပုလဲမွေးမြူရေးလုပ်ငန်းများတွင်လည်း တွေ့ရသည်။ Akoya တောင်ပင်လယ်မှထွက်သော သဘာဝပုလဲများသည် အလွန်ရှားပါးပြီး တန်ဖိုးအားဖြင့်လည်း အခြားပုလဲများထက် မြင့်မားသည်။

ပြင်သစ် ပေါ်လီနီးရှားကျွန်း၏ အစိတ်အပိုင်းနှစ်ခုဖြစ်သော Gambier ကျွန်းစု နှင့် Tuamotu ကျွန်းစုများသည် “Tahitian” ပုလဲ များကို မွေးမြူသောဒေသနှစ်ခုဖြစ်သည်။ ထို့အပြင် ရေချိုပုလဲ၏ အဓိကအရင်းအမြစ်မှာ တရုတ်ဖြစ်သည်။

ပုလဲများအားလုံးသည် ၎င်းတို့၏ တောက်ပမှု၊ Nacre အထူ၊ ပုံပန်းသဏ္ဌာန်၊ မျက်နှာပြင်ချောမွေ့မှု၊ အရည်အသွေး နှင့် အရွယ်အစားပေါ်အခြေခံ၍ တန်ဖိုးကို သတ်မှတ်အကဲဖြတ်ကြသည်။
ကျောက်မျက်ရတနာအားလုံးမှာ မိမိတို့ကိုယ်ပိုင်စွမ်းအင်သတ္တိအမျိုးမျိုးရှိကြသလို ပုလဲသည်လည်း မိမိတို့ကိုအလှဆင်ပေးတဲ့ကျောက်မျက်ရတနာတစ်ခုအနေနဲ့ သာမက နှစ်‌ပေါင်းများစွာ ယုံကြည်မှုဆိုင်ရာ အထောက်အထားများစွာရှိပြီး ကောင်းကျိုးအဖြာဖြာနှင့် ပြည့်စုံသော ကျောက်လေးဖြစ်ကြောင်း သိသမျှ မျှဝေပေးလိုက်ပါတယ်နော်။ Pearl လေးဟာ June လ ဖွားမွေးနေ့ရှင်တို့အတွက် Lucky Stone လေးသာမက ကိုယ်ချစ်ရတဲ့သူတွေအတွက် အကောင်းဆုံးဖြစ်စေသည့် လက်ဆောင်ကောင်းတစ်ခုအဖြစ် ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကို ပြသလိုက်ကြရအောင်နော်။