ရွှေအကြောင်းသိကောင်းစရာ

ရွှေတွက်နည်းအကြောင်း သိကောင်းစရာ

knowlegeaboutcalculationofgoldprice

မြန်မာနိုင်ငံမှာဆိုလျှင် ရွှေကို ကျပ်၊ ပဲ၊ ရွေး နဲ့တွက်ကြပါသည်။

ကျပ်၊ ပဲ၊ ရွေး ဆက်သွယ်ချက်

၁ကျပ် = ၁၆ပဲ

၁ပဲ = ၈ရွေး

၁ကျပ် = ၁၂၈ရွေး

၁ကျပ် = ၁၆.၆ဂရမ်

ရွှေတွက်နည်း ဖော်မြူလာလေးကတော့

ရွေး / ၈ + ပဲ / ၁၆ + ကျပ် * ၁ကျပ်သားရွှေဈေးနှုန်း

ဥပမာအနေနဲ့ ပြောရမည်ဆိုလျှင် ရွှေဈေးတစ်ကျပ်သားမှာ ၁၂၀၀၀၀၀ ဆိုပါစို့ ၁ကျပ် ၇ပဲ ၅ရွေးကို တွက်မယ်ဆိုလျှင် ၅ / ၈ + ၇ / ၁၆ + ၁ * ၁၂၀၀၀၀၀ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ရွှေအရည်အသွေးကို ပဲရည်အနေနဲ့ ပြောကြပါတယ်။ အနောက်နိုင်ငံမှာတော့ Karat နဲ့ ပြောလေ့ရှိပါတယ်။

24K = ၁၆ပဲရည် (မီးလင်းရွှေ၊ အခေါက်၊ 100%)

23K = ၁၅ပဲရည်

22K = ၁၄ပဲ ၂ပြားရည်

21K = ၁၄ပဲရည်

20K = ၁၃ပဲရည်

19K = ၁၂ပဲ ၂ပြားရည်

18K = ၁၂ပဲရည်

17K = ၁၁ပဲ ၂ပြားရည်

16K = ၁၁ပဲရည်

15K = ၁၀ပဲရည်

14K = ၉ပဲရည်

13K = ၈ပဲ ၂ပြားရည်

12K = ၈ပဲရည် အစရှိသဖြင့် ခေါ်ကြပါသည်။

၁၆ပဲရည်ကို မီးလင်းရွှေလို့ ခေါ်ပုံက ၁၆ပဲရည်ရွှေဟာ မီးဖုတ်ငရဲမီးချသော်လည်း မဲမသွားသောကြောင့် ဖြစ်ပါတယ်။

၈ပဲရည်အောက် နိမ့်တဲ့ရွှေကိုတော့ မိုးကြိုးရွှေလို့ ခေါ်ပါတယ်။

ကမ္ဘာ့ရွှေဈေးကို မြန်မာ့ရွှေဈေးအဖြစ် တွက်နည်းလေးကတော့

 မြန်မာ့ရွှေဈေး = ကမ္ဘာ့ရွှေဈေး / 1.875 * ဒေါ်လာပေါက်ဈေး

အလျော့တွက်ဆိုတာလေးက ရွှေလုပ်တဲ့အခါမှာ ရွှေအလေအလွှင့် ဖြစ်ပါတယ်။ ရွှေဈေးအတူတူမှာ ရွှေဝယ်ပြီး ပြန်ရောင်းတဲ့အခါ ရှုံးတယ်ဆိုတာမျိုး ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွှေကို ပြန်ရောင်းတဲ့အခါမှာ အလျော့တွက်လေးမပါတော့တာကြောင့်ဖြစ်ပါတယ်။ ရွှေကို ရေရှည်ဝတ်ပြီး ရွှေဈေးတတ်တဲ့အခါမှ ပြန်ရောင်းမယ်ဆိုလျှင် အလျော့တွက်ကာမိနိုင်ပါတယ်။

ဒီရွှေတွက်နည်းလေးကတော့ လေ့လာမိသလောက် စုစည်းပြီး ဝေမျှပေးတာပါ။ ရွှေချစ်သူမိဘပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး ရွှေငွေအများ ဒီရေအလား တိုးပွားနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလျက် . . .