ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်သည် 1952 ခုနှစ်မှစတင်၍ ပန်းထိမ်လုပ်ငန်း အဓိကထား လုပ်ကိုင်စေခဲ့ပြီး ပန်းထိမ်သက်တမ်း ၇၀ ဝန်းကျင်နှင့် ဆိုင်လုပ်ငန်း သက်တမ်း ၂၀ ကျော်ရှိသည့် အောင်မြင်နေသော ရွှေဆိုင်ဖြစ်ပါသည်။ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်တွင် ရွှေအရည်အသွေးကို စံချိန်မှီရွှေသားနှင့် ပြုလုပ်ထားပြီး ဝယ်သူများ စိတ်ကျေနပ်မှု ရရှိရန်အတွက် အထည်များကို လက်လီရောင်းချပေးခြင်း၊ လက်ကားရောင်းချ ပေးခြင်း၊ ကိုယ်ပိုင် ပန်းထိမ်ရှိသည့်အတွက် customers များစိတ်ကြိုက် order များအပ်နိုင်ကာ အလျော့တွက်လက်ခများမှာ အသက်သာဆုံးဖြစ်အောင် ဆောင်ရွက်ပေးခြင်း၊ ရွှေအရည်အသွေးအလိုက် ခိုင်ခန့်မှုရှိအောင်ပြုလုပ်ပေးခြင်း အစရှိသောဝန်ဆောင်မှုများကို ဦးစားပေး ဆောင်ရွက်လျက် ရှိပါသည်။ ယခုအခါတွင် ဦးထုံ ရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်သည် အောက်ဖော်ပြပါ လုပ်ငန်းများနှင့် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်လာခဲ့ပြီး ယခုထက်ပိုမိုအောင်မြင် တိုးတက် အောင်လည်း ပူးပေါင်း၍ ကြိုးစား လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

Press Release UHJJ 01
Press Release UHWM
Press Release UHHiHi