Press Release UHWM

မိတ်ဟောင်းမိတ်သစ် Customers များအပေါ် စေတနာထားကာ ရွှေရည်အပြည့်အဝဖြင့်ရောင်းချပေးနေသော ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်သည် ယခုအခါတွင် ဆိုင်အမှတ် (၁) နှင့် ဆိုင်အမှတ် (၂) ဟူ၍ ဖွင့်လှစ် ရောင်းချပေးလျက်ရှိရာ ဆိုင်ခွဲများတွင် ဝန်ထမ်းများ၏ စီမံခန့်ခွဲမှုပိုင်းအတွက်  Win & Myint Co.,Ltd နှင့် ပူးပေါင်းခဲ့ပါသည်။  Win & Myint Co.,Ltd သည် 2020 ခုနှစ်တွင် စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကုမ္ပဏီ တစ်ခု ဖြစ်ကာ ပြည်တွင်းနှင့် နိုင်ငံတကာများတွင် စီးပွားရေးလုပ်ငန်းကြီးများကို ကြီးပွားတိုးတက် အောင်မြင်စေရန် ရည်ရွယ်၍ စွန့်ဦးတီထွင်ကုမ္ပဏီတစ်ခုအနေဖြင့် လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ယခုအခါ ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင် သည် ဝန်ထမ်းများ၏ စီမံခန့်ခွဲမှုအပိုင်းများ၊ ဝန်ထမ်းအသစ်များခေါ်ယူခြင်း၊ အထည်ပစ္စည်းများအား လက်လီရောင်းဝယ်ခြင်း၊ လက်ကားဖြန့်ဖြူးရောင်းချခြင်းများ၊ Digital Sale လုပ်ငန်း များနှင့် ဦးထုံရွှေဆိုင်၏ နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းများဖြစ်သည့် Graphics , Live,online sale, digital marketing စသည်တို့ကို Win & Myint Co.,Ltd ၏ အကူအညီဖြင့်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ဦးထုံရွှေဆိုင်နှင့် Win & Myint Co.,Ltd ပူးပေါင်း၍လည်းဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်၏ Website တစ်ခုကို ပူးပေါင်းတည်ထောင်နိုင်ခဲ့ကာ Customers များအတွက် ၂၄နာရီ အချိန်မရွေး အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် Website မှတဆင့် အထည်ပစ္စည်းများကို ရွေးချယ်ဝယ်ယူနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာရရှိခဲ့ပါသည်။ Win &Myint Co.,Ltd သည် ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်နှင့် ပူးပေါင်းဆောင်ရွက်ကာမြန်မာနိုင်ငံရှိ ပွင့်လင်းမြင်သာသော စီးပွားနယ်ပယ်တစ်ခုတွင် နေရာတစ်ခုအနေဖြင့် အကောင်းဆုံးကြိုးစားရပ်တည်နေပြီ ဖြစ်ပါသည်။

Win & Myint Co.,Ltd
အခန်း (B) 07-05 (မြေညီထပ်)၊ လမ်းမတော်ပလာဇာ (သံဈေးအနီး)၊ လမ်းမတော်လမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

Tel: 09 885 152 305
Viber: +959 885 152 305
Facebook Link: https://www.facebook.com/winandmyintco