ဆောင်းပါး

ကျောက်ဘယက်အကြောင်းသိကောင်းစရာ

about necklace, u hton goldsmith, myanmar

ကျောက်ဘယက်ကို ဝတ်ဆင်ထားမယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ရှိနေပါသည်။ ကျောက်ဘယက်လေးတွေက အရောင်အသွေးစုံစုံလင်လင်ရှိတာကြောင့် ကိုယ်ဝတ်ဆင်ထားတဲ့ အင်္ကျီဒီဇိုင်းအပေါ်လိုက်ပြီး တွဲဖက်ဝတ်ဆင်နိုင်ပါသည်။ ကျောက်ဘယက်လေးတွေဟာ မြန်မာဝတ်စုံလေးတွေနဲ့လည်း လိုက်ဖက်သလို အနောက်တိုင်းဝတ်စုံတွေနဲ့လည်း အလွန်တင့်တယ်လှပပါသည်။ အလှူ၊ မင်္ဂလာဆောင်တွေမှာလည်း ထည်ထည်ဝါဝါဝတ်ဆင်နိုင်ပြီး  ပါတီပွဲတက်ရောက်တဲ့အခါတွေမှာ ဝတ်ဆင်မယ်ဆိုလည်း လူတကာငေးကြည့်ရလောက်ပြီး ပေါ်လွင်နေအောင် လှနေမှာ အသေအချာဖြစ်ပါသည်။

မြန်မာလူမျိုးတို့ရဲ့ အယူအဆနှင့်နှိုင်းယှဉ်ကြည့်ရင် ကျောက်လေးတွေကို လအလိုက်သော်လည်းကောင်း၊ နေ့အလိုက်သော်လည်းကောင်း၊ အဆောင်အနေနဲ့ ဝတ်ဆင်ကြတာကိုတွေ့မြင်ရပါသည်။ ထိုအဆောင်လေးတွေကို ဝတ်ဆင်တဲ့အခါမှာလည်း အမှန်တကယ်ကျန်းမာရေးကောင်းလာတာတွေ၊ စီးပွားလာဘ်လာဘတွေတိုးတက်လာတာတွေကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်နေကြရပါသည်။

ရှေးဘုရင် အုပ်စိုးသောအချိန်က ကျောက်အရည်အသွေးအမှန်တကယ်ကောင်းသည်ဆိုလျှင် တိုင်းပြည်တစ်ပြည်နီးပါးတန်ဖိုးရှိပါသည်။ ဟိုးယခင်ကဆိုလျှင် မြန်မာပြည်မှာရှိတဲ့ ပြည်တန်ပတ္တမြားဆိုသည်မှာ တိုင်းပြည်တစ်ပြည်နီးပါးတန်ဖိုးကြီးမားလှပါသည်။ ထို့ကြောင့် ကျောက်မျက်ရတနာဆိုသည်မှာ အလွန်တန်ဖိုးကြီးပြီး ဤကျောက်မျက်ရတနာကို ပိုင်ဆိုင်ထားသူသည် အမှန်တကယ် တန်ဖိုးရှိသောအရာကို ပိုင်ဆိုင်ထားသူလဲဖြစ်ပါသည်။