စိန်အကြောင်းသိကောင်းစရာ

Cursed Diamonds – The Black Orlov

Black Orlov

ဒီတစ်ခါမှာတော့ ကျောက်မျက်ရတနာတွေအားလုံးထဲမှာမှ တန်ဖိုးအကြီးဆုံးနဲ့ လူကြိုက်အများဆုံး ကျောက်မျက်တစ်မျိုးဖြစ်တဲ့ စိန်နဲ့ပတ်သက်ပြီး အကြောင်းအရာများစွာရှိတဲ့ထဲကမှ နာမည်ကျော်တဲ့ Black Orlov စိန် တစ်နည်းအားဖြင့် ” ကျိန်စာသင့်သောစိန် ” ၏ မယုံနိုင်စရာ စိတ်ဝင်စားဖွယ်ဇာတ်လမ်းလေးကို အားလုံးအတွက် ဗဟုသုတရရှိစေဖို့ ရည်ရွယ်ပြီး မျှဝေပေးဖို့ရွေးချယ်ထားပါတယ်။

The Black Orlov စိန်ကို အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိခဲ့ကြသည်ဟု ကျောက်မျက်ဗေဒပညာရှင်အချို့က ခန့်မှန်းခဲ့ပြီး တချို့ကလည်း အိန္ဒိယသည် စိန်နက်များ ထုတ်လုပ်သည့်နေရာ မဟုတ်သောကြောင့် မဖြစ်နိုင်ဟု ယူဆကြသည်။ ဒဏ္ဍာရီဇာတ်လမ်းတွေ အရတော့ The Black Orlov ကို 19 ရာစုလောက်က အိန္ဒိယနိုင်ငံ Pondicherry တွင် ဟိန္ဒူဘုန်းကြီးတစ်ပါးသည် Brahma ရုပ်ထုခေါင်းရင်းမှ 195 ကာရက်ရှိသော အနက်ရောင်စိန်တစ်လုံးကို ခိုးယူသွားခဲ့သည်ဟုဆိုသည်။ ၎င်းအနက်ရောင်စိန် The Black Orlov ကို လွန်ခဲ့သောရာစုနှစ်များစွာထဲက အထူးနေရာတွင် ထည့်ထား ကိုးကွယ်ခဲ့သောကြောင့် ထိုကျောက်မျက်ကို “ဗြဟ္မာမျက်လုံး” ဟုလည်း ခေါ်ကြသည်။ ယခင်က ၎င်းစိန်ကို Eye of Brahma ဟုခေါ်ပြီး Black Orlov ဟု အမည်ပြောင်းခဲ့သည်။ တရားဝင်ဇာတ်လမ်းအရကတော့ ထိုကျောက်ကို ခိုးယူခဲ့သည့် ဘုန်းကြီးသည် မကြာခင် အသတ်ခံရခဲ့သည်။ ထိုအချိန်ကစတင်ပြီး ၎င်းစိန်သည် ၎င်းနှင့် ထိတွေ့လာသူအားလုံးကို သတင်းဆိုးများ ပေးပို့သည်ဟု အခိုင်အမာ ဆိုကြသည်။

Black Orlov ၏ ကျိန်စာသည် ၎င်းကိုပိုင်ဆိုင်သည့် ပိုင်ရှင်မှာ ဒုက္ခရောက်ခြင်း၊ အသတ်ခံရခြင်းအပြင် ကိုယ့်ကိုယ်ကိုသတ်သေမှု အထိဖြစ်စေနိုင်သည်ဟု ယုံကြည်ကြပြီး 20 ရာစု ပထမတစ်ဝက်တွင် မိမိကိုယ်ကိုသတ်သေမှု (3) ခုတွင် The Black Orlov ၏ ကျိန်စာကြောင့်ဖြစ်မည်ဟု ကောလာဟလများ ထွက်ပေါ်လျက်ရှိသည်။ 1932 မှာတော့ Black Orlov ကို European စိန်ကုန်သည် Mr. J.W. Paris က ရှာဖွေတွေ့ရှိခဲ့ပြီး New York ရောက်ရှိပြီးနောက် တစ်ပတ်အတွင်းမှာ ရောင်းထွက်ခဲ့ပါတယ်။ ထိုသို့ ရောင်းထွက်ခဲ့တဲ့နှစ် April 7 ရက်နေ့မှာပဲ Manhattan skycrapter in the heart of 5th Avenue ကနေ ခုန်ချသွားခဲ့ပါတယ်။အဲ့ဒီ့ အဖြစ်အပျက်ကနေစတင်ခဲ့ပြီးတော့ Black Orlov ရဲ့ ကျိန်စာသင့်နေခဲ့ကြောင်း ပြောဆိုမှုတွေ စတင်လာခဲ့ပါတယ်။ J.W. Paris မသေဆုံးခင် အချိန်ကပင် သူရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး ဆိုးရွားလှတဲ့ စိတ်အခြေအနေ ပေါင်းသင်းဆက်ဆံရေး တွေရှိခဲ့သည့်အပြင် သူ၏ သေဆုံးမှု့နေရာ၌ပင် စာနှစ်စောင်ကို တွေ့ရှိခဲ့ပါသေးတယ်။ သူ၏ဇနီး ဖြစ်သူနှင့် ကျောက်မျက်ရတနာ လုပ်ဖော်ကိုင်ဖက်ကို ဦးတည်ထားခဲ့သော်လည်း တိကျသောထုတ်ပြန်ထားခြင်းမရှိပေ။

၎င်း Black Orlov သည် ပိုင်ရှင် အဆင့်ဆင့်ပြောင်းပြီး ရုရှားနိုင်ငံကို ရောက်ရှိလာပုံကလည်း သမိုင်းအထောက်အထား ခိုင်ခိုင်မာမာမတွေ့ရဘဲ ရုရှားမင်းသမီး Leonila Galitsine-Bariatinsky နှင့် Nadia Vyegin Orlov တို့က ၀ယ်ယူဖြစ်ခဲ့သည်။ ဆယ့်ငါးနှစ် ကြာပြီးနောက်တွင်၊ ရုရှားမင်းသမီးလေးနှစ်ဦး Black Orlov ၏ ပိုင်ရှင်ဟောင်းများသည်လည်း စိန်၏ နာမည်ကျော် ကျိန်စာထဲသို့ ပါရီ၏ လမ်းစဉ်အတိုင်း လိုက်လာခဲ့ကြသည်။ တော်ဝင်နန်းတော်မင်းသမီးနှစ်ပါးတို့သည် ဥရောပတွင် နေထိုင်ရန် ရုရှားနိုင်ငံမှ ထွက်ပြေးခဲ့ကြပြီး နှစ်ဦးစလုံးသည် 1947 ခုနှစ်တွင် ခုန်ချသေဆုံးသွားခဲ့ကြသည်ဟု ဆိုကြသည်။ သို့သော် အခြားသူများကဲ့သိုပင် ၎င်းတို့၏ အထောက်အထားများသည် အနည်းငယ်သံသယဖြစ်ဖွယ်ရှိသည်။ ပထမမင်းသမီး၏အမည်မှာ Leonila Galitsine-Bariatinsky ဖြစ်သည်။ သို့သော် ထိုအမည်အောက်တွင် ဥရောပရှိ တစ်ဦးတည်းသော အမျိုးသမီးမှာ 1918 ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ၌ ကွယ်လွန်သွားခဲ့ပြီးဖြစ်သည်။ ဒုတိယမင်းသမီးလေးမှာ Orlov ဟု အမည်ပေးထားသည်။ မင်းသမီး Nadezhda Petrovna Orlov သည် ထိုအချိန်က ဥရောပတွင် အမှန်တကယ် နေထိုင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ အဲ့ဒီနောက်ပိုင်းတွင်တော့ The Black Orlov ရဲ့ ကျိန်စာ ဒဏ္ဍာရီများရပ်တန့်သွားခဲ့ပြီး ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံး စိန် (10) မျိုးထဲတွင် တစ်မျိုးအပါအဝင်ရှိသည့် စိန်တစ်မျိုးအဖြစ်သာ လူသိများလျှက်ရှိနေပါသည်။

The Black Orlov စိန်ကို 2004 ခုနှစ်တွင် စိန်ရောင်းဝယ်သူ Dennis Petimezas ဆိုသူ က ဝယ်ယူသွားခဲ့သည်။ ဝယ်ယူစဉ်တွင် “Pretty Confident That The Curse Is Broken” ဟု၍ ပြောဆိုခဲ့သေးသော်လည်း ဝယ်ယူပြီး တစ်လအကြာတွင် USD $ 360000 ဖြင့် အမည်မဖော်လိုသူ တစ်ဦးအား ပြန်လည် ရောင်းချခဲ့သည်။ ထိုကဲ့သို့သော အချိန်ကာလ အပိုင်းအခြားများကြားတွင် အဖြစ်အပျက်များစွာ ရှိနေသေးသော်လည်း မည်သို့သောအကြောင်းနှင့်မျှ Black Orlov အကြောင်းအား ရှာ၍မရခဲ့ပေ။ ထိုစိန်နဲ့ ပတ်သက်သော သတင်းအစအနမျှ မကြားရသော်လည်း အကြောင်းအရင်းများစွာ ရှိသည်ဟု ပြောနိုင်ရခြင်းမှာ 2004 ခုနှစ်နောက်ပိုင်း Black Orlovကို ပိုင်ဆိုင်သူများပြောင်းလဲခဲ့သော်လည်း အမည်မဖော်လိုသူ ပိုင်ဆိုင်သူများ ရှိနေလျက်နှင့် New York မှာရှိတဲ့ American Museum Of Natural History မှာ ပြသထားခြင်းဖြင့်သာ Black Orlov ၏ ကျိန်စာကို ထိန်းသိမ်းထားခဲ့ရသည့် အချက်ကြောင့်ပင် ဖြစ်သည်။ မည်ကဲ့သို့သော ကျိန်စာ အမှောင်များဖြင့် ဖုံးလွှမ်းကာ ပိုင်ဆိုင်သူတို့အား မည်ကဲ့သို့ ဆင်းရဲမှု့ ကျိန်စာသင့်စေခဲ့လဲ ဆိုတဲ့အကြောင်းအရာများကို ထပ်၍စူးစမ်းလိုသော် အချက်အလက်များစွာကို ထပ်မံစုဆောင်းရင်းဖြင့်သာ…

အခု မျှဝေပေးခဲ့တဲ့အကြောင်းအရာလေးကတော့ ကျိန်စာသင့် နာမည်ကျော် ကျောက်မျက်ရတနာတွေထဲကမှ Cursed Diamonds – The Black Orlov အမည်းရောင်စိန်ပွင့်ကြီးအကြောင်း စိတ်ဝင်စားဖွယ် ဒဏ္ဍာရီတစ်ပုဒ်ဖြစ်ပြီး ၎င်းအကြောင်းကို ရုပ်ရှပ်ရိုက်ကူးမှုများ ပြုလုပ်ရသည့်အထိ နာမည်ကျော်ခဲ့တဲ့ Black Orlov အကြောင်းပဲ ဖြစ်ပါတယ်။ နောက်အပတ်တွေမှာလည်း အခြားစိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ဘယ်လိုမျှဝေပေးမလဲဆိုတာကိုလည်း ဆက်ဆက်စောင့်မျှော်ပေးပါဦးနော်…