ပညာရေး, ရွှေအကြောင်းသိကောင်းစရာ

ရွှေဟာဘာကြောင့် အမြဲတမ်းတန်ဖိုးရှိနေတာလဲ?

Why gold has always worth

ယခင်ကလူတစ်ချို့ဟာ ရွှေကို တန်ဖိုးမရှိတဲ့ပစ္စည်းရိုင်းတစ်ခုလိုမျိုး သတ်မှတ်ကြပါတယ်။ရွှေဟာ ငွေဖြစ်လာမယ့်အရည်အသွေးမျိုးမရှိဘူးဆိုတဲ့ အမြင်တွေကြောင့်ငြင်းခုံမှုတွေရှိခဲ့ပါတယ်။

ဆန့်ကျင်ဘက် ခေတ်သစ်စီးပွားရေးသမားတွေကတော့ ရွှေဆိုတာ ငွေစက္ကူအဖြစ်ရွေးချယ်နိုင်တဲ့တစ်ခုတည်းသော လက်ဝတ်ရတနာပစ္စည်းဆိုပြီး သတ်မှတ်ကြပါတယ်။ရွှေဝယ်တယ်ဆိုတာဟာ လုံလောက်တဲ့အကြောင်းပြချက်တစ်ခုဖြစ်သလို အကြောင်းပြချက်အားလုံးထဲမှာလည်း တန်ဖိုးအရှိဆုံးလို့ မှတ်ယူကြပါတယ်။

လက်ဝတ်ရတနာပစ္စည်းဆိုတာဟာ အလှဆင်ဝတ်ဖို့အတွက်ပဲဖြစ်ဖြစ်၊ စုဆောင်းဖို့အတွက်ပဲဖြစ်ဖြစ် အသုံးဝင်သလို တစ်ချိန်ချိန်မှာ ငွေကြေးအဖြစ် ပြန်လည်ရင်းနှီးမြှပ်နှံနိုင်တဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ရွှေမှာ ခိုင်မာတဲ့ အရည်အသွေးရှိသလို ရင်းနှီးမြှပ်နှံရမယ့်အချိန်မှာလည်း ယုံယုံကြည်ကြည်နှင့် ပြန်လည် မြှပ်နှံနိုင်တဲ့ ပစ္စည်းတစ်ခုပါ။

ရွှေဟာငွေကဲ့သို့သော သိသာထင်ရှားစေတဲ့ တန်ဖိုးတစ်ခုရှိပြီး ရွှေဝယ်လိုက်လို့၊ ရွှေစုဆောင်းလိုက်လို့ ငွေလျော့သွားတယ်ဆိုတဲ့ စိတ်ခံစားမှုမျိုးကို ကျွနုပ်တို့တွေ မခံစားမိနိုင်အောင် ရွှေဟာ တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာပစ္စည်းတစ်ခု ဖြစ်နေပါတယ်။

ကျွန်ုပ်တို့ဘိုးဘေးဘီဘင်လက်ထက်ကတည်းက ယုတ္တိအရှိဆုံးရွေးချယ်မှုဟာ ရွှေဆိုတဲ့ သတ္တုပစ္စည်း တစ်ခုပါ။ ရွှေဟာ တဖြည်းဖြည်းလည်း ပျက်စီးလာတတ်တဲ့အမျိုးမဟုတ်သလို၊ ပုတ်သိုးသွားတတ်တဲ့ပစ္စည်း လည်းမဟုတ်တာကြောင့် ဆင်မြန်းဖို့ရန်၊ စုဆောင်းဖို့ရန် အင်မတန်မှသင့်တော်တဲ့ လက်ဝတ်ရတနာပစ္စည်းပေါ့။

“ရွှေအကြောင်း ဖယောင်းသက်သေ” ဆိုသလိုပဲ ရွှေဟာအခြားဒြပ်စင်တွေနဲ့မတူပဲ နူးညံ့သိမ်မွေ့ပြီး လှပတဲ့အရောင်ကိုလည်း နက်နဲစွာ ပိုင်ဆိုင်ထားတဲ့သတ္တုတစ်မျိုးပါ။ ဒါ့ကြောင့် တစ်ချို့သူတွေက ကိုယ့်ရဲ့ အသားအရောင်ကို ရွှေအဆင်းလို ဝင်းဝါတယ်ဆိုတာမျိုး တင်စားပြောလာတဲ့ အခါမှာလည်းကျွန်ုပ်တို့တွေက ကျေနပ်နေကြတာပဲလေ။

အကယ်၍များ ကျွန်ုပ်တို့တွေအနေနဲ့ ငွေကြေးအခက်အခဲတွေကို ကြုံတွေ့လာရတဲ့အခါမှာ ရွှေဟာငွေအဖြစ်ပြောင်းလဲနိုင်ဖို့အတွက် အကောင်းဆုံးသော ပစ္စည်းတစ်ခုဖြစ်နေပြန်ပါတယ်။
ဒါကြောင့်လည်း လူကြီးတွေဟာ ရွှေစုပါ၊ ရွှေစုပါ ဆိုပြီး ပြောကြတာပေါ့။

ဒီနေ့မှာတော့ ရွှေရဲ့တန်ဖိုးရှိတဲ့အကြောင်းလေးကို မင်မင်က ပြောပြပေးထားတယ်ဆိုတော့ နောက်ထပ် ဘယ်လိုအကြောင်းအရာလေးကိုသိချင်ကြလဲဆိုတာ ကွန့်မန့်လေးမှာ ပြောခဲ့ပေးကြနော်။