ပြည်ပသတင်း

စက်တင်ဘာလမှာ ဘာကြောင့်ရွှေဈေး ထိုးကျလာတာလဲ

why gold price drop in september 2020, u hton goldsmith , myanmar

အခုတစ်ခေါက်မှာတော့ ရွှေဈေးကွက်နဲ့ပတ်သက်ပြီး ရွှေဝယ်ဖို့စဉ်းစားနေတဲ့သူတွေ လက်ရှိရွှေဈေးကွက်အခြေအနေကို စိတ်ဝင်စားနေတဲ့သူတွေနဲ့ ကိုဗစ်ကာလအတွင်း ရွှေဈေး‌အတက်အကျကို သိချင်နေတဲ့သူတွေအတွက် ရည်ရွယ်ပြီး စက်တင်ဘာလကုန်မှာ ဘာကြောင့်ရွှေဈေးထိုးကျလာတာလဲဆိုတဲ့ အကြောင်းအရာလေးကိုလေ့လာတွေ့ရှိမှုလေးတွေကို စုစည်းပြီးပြောပြပေးပါ့မယ်နော်။

ကမ္ဘာ့ငွေကြေးဈေးကွက်မှာ အတက်အကျအများဆုံးနဲ့ ပြောင်းလဲမှုအမြန်ဆုံးမှာ အမေရိကန်ဒေါ်လာဈေးနှုန်း
ဖြစ်ပါတယ်။ ထိုကြောင့် ကမ္ဘာ့ငွေကြေးဈေးကွက်မှာ အဓိကအကျဆုံးဖြစ်တဲ့ အမေရိကန်ဒေါ်လာဈေး ငွေကြေး
မတည်ငြိမ်မှု အတက်အကျဟာ ရွှေဈေးကွက်အပေါ် သက်ရောက်မှုရှိခြင်းဟာ ကမ္ဘာရွှေဈေးကျခြင်းရဲ့ ပထမအကြောင်းအရင်းတစ်ချက်ဖြစ်သလို လက်တလော ကူးစက်မြန်ရောဂါဖြစ်‌သော ကိုရိုနာဗိုင်းရပ်ရဲ့ ဒုတိယ လှိုင်းရိုက်ခတ်လာမှု‌ကြောင့်လည်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနိုင်ငံအများစု၏ စီးပွားရေးများကျဆင်းလာမှုကြောင့်လဲ ကမ္ဘာရွှေဈေးကွက်ဟာ စက်တင်ဘာလကုန်မှာတော့ မူလရွှေဈေးနှုန်းတွေထက် သိသိသာသာကျဆင်းခဲ့တာပဲဖြစ်ပါတယ်။

ဇွန်လအစမှာတော့ ကမ္ဘာရွှေဈေးနှုန်း ပြန်လည်မြင့်တက်လာမှုကြောင့် ရွှေဈေးကွက်အခြေအနေပြန်လည်တည်ငြိမ်ဖို့ မျှော်လင့်ခဲ့ကြပေမဲ့ လက်ရှိတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သူ၏ဇနီးဖြစ်သူတို့တွင် ကိုရိုနာဗိုင်းရပ်
ကူးစက်ခံရကြောင်း သတင်းထုတ်ပြန်ပြီးနောက် အမေရိကန်နိုင်ငံတွင် နိုဝင်ဘာ ၃ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲ နှောင့်နှေးမှုများ ဖြစ်လာနိုင်‌ခြေ ရှိမရှိ စသည့် နိုင်ငံရေးအရ ကောလဟာလများစွာပေါ်ထွက်လာပြီး ငွေကြေးမတည်ငြိမ်မှုများကြောင့် လတ်တလောတွင် ဒေါ်လာဈေးဟာ မြန်မာငွေကျပ် 1350 အောက်ရောက်ရှိနေခြင်းကလည်း ရွှေဈေးကွက်ကို အကျဘက် ဦးတည်ခဲ့တာပဲဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်တွေ့ရှိပြီး ရွှေဈေးပြန်လည်မြင့်တက်ခဲ့ခြင်းဟာ နိုင်ငံတကာရှိ စီးပွားရေးလုပ်ငန်းများ ကျဆင်းလာချိန်တွင် ရွှေဟာ အာမခံချက်ရှိတဲ့စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ကာ ရွှေဝယ်ယူမှုများလာခြင်းကြောင့်
ရွေဈေးတက်ခဲ့ခြင်းဖြစ်ပါတယ်။ သို့သော် အချို့သော ငွေကြေးရင်းနှီးမြှုပ်နှံသူများက ရွှေဈေးတက်ချိန်မှာ
အမြတ်ပိုင်းထုတ်မှုများရှိလာခြင်းနှင့်အတူ ကိုဗစ်ကာကွယ်ဆေး သတင်းကောင်းများထွက်ပေါ်လာခြင်း တို့ကြောင့်လည်း အကျဘက်ကိုဦးတည်လာခဲ့တာဖြစ်ပါတယ်။

ယခုအချိန်မှာ ‌ကမ္ဘာရွှေဈေးနှုန်းအကျဘက်မှာရောက်နေပေမဲ့ ကမ္ဘာ့ကပ်ရောဂါအခြေအနေကြောင့် FED
ဗဟိုဘဏ်ဟာ အမေရိကန်ဒေါ်လာဈေးအပြင် တစ်ကမ္ဘာလုံးကငွေကြေးတန်ဖိုးများကျဆင်းလာခြင်းကြောင့် ငွေကြေးပေါ်လစီဖြေလျော့မှုများကို ကျင့်သုံးနေရသည့်ကာလဖြစ်ပြီး နိုင်ငံတကာရှိ ဗဟိုဘဏ်အများစုတို့ကလည်း စီးပွားရေးအရဘဏ်တိုးနှုန်းများ လျှော့ချပေးထားရခြင်းတို့ကြောင့် ငွေကြေး‌ရင်းနှီးမြှုပ်နှံမှုတို့ဘက်မှာအရှိန်လျော့သွားနိုင်ပေမဲ့ ရွှေဈေးကွက်ကို ပြန်လည်ဦးမော့လာစေနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

အခုတင်ပြပေးခဲ့တာကတော့ စက်တာဘာလအကုန် ရွှေဈေးကွက်အခြေအနေအကျဉ်းချုပ် ခန့်မှန်းချက်လေးတွေပဲဖြစ်တာကြောင့် အကျိုးတစ်စုံတစ်ရာရရှိဖို့မျှော်လင့်ပါတယ်နော်။