ပရဟိတ ကောင်းမှုပြုခြင်း, လူမှုပတ်ဝန်းကျင်အကျိုးပြုလုပ်ဆောင်ချက်

လသာဘုံကျောင်း အထွေထွေအသုံးစရိတ် ငွေပဒေသာ အလှူတော်

လသာဘုံကျောင်း အထွေထွေအသုံးစရိတ် ငွေပဒေသာ အလှူတော်

ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မိသားစုကြီးကို ထူထောင်ခဲ့သူ အဘိုးဦးထုံ၏နှစ်(၁၀၁)ပြည့်မွေးနေ့တွင် တရုတ်ယဉ်ကျေးမှုတို့၏ ယုံကြည်ကိုးကွယ်ရာ တရုတ်ဘုံကျောင်းတွင် အထွေထွေသုံးစရိတ် ငွေပဒေသာအလှူကို စိုက်ထူနိုင်ခဲ့ပါသည်။ တရုတ်လူမျိုးတို့၏ ဘိုး‌ဘေးများကို ပူဇော်ကန်တော့နိုင်ခြင်း၊ မကောင်းသော အယူ မကောင်းသော နိမိတ်များကို ထုပခြေမှုန်းနိုင်ခြင်း စသည့် မြင့်မြတ်ဘုန်းတန်ခိုးကြီးလှသော ဘာသာရေးကိုးကွယ်မှုနယ်ပယ် တရုတ်ဘုံကျောင်း၏ လိုအပ်ချက် တစ်စိတ်တစ်ဒေသလေးကို ဖြည့်စွက်ပေးနိုင်ခဲ့သည်မှာ ပီတိဖြစ်ဖွယ်အလှူတစ်ရပ်ပင်ဖြစ်ပါသည်။ ဤသို့သော မွန်မြတ်လှသည့် နှစ်စဉ်အလှူဒါနများပွင့်လန်းလာနိုင်စေရန် ဖြူစင်သောနှလုံးသားပိုင်ရှင်များ၏ ဝယ်ယူအားပေးမှုအသွယ်သွယ်များက များစွာပံ့ပိုးပေးလျက်ရှိပါသည်။ ပြုခဲ့သမျှ ကုသိုလ်ရေးအဖြာဖြာကို နတ်လူအပေါင်း သာဓုအမြိုက်ဆေးများ သောက်သုံးနိုင်ကြစေရန် မျှဝေဖော်ပြပေးလိုက်ပါသည်။