ပရဟိတ ကောင်းမှုပြုခြင်း, လူမှုပတ်ဝန်းကျင်အကျိုးပြုလုပ်ဆောင်ချက်

မေရီ(ပ်)ချက်မင်း ဆွံ့အ နားမကြားကျောင်းကလေးများ အလှူ

မေရီချက်ပ်မင်း နားမကြားကလေးများကျောင်း အလှူ

မြန်မာသက္ကရဇ် ၁၃၈၅ ခုနှစ်တွင် ဦးထုံရွှေပန်ထိမ်နှင့် ရတနာရွှေဆိုင်မိသားစုကြီးမှ နှစ်စဉ်လှူဒါန်းလေ့ရှိသော ကျောင်းကြီး၌ ဆွံ့အ ၊ နားမကြား ချို့တဲ့သော ကလေးသူငယ်များ၏ ကျန်းမာရေး၊ ပညာရေး စသောလိုအပ်ချက်အသွယ်သွယ်များကို ဖြည့်စွက်နိုင်ရန်အတွက် ငွေသားများ သွားရောက်ကူညီလှူဒါန်းနိုင်ခဲ့ပါသည်။ ကျန်းမားရေးချို့တဲ့သည့် ကလေးသူငယ်များအားလုံး မပြည့်စုံသော ဘဝများမှ ကင်းလွတ်ပြီး ထာဝရပြီးပြည့်စုံသော အနာဂတ်လမ်းကြီးကို ကောင်းမွန်စွာဖြင့်လျှောက်လှမ်းသွားနိုင်ကြပါစေဟု ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မိသားစုမှ ဆန္ဒပြုလျှက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။ ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်ကြီးကို ယခုကဲ့သို့ အလှူများလှူုဒါန်းနိုင်ရန် ဝယ်ယူအားပေးလျက်ရှိကြသော မိတ်ဟောင်းမိတ်သစ် Customer များကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ မိဘပြည်သူများအားလုံး သာဓုအလွန်မောဓနပြုနိုင်ကြပါစေရန် ပီတိဖြစ်ရသော ကုသိုလ်အလှူလေးကို ဝေမျှဖော်ပြပေးလိုက်ပါထည်။