အဝင်ကမှာ ရပ်လိုက်တာနဲ့ “Our Duty is to Care” “Care is to Share” ဆိုတဲ့ ဆောင်ပုဒ်လေးတွေကိုမြင်လိုက်ရတဲ့အခါမှာတော့ နွေးထွေးတဲ့ မေတ္တာတရားနှင့်အတူ ဝေဒနာရှင် လူနာများအား စောင့်ရှောက်နေသောရိပ်သာကြီးပင်ဖြစ်ကြောင်း ရင်ထဲမှာ ခံစားမိပါတယ်။ ယခုလို ဝေဒနာရှင်များအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူမှုရေး၊ ဘာသာရေးပိုင်းဆိုင်ရာဆောင်ရွက်ရသည်မှာလည်း လွယ်လှသည်တော့ မဟုတ်ပါ။ ယခုလို မေတ္တာရိပ်မွန်လေးရှိဆရာဝန်၊ ဆရာဝန်မ များ၏ပြုစုမှုများက ဝေဒနာရှင်လူနာများအတွက် ခွန်အားတစ်ရပ်တိုးစေကာ သာဓုခေါ်စရာပင်ဖြစ်ပါတော့သည်။
ဦးလှထွန်းမေတ္တာရိပ်မွန် ကင်ဆာဖောင်ဒေးရှင်းအလှူ


23
Jun