ပညာရေး, ရွှေအကြောင်းသိကောင်းစရာ

အများဆုံးမေးမြန်းသောမေးခွန်း

Most Asked Question

ရွှေထည်ဝယ်ယူသည့်အခါဧည့်သည်များ အများဆုံးမေးမြန်းသောမေးခွန်းများကို ဦးထုံကနေ Share ပေးလိုက်ပါတယ်ရှင်။

မေးခွန်း (၁) – ရွှေကကြာကြာဝတ်ရင်အရောင်မှိန်သွားလား?
ဖြေ – ရွှေအရည်အသွေးကောင်းသည့်အခါမှာ ကြေးနှင့်ဘော် ပါဝင်နှုန်းနည်းပြီး ရွှေအသန့်ပါဝင်နှုန်းများသည့်အတွက်ရွှေအရည်ကျပြီးအရောင်ပြောင်းခြင်းမရှိပါ။ သို့သော်ရွှေထည်ကို အစဉ်အမြဲကြာရှည်ဝတ်သည့်အခါမှာခန္ဓာကိုယ်မှာထွက်သောအဆီနှင့်ဂျီးများ ရွှေထည်ပေါ်တင်တတ်သည့်အတွက်အရောင်မှိန်သွားသည်ဟုထင်ရသည် ။ ဒါကိုတော့စိတ်မပူပါနဲ့နော် ဒို့ဦးထုံကနေ Service အပြည့်အဝပေးပါတယ်ရှင်။
မှတ်ချက်။ ရွှေနှင့်မတည့်သော Chemical ၊ (ပြဒါး) များနှင့်ထိတွေ့သောအခါမှာရွှေ၏မျက်နှာပြင်တွင်အဖြူအကွက် အနီအကွက်များပေါ်တတ်သည်။

မေးခွန်း (၂) – ရွှေကကြာကြာဝတ်ရင်အလေးချိန်လျော့တတ်လား?
ဖြေ – ရွှေအရည်အသွေးကောင်းသည့်အခါမှာ ရွှေသည်ပျော့ပျောင်းပါသည်။ ရွှေမှုန်များလွင့်စင်ခြင်းကိုသာမန် မျက်လုံးနှင့်မမြင်နိုင်ပါ။ ရွှေအထည်များများကိုနှစ်ရှည်လများ ပေါင်းဝတ်ခြင်းသည် ရွှေထည်တစ်ခုထဲဝတ်ခြင်းထက်လျော့နှုန်းပိုများတတ်သည်။ ဥပမာ: ကြိုးနှင့်ဆွဲသီးတွဲဝတ်သည့်အခါ သို့မဟုတ် လက်ကောက်အရေတွက်များများ အမြဲဒုံးချပေါင်းဝတ်သည့်အခါတစ်ခုနှင့်တစ်ခုပွတ်တိုက်ပြီးရွှေမှုန်များပို၍လွင့်ကျတတ်သည်။

မေးခွန်း (၃) – ရွှေဝယ်လျှင်ဘာလို့အလျော့တွက်ပေးရတာလဲ?
ဖြေ – လက်ဝတ်ရတနာတစ်ခုကို ပြုလုပ်သည့်အခါမှာ ရွှေအတုံးကနေအချောထည်ဖြစ်အောင်အဆင့်ဆင့်ပြုလုပ်ရသည်။
– ရွှေကျိုရာတွင်ရွှေလျော့ခြင်း၊
– အထည်ပြုလုပ်ရာတွင် ရွှေမှုန်များအလေအလွင့်ရှိခြင်းနှင့်
– ပန်းထိမ်ဆရာ၏လက်မှုပညာကို လုပ်အားခပေးရခြင်း
တို့ကြောင့်ရွှေအထည်ဝယ်ယူလျှင်အလျော့တွက်ပေးရခြင်းဖြစ်သည်။ ရွှေဧည့်သည်တော်များရွှေစုချင်လျှင်ဦးထုံဆိုင်မှ အလျော့တွက်မပါဘဲနန်းကြိတ်ခသာပေးရသည့် နန်းကြိတ်လက်ကောက် နှင့်လက်စွပ်လေးတွေကိုဝယ်ယူစုဆောင်းနိုင်ပါတယ်ရှင့်။ ဦးထုံရဲ့ရွှေရည်ပြည့်ဝ လက်ရာသေသပ်ဆန်းသစ်လှပတဲ့လက်ဝတ်ရတနာလေးတွေကို ယခုအချိန်အထိဝယ်ယူစုဆောင်းခဲ့ကြပါသောဧည့်သည်တော်များအားလုံး သားမြေးမြစ်အဆက်ဆက်လှပမှု ကိုလက်ဆင့်ကမ်းနိုင်ကြပါစေရှင့်။