ယနေ့ခေတ်တွင် လက်ဝတ်ရတနာများကို လက်ဖြစ်နဲ့ စက်ဖြစ် ဆို၍ ခွဲခြားလာကြပါတယ်။ အကယ်၍ သင်က ကျောက်မျက်ရတနာထဲမှ သင်နဲ့ ပတ်သက်၍ အဓိပ္ပာယ်တစ်ခုခု ရှိတာ ဒါမှမဟုတ် အဆောင်အဖြစ်နဲ့ ဆောင်ထားရမယ့် ကျောက်မျက်ရတနာ တစ်ခုခုကို ရွေးရမည် ဆိုပါက လက်ဖြစ်လက်ဝတ်ရတနာများနှင့် စက်ဖြစ်လက်ဝတ်ရတနာဟူ၍ ( ၂ ) မျိုးရှိပါသည်။ ထို ၂ မျိုးတွင် တစ်ခုချင်းစီတိုင်းသည် ကောင်းသည့်အချက်နှင့် ထောက်ခံမှုမရသည့် အချက်များ ရှိနေပါသည်။
စေ့စပ်ပွဲ, မင်္ဂလာပွဲများ ကဲ့သို့ အထူးပွဲများ ဆိုလျှင် ရိုးရိုးယဉ်ယဉ်လေး ဖြင့် အကျော့ရှင်းဆုံးစွဲဆောင်မှုရှိစေရန်အတွက် လက်ဝတ်ရတနာတွေကို အထူးပြုလုပ် ဝတ်ဆင်တတ်ကြပါတယ်။ ထိုပွဲများတွင် စက်ဖြစ် လက်ဝတ်ရတနာများသည် အကောင်းဆုံး ဖြစ်ပါသည်။အဘယ်ကြောင့်ဆိုသော် ကျောက်မျက်၏ ဖြတ်ရာများနှင့် ပုံသဏ္ဍာန်မှာ ပို၍ တိကျလှပါသည်။ ဒါ့အပြင် ဆင်တူလက်စွပ်တွေ လုပ်မည်ဆိုလျှင် စက်ဖြစ် လက်ရာသည် အဆင်အပြေဆုံးပါ။ ကျောက်မျက်ရတနာများ ဖြတ်တောက်သည့် နေရာသည် ပုံစံတိတိကျကျ တစ်ထပ်တည်းကျအောင် တူနေသောကြောင့် ဖြစ်ပါသည်။
စက်ဖြစ် လက်ဝတ်ရတနာများနှင့် ပတ်သက်၍ အကောင်းဆုံးအချက်သည် ကျောက်မျက်ရတနာများကို ဖွဲ့စည်းသည့်နေရာမှာ လက်ဖြစ် ထက် ပို၍ ယုံကြည်ရခြင်းကြောင့် ဖြစ်ပါသည်။ စက်ဖြစ် လက်ဝတ်ရတနာတွေသည် ပြခန်းများမှာ ခင်းကျင်းပြသ၍ ရောင်းချသည့်အပြင် တိကျတဲ့အရည်အသွေးတစ်ခု အနေဖြင့် ရပ်တည်နေသောကြောင့် စိတ်ချလို့ရနိုင်ပါသည်။ ဒီနေရာမှာ လက်ဖြစ် လက်ဝတ်ရတနာတွေ၏ မကောင်းသည့် အချက်မှာ ပန်းထိမ်ဆရာ၏ လက်ဆပေါ် မူတည်၍ ကျိုးနိုင်၊ ပျက်စီးနိုင်တဲ့အပြင် မသပ်ရပ်လျှင် မသပ်ရပ် သလို ကျောက်များထွက်ကျခြင်း၊ စွန်ကုတ်များ ကျိုးခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။
ထိုသို့ ပြောဆိုခြင်းကြောင့် လက်ဖြစ် ကျောက်မျက်တွေက မကောင်းဘူးလို့ မပြောနိုင်ပါ။ လက်ဖြစ်ကျောက်မျက်ရတနာတွေကို ဝယ်ယူမယ်ဆိုရင်လည်း ကောင်းတဲ့အချက်တွေရှိပါတယ်။ စက်ရုံထွက်တွေက အလုံးအရင်းနဲ့ထွက်လာတဲ့ လက်ဝတ်ရတနာတွေ ထက် လက်ဖြစ်လက်ဝတ်ရတနာတွေက အရည်အသွေး ပိုကောင်းပါတယ်။ လက်ဖြစ် လက်ဝတ်ရတနာက ပန်းထိမ်ဆရာ ကိုယ်တိုင် စိတ်ကြိုက် အရည်အသွေးပြည့်မှီတဲ့ ကျောက်တွေကို ရွေးချယ် သုံးထားတဲ့အတွက် အရည်အသွေးပိုကောင်းပါတယ်။ ပြီးတော့ စက်ရုံထွက် လက်ဝတ်ရတနာတွေကို သုံးတာထက် လက်ဖြစ် လက်ဝတ်ရတနာတွေကို သုံးတာက ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း အတိအကျ အမြဲတမ်းရနိုင်ပါတယ်။ လက်ဖြစ် ကျောက်တွေနဲ့ စေ့စပ်လက်စွပ် လုပ်တယ်ဆိုတာက သင်တို့ထင်ထားတာထက် ပိုပြီး အနုစိပ်တိတိကျကျ လုပ်ရတာဖြစ်တဲ့အတွက် ခက်ခဲလှပါတယ်။ လက်ဖြစ် ကျောက်ဆိုသည်မှာ အရမ်းသီးသန့်ဆန်၍ အထူး ခမ်းနားစေချင်တဲ့သူတွေအတွက် လက်ဖြစ် လက်ဝတ်ရတနာ လက်ဆောင်ပေးခြင်းသည် ပို၍ အမြင်တင့်တယ်စေပါသည်။ ဒါ့အပြင် လူအတော်အများ လက်ဖြစ် လက်ဝတ်ရတနာတွေကို လက်ဆောင်ပေးသည့်အခါ နာမည်ကြီးဆိုင်တွေမှ ဝယ်ပေးတဲ့ လက်ဝတ်ရတနာတွေ ရသလိုမျိုး တန်ဖိုးထားပျော်ရွှင်ကြပါတယ်။
စက်ဖြစ် လက်ဝတ်ရတနာတွေက သူတို့ကို ထုတ်လုပ်ပေးရတဲ့ အလုပ်သမားတွေနဲ့ စက်တွေလိုပေမယ့် လက်ဖြစ်လက်ဝတ်ရတနာတွေမှာ ဒီဇိုင်နာ ကိုယ်တိုင် စိတ်တိုင်းကျဖန်တီးရခြင်း ဖြစ်သည့်အတွက် ပိုပြီး အရည်အသွေးအရရော ဒီဇိုင်းအရပါ ရလဒ်ကောင်းမယ်ဆိုတာ သေချာသလောက်ပါပဲ။ စက်ဖြစ်နဲ့ လက်ဖြစ်ရဲ့ တခြားမတူတဲ့အချက်ကတော့ ဈေးနှုန်းကွာတာပါပဲ။ လက်ဖြစ် ကတော့ ကွာလတီ ပိုကောင်းလို့ ဈေးနှုန်းနည်းနည်း ပိုပါလိမ့်မယ်။ ဒါပေမယ့် အရည်အသွေးအရတော့ လက်ဖြစ်က ပိုကောင်းမယ်လို့ ပြောချင်ပါတယ်။