အထွေထွေသိမှတ်စရာ

ကျောက်မျက်ရတနာများနှင့် အနာရောဂါကုသခြင်း

gemstonehealing, u hton goldsmith, myanmar

ကျောက်မျက်ရတနာများကို အလှအပတစ်ခုတည်းအတွက်သာမဟုတ်ဘဲ အချို့က စီးပွားရေးလာဘ်လာဘ ရွှင်လန်းစေရန်၊ အန္တရာယ်ကင်းစေရန်နှင့် အတိုက်အခံများကို အောင်မြင်ရန် စသည့် အဆောင်ယတြာများအနေနှင့်လည်း ဝတ်ဆင်ကြပါသည်။

ထို့ပြင် ကျောက်မျက်ရတနာများသည် အံဖွယ်ရာ အစွမ်းသတ္တိထူးများနှင့် ဖြစ်ပေါ်လာသော ရောဂါဝေဒနာများကိုလည်း သက်သာပျောက်ကင်းစေနိုင်သော စွမ်းရည်ထူးများ ရှိပါသည်။ ကျောက်မျက်များသည် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ထဲတွင် ရောဂါဝေဒနာများ မကပ်ငြိစေရန်နှင့် ခံနိုင်ရည်စွမ်းအားများရှိရန် လုပ်ပေးနိုင်စွမ်း ရှိပါသည်။ အမှန်မှာ ကျောက်မျက်ရတနာများသည် ရောဂါကုပေးနိုင်ခြင်း မဟုတ်ပါ။ ရောဂါသက်သာစေရန် ဝေဒနာများကို လျော့ပါးစေဖို့အတွက် ဖြစ်ပါသည်။

ရှေ့ဟောင်းလူအများစုသည် ကျောက်စိမ်းကို အမှုတ်ကြိတ်ပြီး ရေနှင့်ရော၍ သောက်သုံးပါက ခန္ဓာကိုယ်အတွင်းရှိ ရောဂါဘယအမျိုးမျိုးကို ပျောက်ကင်းစေနိုင်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းမှလည်း ကင်းဝေးခြင်း၊ အသက်ရှည်ခြင်း၊ ကြွက်သားများကို အားရှိစေပြီး အရိုးကိုမာကြောစေကာ စိတ်ကိုလည်း တည်ငြိမ်စေခြင်း၊ သွေးသားကိုလည်း သန့်စင်ပေးခြင်း စသည့်အကျိုးအာနိသင်များနှင့် ပြည့်စုံစေသည်ဟုလည်း ယုံကြည်ကြပါသည်။

ရင်ကြပ်ရောဂါ၊ နှာစေးချောင်းဆိုးရောဂါ၊ အဆစ်နာရောဂါ စသည့် ရောဂါရှိသူများသည် ပယင်းကျောက်ကို အဆောင်အဖြစ် ဝတ်ဆင်ရန် သင့်တော်ပါသည်။ အနာစိမ်း၊ သွေးစုနာ၊ မျက်စိအတွင်းတိမ်၊ ငှက်ဖျားရောဂါ စသည့်ရောဂါရှိသူများသည် နီလာကျောက်ကို အဆောင်အဖြစ် ဝတ်ဆင်သင့်ပါသည်။ ရင်ဘက်နှင့် အဆုပ်ရောဂါရှိသူများသည် ကျောက်စိမ်းကို အဆောင်အဖြစ် ဝတ်ဆင်သင့်ပါသည်။ အရေပြားနီ၍ နာကျင်ခြင်း၊ ဆီးအိမ်ရောဂါရှိသူများသည် စိန်ကို အဆောင်အဖြစ် ဝတ်ဆင်သင့်ပါသည်။ ဆီးနှင့်ဝမ်းရောဂါရှိသူများသည် ဥဒေါင်းကျောက်ကို ဝတ်ဆင်ထားသင့်ပါသည်။ နာတာရှည်အဆစ်အမြစ်ရောဂါရှိသူများသည် ခရမ်းစွဲဝတ်ဆင်ရန် သင့်တော်ပါသည်။  အရိုးရောဂါရှိသူများသည် ကျောက်စိမ်းဆောင်ထားသင့်ပါသည်။ ကူးစက်ရောဂါ၊ ဝမ်းရစ်နာခြင်းစသည့်ရောဂါရှိသူများသည် သန္တာကျောက်ကို ဆောင်ရန်သင့်တော်ပါသည်။

ထို့ကဲ့သို့ ခေတ်အဆက်ဆက်သမိုင်းနှင့်ချီ၍ ယုံကြည်ခဲ့ကြပြီး ယနေ့ခေတ်သိပ္ပံခေတ်သစ်မှလည်း နည်းပညာအသစ်အဆန်းများ ဘယ်လိုပင် တိုးတတ်ထွန်းကားလာပါစေ ရှုထောင့်အမျိုးမျိုးမှ အမြင်အမျိုးမျိုးဖြင့် ကျောက်မျက်ရတနာများအပေါ် ထားရှိခဲ့သော လူတို့၏ ယုံကြည်ချက်ကတော့ ဆက်လက်ရှင်သန်နေဆဲပင် ဖြစ်ပါသည်။ ကျောက်မျက်ရတနာများသည် အလှအပတွက်သာမက အနာရောဂါအမျိုးမျိုးကို သက်သာအောင် ဆောင်ရွက်ပေးနိုင်ခြင်း ဖြစ်သည်။