ကျောက်မျက်အကြောင်းသိကောင်းစရာ

ပတ္တမြားအတုအစစ် ဘယ်လိုခွဲကြမလဲ?

howtodistinguishimitationrubyrealruby

ကျောက်မျက်ရတနာချစ်သူများအတွက် တန်ဖိုးအကြီးမားဆုံး ကျောက်မျက်ရတနာတစ်ခုဖြစ်သည့် ပတ္တမြား အတုအစစ် ခွဲခြားနည်းများနှင့် အလွယ်တကူ စစ်ဆေး နိုင်မည့် နည်းလမ်းလေးများကို မျှဝေပေးလိုက်ပါသည်။

ပတ္တမြားစစ်မစစ် အလွယ်တကူ စမ်းသပ်မှုသည် ရာခိုင်နှုန်းပြည့် စစ်မှန်ကြောင်း အာမမခံနိုင်သော်လည်း လွယ်ကူရိုးရှင်းသော စမ်းသပ်ချက်များကို စနစ်တကျလုပ် ဆောင်မည်ဆိုလျှင် သင့်အနေနှင့် မှန်ကန်သော ဆုံးဖြတ်ချက် ချနိုင်မည် ဖြစ်ပါသည်။ ပတ္တမြားအတုအစစ် ခွဲခြားနိုင်ရန် အလွယ်ကူဆုံးနည်းလမ်းလေးများကိုဖော်ပြပေးလိုက်ပါသည်။

ပထမဆုံးနည်းလမ်းလေးသည် ပတ္တမြားအရောင် တောက်ပမှုပေါ်မူတည်၍ စစ်ဆေးနိုင်ခြင်းဖြစ်ပါသည်။ ပတ္တမြား အစစ်သည် နက်ရှိုင်းပြီး တောက်ပသည့် အရောင်ရှိပြီး ကျောက်သားအားလုံးသည် ကွက်ကွက်ကွင်းကွင်း အနီရောင် နီးပါးသန်း၍ တောက်ပနေပါသည်။ ပတ္တမြားအတုဆိုလျှင် အစစ်နှင့်ယှဉ်လျှင် သိသာစွာအရောင် မွဲလေ့ရှိပါသည်။ ထို့ကြောင့် ပတ္တမြားအစစ်နှင့် မိမိစစ်ဆေးလိုသော ကျောက်ကို တစ်တန်းတည်းထား၍ အရောင်ညီမညီကို စစ်ဆေးကြည့်ပါ။ အတုများသည် အပြစ်အနာအဆာများနှင့် မသန့်ရှင်းသောအစက်အပြောက်များ ပါဝင်နိုင်ချေ ပိုများပါသည်။ လမ်းညွှန်ချက် တစ်ခု အနေဖြင့် StopLight အနီရောင်ကို သုံးခြင်းဖြင့်လည်းပိုမိုတိကျသော ရလဒ်ကို ရနိုင်ပါသည်။

ဒုတိယမြောက်နည်းလမ်းသည် ပတ္တမြားကို အနီရောင် ဖန်သားကြမ်းနှင့် နှိုင်းယှဉ်ခြင်းဖြင့် ကွဲပြားမှုကို စစ်ဆေးနိုင်ပါသည်။ ပတ္တမြားနှင့်အခြားနီလာမျိုးကွဲကျောက် များကို ဖန်အဖြစ် အတုလုပ်လေ့ရှိသောကြောင့် သင်၏ ပတ္တမြားသည် ဖန်နှင့် အရောင်တူပါက အတုဖြစ်နိုင်ချေများပါသည်။နောက်ထပ်နည်းလမ်းတစ်ခုသည်ပတ္တမြား၏ မျက်နှာပြင်ကို ခြစ်၍ စစ်ဆေးခြင်းဖြစ်ပါသည်။ ပတ္တမြားအစစ်သည် အလွန်မာကျောသော ကျောက်မျက်ရတနာ တစ်ခုဖြစ်ပါသည်။ ပတ္တမြား၏ မျက်နှာ ပြင်ပေါ်သို့ လက်သည်း သို့မဟုတ် တစ်ခုခုနှင့် ခြစ်ကြည့်ပါက ခြစ်ရာများ ပေါ်နေလျှင် ပတ္တမြား အတုဖြစ်နိုင်ပါသည်။ သို့သော် စိန်နှင့် ပတ္တမြားကို ခြစ်မည်ဆိုပါက စိန်သည် ပတ္တမြားထက် ပိုမိုမာကျောသောကြောင့် ခြစ်ရာ ထင်နိုင်ပါသည်။

နောက်ထပ်နည်းလမ်းလေးသည် မှန်ဘီလူးကို အသုံးပြုခြင်း ဖြစ်ပါသည်။ မှန်ဘီလူးကို အသုံးပြု၍ ပတ္တမြားဖြတ်တောက်မှုနှင့် အသွင်အပြင်များကိုကြည့်ပါ။ ပတ္တ မြားသည် လုံးဝန်းသော သို့မဟုတ် ချောမွေ့လွန်းပါက ပတ္တမြားအတုဖြစ်နိုင်ပါသည်။ ပတ္တမြားအတုနှင့် ဓာတ်ခွဲခန်းမှ ဖန်တီးထားသော ပတ္တမြားများသည် အမြဲလိုလိုအပြစ်အနာအဆာကင်းစင်ပြီး သဘာဝ ချို့ယွင်းချက်များ အလွန်သေးငယ်သောကြောင့် ပုံတူကူးရန် အလွန်ခက်ခဲပါသည်။ ပေါင်းစပ်ပတ္တမြားများသည် ဖန်ဖြင့် အရည်ကျိုထားသော ပတ္တမြားအစစ်ဖြစ်သည်။ ပေါင်းစပ်ပတ္တမြားကို ပတ္တမြားအစစ်အမှန်ဈေးဖြင့် “အစစ်အမှန်” ပတ္တမြားအဖြစ် ရောင်းချလေ့ရှိသောကြောင့်သတိထားရန် လိုအပ်ပါသည်။

နောက်ဆုံးနည်းလမ်းလေးသည် မာကျောချောမွေ့သော မျက်နှာပြင်ပေါ်တွင် ပတ္တမြားကို ညင်သာစွာ ခြစ်ကြည့်ပါ။ ထိုအခါ ပတ္တမြားအစစ်သည် အနီရောင်သန်းသော အမှတ်အသား ချန်ထားခဲ့နိုင်သောကြောင့် သင်ပွတ်တိုက်သည့်မျက်နှာပြင်ပေါ်တွင် အနီရောင်သန်းနေသော အမှတ်အသားကို တွေ့ရှိနိုင်ပါလိမ့်မည်။

ယခုဖော်ပြပေးခဲ့သော နည်းလမ်းလေးများကို အသုံးချပြီး ပတ္တမြား အတုအစစ်ကို အလွယ်တကူ ရိုးရှင်းစွာ စစ်ဆေးနိုင်သော နည်းလမ်းလေးများဖြစ်ပြီး ကျွမ်းကျင်ပညာရှင်များအပြင် ခေတ်မှီစက်ကိရိယာများနှင့်စစ်ဆေးနိုင်သော နည်းလမ်းလေးများကို အသုံးပြုလျှင် ပိုမိုတိကျသော ရလဒ်ကိုရနိုင်မည် ဖြစ်ကြောင်း အကြုံပြုရင်း ဗဟုသုတရရှိစေရန် မျှဝေပေးလိုက်ပါသည်။