ရွှေအကြောင်းသိကောင်းစရာ

ရွှေကို အဝတ်အစားနှင့် လိုက်ဖက်အောင် ဘယ်လိုဝတ်မလဲ?

howtoweargoldtomatchwithoutfit

ရွှေကို ဝယ်ယူဝတ်ဆင်သောအခါ ဖက်ရှင်ကြပြီး အဝတ်အစားနှင့် လိုက်ဖက်ညီမှုရှိအောင် ဘယ်လိုဝတ်ဆင်သင့်သလဲဆိုသည့် အကြံပြုချက်လေးကို ရွှေချစ်သူများအတွက် မျှဝေ တင်ဆက်ပေးလိုက်ပါသည်။

ရွှေသည် ငွေကြေးစုဆောင်းမှုနည်းလမ်းတစ်ခုအနေနှင့် သော်လည်းကောင်း၊ အာမခံချက်ရှိသော စီးပွားရေးဈေးကွက် တစ်ခုအနေနှင့်ဝယ်ယူ စုဆောင်းမှုများလာသည်နှင့်အတူ ရွှေသည် အဆင်တန်ဆာတစ်ခုအနေနှင့်သာမက ဖက်ရှင်တစ်ခုအနေနှင့်ပါ ခေတ်စားလာသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ရွှေဆိုင်များတွင် အပြိုင်အဆိုင် ဖန်တီးထားသော ရွှေလက်ရာဒီဇိုင်းများသည် ခေတ်ရေစီးကြောင်းပေါ်မူတည်ပြီး ပိုမိုဖန်တီးလာကာ အဝတ်အစားနှင့်လိုက်ဖက်အောင် ဝတ်ဆင်လာကြသည်ကိုလည်း တွေ့ရပါသည်။

အဓိကအားဖြင့် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ချင်သော သူများအနေနှင့် ရွှေပမာဏများသော ဒီဇိုင်းများကို ရှောင်ကြဉ်သင့်ပြီး ရွှေတင်နည်းနည်းနှင့် ရိုးရိုးရှင်းရှင်း ဒီဇိုင်းများကိုသာ ရွေးချယ် ဝယ်ယူ ဝတ်ဆင်သင့်ပါသည်။ အကယ်၍ သင်သည် လူငယ်ဆန်ဆန်နှင့် ဖက်ရှင်ကြကြ ဝတ်ဆင်ချင်လျှင် ရွှေထည်နှင့် ကာလစပ်ထားသော အရောင်ပါဝင်သည့် ရွှေထည်များဖြစ်သည့် Pink Gold, White Gold အစရှိသည့် ရွှေထည်လေးများနှင့် သေးသေးမျှင်မျှင်လေးနှင့် လှပနေစေမည့် လက်ဝတ်ရတနာလေးများကို ရွေးချယ် ဝယ်ယူသင့်ပါသည်။ ထို ရွှေထည် ဒီဇိုင်းလေးများသည် နေ့စဉ် ဝတ်ဆင်သင့်သော လက်ဝတ်ရတနာလေးများတွင် ပါဝင်ပြီး ကျောင်းဝတ်စုံ၊ ရုံးဝတ်စုံတို့နှင့် ဝတ်လျှင် ဖက်ရှင်ကျကျ လှပနေစေပြီး သင့်ကို ဆွဲဆောင်မှုရှိစေသော ဒီဇိုင်းများဖြစ်ပါသည်။

ရွှေကို နှစ်ကြိုးသုံးကြိုး ဆင့်၍ Layering ဝတ်ချင်သာသူများအတွက် ဖက်ရှင်ကျကျ ဝတ်ဆင်ချင်သောသူများအတွက် ပေါ့ပေါ့ပါးပါး Dress လေးများနှင့် Body Fit လို အဝတ်အစားမျိုးကို ဝတ်ဆင်သင့်ပါသည်။ အကယ်၍ သင့်အနေနှင့် အလှူမင်္ဂလာဆောင်များနှင့် ပွဲလမ်းသဘင်များအတွက်ဆိုလျှင် ရွှေထည်ဖြစ်သော ဘယက်၊ လက်စွပ်၊ လက်ကောက်၊ နားကပ် နှင့် ရွှေထည်နှင့် ကျောက်မျက်ရတနာများ ပေါင်းစပ်ပြုလုပ်ထားသည့် ထည်ထည်ဝါဝါ လက်ဝတ်ရတနာများကို ရွေးချယ် ဝတ်ဆင်သင့်ပါသည်။

ယခုဖော်ပြပေးခဲ့သော အကြောင်းအရာလေးသည် ရွှေကို အဝတ်အစားနှင့် ဘယ်လို လိုက်ဖက်အောင် ဝတ်ဆင်သင့်လဲဆိုသည့် အကြောင်းအရာလေးဖြစ်ပြီး ဖက်ရှင်ကို စိတ်ဝင်စားသော သူများအနေနှင့် အနည်းငယ် အထောက်အကူရရှိစေရန် ရည်ရွယ်၍ မျှဝေတင်ဆက်ပေးလိုက်ရပါသည်။