ရွှေအကြောင်းသိကောင်းစရာ

မြန်မာရွှေထည်လက်မှုပညာနှင့် ပြည်ပရွှေထည်ခတ်ခြင်း ခြားနားချက်

ဒီတစ်ခါမှာတော့ ရွှေချစ်သူမိဘပြည်သူတွေကြားမှာ စိတ်ဝင်တစားမေးလေ့ရှိတဲ့ မေးခွန်းလေးတွေထဲက တစ်ခုဖြစ်တဲ့ မြန်မာရွှေထည်လက်မှုပညာနှင့် ပြည်ပရွှေထည်ခတ်ခြင်းတို့ရဲ့ အဓိက ခြားနားချက်လေးတွေကို အားလုံးအတွက် ဗဟုသုတရရှိစေဖို့နှင့် ကိုယ်ကရော ဘယ်လိုဒီဇိုင်းမျိုးလေးတွေကို ရွေးချယ်သင့်လဲဆိုတာတွေကို သိရှိနိုင်စေဖို့အတွက် မျှဝေပေးချင်ပါတယ်ရှင့်…

ရွှေထည်ပစ္စည်းတွေကို ဒီဇိုင်းဖန်တီးထုတ်လုပ်တဲ့အခါ လက်ရာသေသပ်လှပဖို့နဲ့ ခိုင်မာမှုရှိဖို့ရာတွင် အရေးပါဆုံးကတော့ ပန်းထိမ်ခတ်ခြင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ ပန်းထိမ်ခတ်တဲ့အခါ အရင်ကလို လက်နဲ့အချိန်ယူပြီး ပန်းထိမ်ပညာရှင်တွေက ကိုယ်တိုင်ဖန်တီးရတာမျိုးတွေထက် စက်ဖြင့် လိုချင်တဲ့လက်ရာကို ထုတ်လုပ်နိုင်တဲ့ ပန်းထိမ်စက်ကြီးတွေလည်းရှိလာနေပြီဖြစ်တာကြောင့် အရင်ကလို အချိန်အကြာကြီးယူစရာမလိုတော့ဘဲ မိမိလိုချင်တဲ့ ဒီဇိုင်းကို အချိန်တိုအတွင်းရရှိနိုင်နေပြီဖြစ်ပါတယ်။

ရွှေထည်ပစ္စည်းတွေကို ဖန်တီးတဲ့အခါမှာ နောက်တစ်ချက်ထည့်သွင်းစဉ်းစားသင့်တာကတော့ အားလုံးသိကျတဲ့အတိုင်း အလျော့တွက်နဲ့လက်ခအကြောင်းပဲဖြစ်ပါတယ်။  ရွှေထည်ပစ္စည်းတွေကိုဖန်တီးပြီး ခတ်ထားတဲ့ ဒီဇိုင်းတွေပေါ် မူတည်ပြီး အလျော့တွက်တွေ လက်ခ စသည်ဖြင့် ပစ္စည်းတစ်ခုနှင့်တစ်ခုမတူနိုင်သလိုအနည်းအများ ကွာခြားရခြင်း အကြောင်းလေးတွေလည်းရှိပါတယ်။

ဒါကြောင့် မြန်မာ့ရွှေထည်မှာတော့ယခုအချိန်ထိ များသောအားဖြင့် စက်ဖြင့်ထုတ်လုပ်သည့် ရွှေထည်များရှိသော်လည်း များသောအားဖြင့်လက်မှုပညာဖြင့် ပန်းထိမ်ဆရာမှ အချိန်ပေး၍ ဖန်တီးထုတ်လုပ်သည့် ရွှေထည်များလည်းရှိနေဆဲဖြစ်ပါသည်။ စက်ဖြင့်ထုတ်လုပ်သည်ထက် ပိုပြီးခက်ခဲသလို ပိုပြီးလည်းအချိန်ရော လူရော အစစအရာရာ ပင်ပန်းရပါတယ်။ ဥပမာအားဖြင့် စက်ဖြင့် သတ်မှတ်ထားသောလိုချင်သည့် ဒီဇိုင်းတစ်မျိုးကို အချိန် တစ်ပတ်အတွင်းခတ်လို့ရနိုင်ပေမယ့် လက်မှုပညာဖြင့် ပန်းထိမ်ပညာရှင်မှဖန်တီးရမည်ဆိုလျှင် တူညီသော ဒီဇိုင်းတစ်ခုဖြစ်ပါစေ အချိန်အားဖြင့် ပိုယူရတာကြောင့် အနည်းဆုံး ၃ပတ်လောက်အချိန်ပေးရပါတယ်။ ” ဒါပေမဲ့လည်း လက်ဖြင့်ဖန်တီးထားသောလက်ရာများသည် အချိန်ပေးရတာချင်းကွာသလို တန်ဖိုးအားဖြင့်လည်း ပိုမိုကွာခြားလှပါတယ်။ ”  နိုင်ငံခြားပြည်ပနိုင်ငံတွေထဲမှာ လက်ပညာဆိုတာမရှိတာကြောင့် စက်နဲ့ပဲ လက်ပန်းထိမ်အစားထိုး စက်မှုခတ်ထားတဲ့ အထည်ပစ္စည်းတွေကိုထုတ်လုပ်နိုင်ပါတယ်။ ဒါကြောင့် ဒီဇိုင်းချင်းယှဉ်မယ်ဆိုရင် အနုစိတ်လက်ရာများကွာခြားပါတယ်။

ရွှေထည်ပစ္စည်းမှမဟုတ်ဘဲ အခြားသော မည်သည့်ဖန်တီးမှုမျိုးတွင်မဆို လက်မှုပညာသည် စက်ဖြင့်ဖန်တီးသည်ထက် ပိုမိုအဖိုးတန်လေ့ရှိတာကလည်း အားလုံးရဲ့ လက်မှုပညာဖန်တီးမှုများအပေါ် တန်ဖိုးထားခြင်းအားတွေ့မြင်နိုင်ပါသည်။ လူအများစုက ရွှေဝယ်ရင် အလျော့တွက်ကို အများကြီး မပေးချင်တဲ့ အကြောင်း ယခုခေတ်တွင် စက်ဖြင့်ထုတ်သည့် ပန်းထိမ်များခေတ်စားလာသော်လည်း သေချာစဉ်းစားကြည့်မယ်ဆိုရင် မိမိတို့ဝတ်ဆင်မည့် ရတနာကို အချိန်ပေးပြီး ဂရုတစိုက်ထုတ်လုပ်ရသည့် ပန်းထိမ်ပညာရှင်များ၏ လုပ်အားနှင့် လက်ဖြင့်အနုစိတ်ဖန်တီးရတာကြောင့် စက်ဖြင့်ထုတ်သောလက်ရာထက်ပိုသည့် ရွှေပမာဏကို အလျော့တွက်အနေဖြင့်ကျသင့်တာပဲဖြစ်ပါတယ်။

အခုဖော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကို ဖတ်ရှုပြီး မြန်မာ့ရွှေထည်လက်မှုပညာ၏ တန်ဖိုးကိုပိုမိုနားလည်သဘောပေါက်ပြီး ပြည်ပခတ်ထည် တစ်နည်းအားဖြင့် စက်ဖြင့်ထုတ်သည့် ရွှေထည်ပစ္စည်းများ၏ ခြားနားချက်ကိုလည်း ဗဟုသုတရဖွယ်သိရှိကြမယ်လို့မျှော်လင့်ပါတယ်။ ဒါကြောင့် ရွှေဝယ်တဲ့အခါမှာ အလျော့တွက်လက်ခပေးရတာနဲ့ တန်တဲ့ ဒီဇိုင်းတွေကို ဖန်တီးပေးနိုင်တဲ့ ရွှေဆိုင်တွေမှာရွေးချယ်ဝယ်ယူခြင်းဖြင့် ကိုယ်တန်ဖိုးထားတဲ့ ရတနာတွေရဲ့ လက်ရာကို အမြဲကျေနပ် နှစ်သက်နိုင်ကြစေဖို့အတွက်ဆိုရင် ကျွန်တော်တို့ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်မှ လက်ရာဆန်း လက်မှုပညာများနဲ့ ဖန်တီးထားတဲ့ ရွှေထည်ပစ္စည်းများကို စိတ်ချယုံကြည်စွာ ဝယ်ယူအားပေးနိုင်ကြောင်း ဆန္ဒပြုရင်း နောက်အပတ်တွေမှာ Customers တွေ သိချင်တဲ့ ရွှေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေရင်းနဲ့ ပြန်ဆုံတွေ့ကြပါစို့ခင်ဗျာ….