မွေးနေ့ကျောက်

နီလာ သို့မဟုတ် စက်တင်ဘာလဖွားမွေးနေ့ရှင်တို့အတွက် မွေးနေ့ကျောက်

september birthstone sphhire , u hton goldsmith , myanmar

ဒီတစ်ခါမှာတော့ စက်တင်ဘာလဖွားမွေးနေ့ရှင်လေးတွေအတွက် သူတို့ရဲ့ မွေးနေ့ကျောက် (Birthstone ) လေးဖြစ်တဲ့ နီလာကျောက်လေးအကြောင်း မိတ်ဆက်ပြောပြပေးချင်ပါတယ်။ နီလာကျောက်လေးဟာ ကျောက်မျက်ရတနာ ချစ်သူတိုင်းအတွက် အထူးမိတ်ဆက်ပေးစရာမလိုတဲ့ တန်ဖိုးကြီးပြီးလှပတဲ့ ကျောက်မျက်ရတနာလေးတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ၎င်းဟာသစ္စာစောင့်သိမှု၊ ရိုးသားမှုနဲ့ သန့်ရှင်းစင်ကြယ်ခြင်းကို ကိုယ်စားပြုတဲ့ ကျောက်မျက်အမျိုးအစားဖြစ်သည်။ ဒါကြောင့် စေ့စပ်လက်စွပ်အဖြစ်အသုံးပြုရာတွင် အထူးထင်ရှားသည်။

နီလာ (Sapphire) များသည် အရောင်အသွေးအားဖြင့်လည်း စုံလင်ပြီး အဝါရောင်၊ ခရမ်းရောင်၊ မက်မွန်ရောင်၊ ပန်းရောင်နှင့် လိမ္မော်ရင့်ရောင်များအနေဖြင့်လည်း တွေ့ရတတ်ပြီး အပြာရင့်ရောင် Sapphire များသည် ဆွဲဆောင်မှုအရှိဆုံးဖြစ်သည်။ နီလာကျောက် (Sapphire) များကို နိုင်ငံအတော်များများတွင် တွေ့နိုင်သော်လည်း ဈေးအကြီးဆုံးမှာ မြန်မာ၊ ကက်ရှမီးယားနှင့် သီရိလင်္ကာတို့တွင်ဖြစ်သည်။ ၎င်းသည်ကမ္ဘာပေါရှိ ကျောက်မျက်ရတနာများအကြားတွင် ရှာဖွေရအခက်ဆုံးနှင့် ဈေးအကြီးဆုံးကျောက်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နီလာကျောက်များကို မိုးကုတ်ဒေသတွင် အများဆုံးရှာဖွေတွေ့ရှိသည်။

စက်တင်ဘာလတွင် မွေးဖွားသောကျောက်သည် နီလာကျောက်ဖြစ်ပြီး Sapphire ဆိုသောစကားလုံးသည် လက်တင်စကားလုံး “Saphirus” နှင့် ဂရိစကားလုံး “Sapheiros” မှ ဆင်းသက်လာသည်။ စက်တင်ဘာလဖွား မွေးနေ့ရှင်တို့အတွက် အထူးသင့်လျော်တဲ့ နီလာကျောက်လေးဟာ မွေးနေ့ရှင်တို့အတွက် ပျော်ရွှင်မှု ကြွယ်ဝချမ်းသာမှုနဲ့ နှစ်သိမ့်ကြည်နူးစေမှုတို့ကို ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအင်ရှိတယ်လို့ ယုံကြည်ကြတယ်။ ဒါ့အပြင် အပျက်သဘောဆောင်တဲ့အတွေးအားလုံးကို ပိတ်ဆို့ပြီး ပိုမိုကောင်းမွန်တဲ့ အကောင်းမြင်စိတ်ကိုလည်း တိုးတက်လာစေပါတယ်။ စိတ်ပိုင်းဆိုင်ရာကုသမှုများအနေဖြင့်လည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအန္တရာယ်များမှ ဖယ်ရှားပေးနိုင်စွမ်းရှိသည်ဟု ယုံကြည်ကြသည်။ အဓိကအားဖြင့် စိတ်ဖောက်ပြန်မှု သို့မဟုတ် အယ်ဇိုင်းမားရောဂါခံစားနေရတဲ့ လူများအတွက် Pituitary နှင့် သိုင်းရှိုက်ဂလင်းများကို လှုံဆော်ရန်အတွက် နီလာကျောက်ကို အသုံးပြု၍ကုသနိုင်သည်။
ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာအရလည်း နီလာကျောက်လေးဟာ ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တဲ့ ကျောက်မျက်ရတနာမျိုးဖြစ်သည်။ ၎င်းသည် အရိုးသိပ်သည်းဆကို တိုးတက်စေပြီး အဓိကအားဖြင့် ခွဲစိတ်ကုသမှုခံယူပြီးနောက် လျင်မြန်စွာသက်သာလာစေရန် ကူညီပေးနိုင်စွမ်းရှိပြီး မီးလောင်ဒဏ်ရာများကို ကုသပေးခြင်း၊ အဖျားတက်ခြင်း၊ ဒဏ်ရာရောင်ရမ်းခြင်းနှင့် ကူးစက်ရောဂါများကို ကုသပေးသည်။ နီလာသည် အရေပြား အဆိပ်ထုတ်ခြင်းနှင့် အာရုံကြောများကုသခြင်း အတွက်လည်းအလွန်ကောင်းမွန်သည့်စွမ်းအားကိုပိုင်ဆိုင်သည်။

Mohs Hardness Scale အရ Sapphire ကျောက်မျက်သည် စိန်ပြီးလျှင် အမာကြောဆုံးကျောက်မျက်ဖြစ်သည်။ Mohs scale အဆင့် ၉ အဖြစ်သတ်မှတ်ခြင်းခံရသည်။ ထို့ကြောင့် Sapphire နီလာကျောက်မျက်ရတနာလေးဟာ အလွယ်တကူခြစ်ရာများ ဖြစ်လွယ်တတ်သဖြင့် ၎င်းကို စနစ်တကျ ဂရုစိုက်ပေးရန် လိုအပ်သည်။ Sapphire ကျောက်မျက်လေးဟာ အလင်းနှင့် ဓာတုပစ္စည်းများကဲ့သို့သော အခြေအနေများစွာကို ခံနိုင်ရည်ရှိသော်လည်း သံပုရာဖျော်ရည်ကဲ့သို့သော အက်စစ်ပျော့များကြောင့် ပျက်ဆီးနိုင်သည်။ သန့်ရှင်းရေးလုပ်ပေးရာတွင် နွေးသောရေနွေးနှင့် နူးညံသော သွားတိုက်တံဖြင့် ဆပ်ပြာအပျော့ကို အသုံးပြု၍ သန့်ရှင်းရေးလုပ်ရုံနှင့် လုံလောက်သည်။ ၎င်းကို ရေချိုးနေစဉ်နှင့် ရေကူးနေစဉ် ဝတ်ဆင်ထားခြင်းမှလည်း ရှောင်ကြဉ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် အေးနေသောရေနှင့် ကလိုရင်း၏တိုက်စားမှုကြောင့် ပျက်ဆီးလွယ်သည်။
နီလာ (Sapphire) ကျောက်လေးဟာ September လဖွား မွေးနေ့ရှင်တို့အတွက် အဓိပ္ပါယ်ပြည့်ဝသော Birthstone လေး ဖြစ်ရုံသာမကဘဲ ၎င်းအား ဝတ်ဆင်သူတိုင်းကိုလည်း ကောင်းကျိုးအဖြာဖြာပေးတဲ့ ကျောက်မျက်ရတနာတစ်မျိုးဖြစ်ကြောင်း ဗဟုသုတရဖွယ် အချက်အလက်များကို စုဆည်းပြီး မျှဝေပေးလိုက်ပါတယ်နော်။ ကျောက်မျက်ရတနာအားလုံးမှာ ကိုယ်ပိုင်စွမ်းအင်သတ္တိအမျိုးမျိုးရှိကြတာကြောင့် ကျောက်မျက်ရတနာလေးတွေကို အလှဆင်စရာ အဆင်တန်ဆာတစ်ခုထက်ပိုပြီး မိမိတို့ကံကောင်းမှုအတွက် အထောက်အပံ့ကောင်းတစ်ခုအဖြစ် သတ်မှတ်ပြီး ရွေးချယ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။