စိန်ရတနာပစ္စည်းကို ရောင်းတဲ့သူရော၊ ဝယ်တဲ့သူရော စိန်ထည်လေးတွေကို ဘယ်လိုတွက်ရလဲဆိုတာကို ပြောပြပေးပါ့မယ်။
ကာရက်၊ ရတီနှင့် ဘီတို့ရဲ့ဆက်သွယ်ချက်
1Ct (ကာရက်) = 1.1R (ရတီ)
1R (ရတီ) = 20B (ဘီ)
1B (ဘီ) = 8ပွိုင့်
R (ရတီ) ချိန်ကို Ct (ကာရက်) ပြောင်းချင်လျှင် :
R (ရတီ)ကို 1.1နဲ့ စားလျှင် Ct (ကာရက်) တန်ဖိုးကို ရသည်။
3R (ရတီ) ရှိတဲ့စိန်ကို Ct (ကာရက်) ဖွဲ့မည်ဆိုလျှင် :
3/1.1 = 2.72Ct (ကာရက်) တန်ဖိုးကို ရရှိပါသည်။
3Ct (ကာရက်) ရှိတဲ့ စိန်တန်ဖိုးကို သိချင်လျှင် 1Ct (ကာရက်) ရှိတဲ့ စိန်တန်ဖိုးလေးကို 3နဲ့ မြှောက်ပေးရပါမည်။
3 * 1 = 3Ct (ကာရက်) တန်ဖိုးကို ရရှိပါသည်။
2R 10 3/8B ရှိတဲ့စိန်ကို Ct (ကာရက်) ပြောင်းချင်လျှင်
3/8 + 10/20 + 2/1.1 = 2.28Ct (ကာရက်) တန်ဖိုးကို ရရှိပါသည်။
2R (ရတီ) ရဲ့တန်ဖိုးကို သိချင်တယ်ဆိုလျှင် 2 × စိန်ရဲ့ တစ်ရတီစျေးနှုန်းနဲ့ မြှောက်လိုက်ရင် 2R (ရတီ) ရဲ့တန်ဖိုးကို ရပါမည်။
2R 5 4/8B ရှိတဲ့စိန်ရဲ့တန်ဖိုးကိုသိချင်လျှင်
4/8 + 5/ 20 + 2 × 1ရတီ စျေးနှုန်းလေးနဲ့ မြှောက်ပေးရပါမည်။
အခုဆိုလျှင် စိန်တွက်နည်းကို ကိုယ့်သူငယ်ချင်းတွေကို အတူတူမျှဝေပေးလို့ ရပါတယ်။