ကျောက်မျက်အကြောင်းသိကောင်းစရာ

နီလာကို ဘာကြောင့်ဝတ်ဆင်သင့်သလဲ?

beauty of sapphires, u hton goldsmith, myanmar

မြန်မာနိုင်ငံ၏ သဘာဝတွင်းထွက်သယံဇာတများစွာထဲမှာ တစ်ခုအပါအဝင်ဖြစ်သည့် နီလာကျောက်လေးတွေရဲ့ အရည်အသွေးအကြောင်း ပြောပြပေးချင်ပါသည်။

နီလာကျောက်လေးတွေဟာ လူသားတွေအတွက် ချမ်းသာကြွယ်ဝခြင်း၏ နိမိတ်ကို ပေးဆောင်နိုင်ပါသည်။ နီလာကျောက်လေးတွေရဲ့ မူလဂုဏ်သတ္တိသည် ကြည်လင်အေးမြခြင်းသဘောကို ဖော်ဆောင်နိုင်ပါသည်။ လူအများတန်ဖိုးထားရတဲ့ နဝရတ်ကိုးပါးထဲတွင် နီလာကျောက်လေးများ ပါဝင်ပါသည်။ ရင်ထဲမှ မြတ်နိုးတန်ဖိုးထားခြင်းများ ဖော်ပြသည့်အခါမှာ နီလာကျောက်လေးတွေနဲ့ ပြုလုပ်ထားသည့် လက်ဝတ်ရတနာလေး‌တွေကို လက်ဆောင်အဖြစ် ပေးသည့်အခါ အသိအမှတ်ပြုခြင်းကို ခံရပါသည်။  မိမိကိုယ်တိုင် ဝတ်ဆင်ထားမယ်ဆိုလျှင်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အဝရရှိစေပါသည်။

နီလာကျောက်သည်  ကျန်းမာရေးအတွက် အထူးဆောင်ထားသင့်သည့် ကျောက်တစ်မျိူးပင် ဖြစ်ပါသည်။ သဘာဝတွင်းထွက်ကျောက်အစစ်ဖြစ်တာမို့  ဓာတ်ကြီးလေးပါးသဘောလည်း ဆောင်ပါသည်။  မြန်မာနိုင်ငံရဲ့ အလှူ၊ မင်္ဂလာဆောင်တွေမှာလည်း နီလာကျောက်ဘယက်လေးတွေကို ဂုဏ်ယူဝင့်ကြွားစွာ ဆင်မြန်းကြသည်ကို တွေ့မြင်ရသည်။  နီလာကျောက်လေးတွေကို အ‌ဆောင်လက်ဝတ်ရတနာအဖြစ် ဝတ်ဆင်ကြမယ်ဆိုလျှင်လည်း ဘေးအန္တရာယ်များ ကင်းဝေး၍ ကျန်းမာပျော်ရွှင်စေပါသည်။ အရည်အသွေးအကောင်းဆုံး နီလာရဲ့အရောင်လေးသည် ကောင်းကင်ပြာရောင် ဖြစ်ပါသည်။

နီလာကျောက်ပါဝင်သည့် ရတနာပစ္စည်း တစ်စုံတစ်ရာကို ဝတ်ဆင်ထားပါက မိမိကိုယ်၌တွင် ပျော်ရွှင်ခြင်း၊  ငြိမ်းချမ်းခြင်းတို့ကို ယူဆောင်ပေးနိုင်ခြင်း၊ မကောင်းသောဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်းဟူသော အစွမ်းသတ္တိများကိုလည်း ပိုင်ဆိုင်ရရှိနိုင်ပါသည်။ ထူးခြားမှုတွေနှင့် ပြည့်စုံနေသည့် သဘာဝတွင်းထွက် နီလာကျောက်လေးတွေကို ဆင်မြန်းနိုင်ပြီး မိဘပြည်သူများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေနော် …