ကျောက်မျက်အကြောင်းသိကောင်းစရာ

Tanzanite ကျောက်၏အလှတရား

thebeautyofTanzanite

ဒီအပတ်မှာ မျှဝေပေးဖို့ ရွေးချယ်ထားတဲ့ အကြောင်းအရာလေးကတော့ ကျောက်မျက်ရတနာတွေကိုမှ ချစ်မြတ်နိုးပြီး အရောင်ဆန်းတဲ့ ကျောက်မျက်တွေကိုမှ ပိုသဘောကျနှစ်ခြိုက်ပါတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ စာဖတ်ပရိတ်သတ်တွေအတွက် တန်ဇနိုက်လို့ ခေါ်တဲ့ ကျောက်မျက်ရဲ့ ထူးဆန်းလှပတဲ့ အရောင်နှင့် အခြားစိတ်ဝင်စားဖွယ် အချက်အလက်လေးများကို အားလုံးအတွက် မျှဝေပေးဖို့ရွေးချယ်ထားပါတယ်။

တန်ဇနိုက်ကျောက်မျက်ကို 1967 ခုနှစ်ရောက်မှသာ တန်ဇန်းနီးယားမြောက်ပိုင်းရှိ ဧရိယာငယ်တစ်ခုတွင် သီးသန့်တွေ့ရှိရပြီး ရှာဖွေတွေ့ရှိခဲ့သောမျိုးစိတ်ကျောက်များထဲမှ လူကြိုက်အများဆုံး ကျောက်မျက်ရတနာအဖြစ် လျင်မြန်စွာဖြစ်လာခဲ့သည်။တန်ဇနိုက်သည် ကံကြမ္မာနှင့်ဆက်စပ်သော ကျောက်မျက်ရတနာတစ်မျိုးအဖြစ်လည်း လူအများက ယုံကြည်ကြသည်။ ဒါ့အပြင် ၎င်းသည် ဒီဇင်ဘာလမွေးဖွားသူတို့အတွက် မွေးရာပါ အဆောင်ကျောက်တစ်ခုလည်းဖြစ်သည်အထဲမှ ဝတ်ဆင်သူအား ချမ်းသာခြင်းနှင့် ကျန်းမာခြင်းတို့ကို ဆောင်ကြဉ်းပေးသည်ဟု ယုံကြည်ရသည်။

တန်ဇနိုက်ကို ရှာဖွေတွေ့ရှိပြီးနောက်ပိုင်းတွင် ပိုပြီးအဝယ်များလာတာကြောင့် အရမ်းရှားရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ သူ့ရဲ့ ထူးခြားတဲ့ အရောင်ကြောင့်ပဲဖြစ်ပါတယ်။ ၎င်း၏နက်ပြာ-ခရမ်း အရောင်သည် အခြားကျောက်မျက်ရတနာများနှင့်မတူဘဲ လက်ဝတ်ရတနာချစ်သူများကြားတွင် ဆွဲဆောင်မှုရှိသော ထူးခြားသည့်အချက်ပင်ဖြစ်သည်။ တန်ဇနိုက်သည် မတူညီသော ထောင့်များမှ အရောင်များကို ပြသသည့် Pleochroic ကျောက်မျက်ရတနာလည်းဖြစ်သည်။တန်ဇနိုက်၏ မူရင်းအရောင်သည် အပြာ-ခရမ်းရောင်များကြောင့် အကျော်ကြားဆုံးဖြစ်သော်လည်း တစ်ခါတစ်ရံ ကျယ်ပြန့်စွာတူးဖော်မှုကြောင့် ပန်းရောင်၊ အစိမ်းရောင်နှင့် အဝါရောင်ကဲ့သို့သော အံ့သြဖွယ်ကောင်းလောက်အောင် လှပပြီး ရှားပါးသောအရောင်များကို ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းရှားပါးကျောက်များကို ဖန်စီရောင် တန်ဇနိုက် ဟုခေါ်သည်။ ဤထူးခြားသော အရောင်ကိုပိုင်ဆိုင်သည့် တန်ဇနိုက် သည် လူများအား  စိတ်ဝင်စားမှုနှင့် လျှို့ဝှက်ဆန်းကြယ်မှုတို့ကို ပေးစွမ်းနိုင်သည်။

တန်ဇနိုက်ကျောက်မျက်သည် ၎င်း၏ထူးခြားလှပတင့်တယ်သော အရောင်ကြောင့် မည်သည့် လက်ဝတ်ရတနာကိုမဆို လုပ်ဆောင်နိုင်သလို ဝတ်ဆင်ရာတွင်လည်း အဆင်တန်ဆာအားလုံးနှင့် လိုက်ဖက်ပြီး လူတိုင်းနှင့် လိုက်ဖက်သည့် အဆင်းရောင်ရှိသည်။ နားကပ်မှသည် လက်စွပ်၊ လော့ကပ်များအထိ တန်ဇနိုက်သည် အရောင်အသွေးနှင့် ထူးခြားဆန်းပြားသော အထိအတွေ့မှတဆင့် ကောင်းမွန်သောလက်ဝတ်ရတနာဒီဇိုင်းများကိုပေါင်းထည့်ခြင်းဖြင့် အရောင်းအဝယ်များသည့် ကျောက်မျက်တစ်မျိုးလည်းဖြစ်သည်။ သို့သော် တန်ဇနိုက်ကို ဖြစ်ပေါ်စေသည့် ဘူမိဗေဒဖြစ်စဉ်သည် ထပ်ခါတလဲလဲဖြစ်ရန် အခွင့်အလမ်းတစ်သန်းမှတစ်သန်းအောက်သာရှိကြောင်းနှင့် ဘူမိဗေဒစမ်းသပ်မှုများအရ ကမ္ဘာပေါ်တွင် တန်ဇနိုက်တွေ့ရှိရမှုသည့် ဆယ်စုနှစ်အနည်းငယ်အတွင်း အလျှင်အမြန်ကုန်သွားနိုင်ချေရှိသည့် ကျောက်မျက်တစ်မျိုးလည်းဖြစ်သည်။တန်ဇနိုက်သည် Mohs စကေးပေါ်တွင် 6.5 ရှိသော်လည်း ၎င်း၏ သလင်းကျောက်ပြားကြောင့် အလွယ်တကူ ကွဲအက်နိုင်သော ကြွပ်ဆတ်သော ကျောက်ဖြစ်သည်။

အထက်တွင်ဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးကတော့ ကျောက်မျက်အရောင်ဆန်းတစ်ခုဖြစ်တဲ့ တန်ဇနိုက်ကျောက်နှင့် ပတ်သတ်ပြီး စိတ်ဝင်စားဖွယ် အချက်အလက်လေးတွေနှင့်အတူ တန်ဇနိုက်ကျောက်၏ ထူးခြားလှတဲ့ အလှတရားအကြောင်းပဲဖြစ်ပါတယ်။ နောက်အပတ်တွေမှာလည်း အခြား စိတ်ဝင်စားဖွယ်အကြောင်းအရာလေးတွေကို မျှဝေပေးဦးမှာဖြစ်လို့ သိချင်တဲ့ အကြောင်းအရာလေးတွေရှိရင်လည်း အောက်က comment တွင်မေးခဲ့လို့ရပါတယ် နော်။