ပညာရေး, ရွှေအကြောင်းသိကောင်းစရာ

ရွှေထည်လေးတွေဝယ်တဲ့အခါ ဒါလေးတွေလည်းသိထားပြီးပြီလား?

Buying Gold & Jewelry

ရွှေထည်ကျောက်ထည်လေးတွေ ဝယ်တဲ့အခါ သိသင့်သိထိုက်တဲ့ အခေါ်အဝေါ်လေးတွေ မျှဝေပေးချင်ပါတယ် ..
ရွှေမှာ အမျိုးအစားပေါင်းများစွာရှိသော်လည်း ဈေးကွက်မှာ များသောအားဖြင့်က အခေါက်ရွှေ (သို့မဟုတ်) မီးလင်းရွှေ (သို့မဟုတ်) ၁၆ပဲရည် ၊ ၁၅ပဲရည် ၊ ၁၄ပဲ၂ပြားရည် ၊ 18K ကိုသာ အသုံးပြုကြသည်။ ရွှေကိုချိန်တွယ် ရောင်းချရာမှာ ‘ကျပ်သား’ ပေါ်မူတည်၍ ဈေးတွက်ရသဖြင့် ‘ကျပ်သား ၊ ပဲသား ၊ ရွေးသား’ ဟူ၍အဆင့်သုံးဆင့်ရှိသည်။ ဒေသမြို့နယ်အလိုက် မူတည်၍လည်း အချိန်အဆ အနည်းငယ်ပြောင်းလဲမှုများရှိနိုင်ပါသည်။ သို့သော် လည်းပဲယခုအခါမြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ သတ်မှတ်ပေးထားသော မြန်မာနိုင်ငံတစ်နိုင်ငံ အသုံးပြုသင့်သော အလေးချိန်ကို ဖော်ပြပေးသွားပါမည်။
အသုံးပြုခေါ်ဝေါ်ပုံ အလေးချိန်တွေကတော့ …
၁၆ပဲ = တစ်ကျပ်သား = ၁၂၈ရွေး
၁၂ပဲ = သုံးမတ်သား = ၉၆ရွေး
၈ပဲ = ငါးမူးသား = ၆၄ရွေး
၄ပဲ = တစ်မတ်သား = ၃၂ရွေး
၂ပဲ = တစ်မူးသား = ၁၆ရွေး
၁ကျပ်တွင် ၁၆ပဲ ရှိပြီး ၁ပဲ တွင် ၈ရွေး ရှိပါသည်။ တချို့ အထက်မြန်မာပြည်ဒေသတစ်ချို့တွင် ဟိုးအရင်က ၁ပဲကို ၇.၅ ရွေး သတ်မှတ်ကျပါသည်။ ဂရမ်ချိန်အရဆိုလျှင်လည်းပဲ တစ်ချို့ဒေသတွင် ၁ကျပ်သားကို ၁၆ ဂရမ် ဟုခေါ်ဝေါ်ကြသည်။ သို့သော် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းယခင်နှစ်သတင်းစာထုတ်ပြန်ချက်အရ ၁၆.၆ ဂရမ်ဟု တစ်နိုင်ငံလုံးသတ်မှတ်ပေးထားပါသည်။ ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်တွင် ထုတ်ပြန်ချက်အရသတ်မှတ်ထားသောအလေးချိန်နဲ့ပဲ အရောင်းအဝယ်လုပ်ပါသည်။