ပြည်ပသတင်း

အိန္ဒိယမှာ ရွှေချိန် 800 ဂရမ်ကျော် ဖောက်ထွင်းခံရ

Breaking In

ရွှေဆိုင်တွေဆိုတာ တန်ဖိုးမြင့်မားတဲ့ပစ္စည်းတွေကို ရောင်းချတဲ့နေရာဖြစ်တာကြောင့် လုယက်လိုသူတွေ၊ သူခိုးတွေရဲ့ ပစ်မှတ်ထားမှုကို ခံရလေ့ရှိတဲ့ နေရာတွေဖြစ်ပါတယ်။ ပုံမှန်ပစ္စည်းတွေရောင်းချတဲ့ ဆိုင်တွေထက် ရွှေဆိုင်တွေ၊ ဘဏ်တွေက ဒုစရိုက်သမားတွေရဲ့ ပစ်မှတ်ထားမှုကို ပိုမိုခံရလေ့ရှိတာလည်း ဓမ္မတာပါပဲ။ အခုလည်း အိန္ဒိယနိုင်ငံက ရွှေဆိုင်တစ်ဆိုင်က ဖောက်ထွင်းမှု ခံခဲ့ရပြန်ပါပြီ။ ဒီအကြောင်းကို ဆက်လက်ဖတ်ရှုပါ။
ဒီဖြစ်စဉ်က အိန္ဒိယနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ အမတ်ဒ်ဒါဘတ်ဒ်မြို့က ကာလူပေါ ဈေးဝယ်စင်တာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရွှေချိန်ဂရမ် 800 ကျော် ခိုးယူခံခဲ့ရတာဖြစ်ပြီး တန်ကြေး အိန္ဒိယရူပီး 26 သိန်းခန့် ရှိခဲ့တယ် လို့ သိရပါတယ်။
ခိုးယူခံခဲ့ရတဲ့ ဆိုင်ရဲ့ ပိုင်ရှင်ကတော့ အသက် 29 နှစ်အရွယ် Ravi Narendra Soni ဆိုသူဖြစ်ပြီး သူဟာ ရွှေတွေဖောက်ထွင်းခံရတဲ့သတင်းကြားပြီးနောက် ရဲစခန်းကို အပြေးလာရောက် တိုင်ကြားခဲ့တယ်လို့ ရဲအရာရှိက ပြောပါတယ်။ သူဆိုင်မှာ ဝန်ထမ်း ၁၈ ဦးရှိပြီး ရွှေဖန်တီးပြုလုပ်တဲ့ ပန်းထိမ်လုပ်ငန်းကိုပါ လုပ်ကိုင်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက် 20 လောက်က ကျွန်တော်မှာ ရွှေ 812 ဂရမ်လောက်ရှိပါတယ်။ ဒါတွေကို ကျွန်တော်ဆိုင်မှာထားပြီး
ပုံသွင်းနေတာပါ။ ဗုဒ္ဓဟူးနေ့ ညမှာတော့ ကျွန်တော် ဝန်ထမ်းဆီက ဖုန်းတစ်ကောလက်ခံရရှိခဲ့ပါတယ်။
သူပြောချက်အရ ရွှေတွေထည့်ထားတဲ့ပုံး ပွင့်နေပြီး ရွှေတွေ ပျောက်ဆုံးနေတယ်လို့ Soni က ပြောကြားခဲ့ပါတယ်။ ဖောက်ထွင်းသူဟာ ဆိုင်ရဲ့ အဝင်သော့ကို ချိုးဖျက်ပြီး အထဲကို ဝင်ရောက်ခဲ့တာဖြစ်တယ်လို့လည်း Soni က ပြောကြားခဲ့ပါတယ်။ ဆိုင်ရဲ့ CCTV မှတွေ့ရှိချက်အရ ဖောက်ထွင်းသူဟာအမျိုးသားတစ်ဦးဖြစ်ပြီး သူဟာဦးထုပ်ဆောင်းထားသလို မျက်နှာကိုလည်း ပုဝါနဲ့ ဖုံးအုပ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါအပြင် သူဟာ ဆိုင်ထဲ မဝင်ခင် CCTV ကင်မရာရဲ့ အဝေးမှာရှိနေဖို့လည်းဂရုတစိုက်ကြိုးပမ်းနေတာ တွေ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးရဲတွေက ဆိုင်အနီးတဝိုက်က ဗီဒီယိုမှတ်တမ်းတွေကိုလည်း သိမ်းဆည်းနေတယ်လို့ သိရပါတယ်။