ရွှေအကြောင်းသိကောင်းစရာ

ရွှေနှင့်အလျော့အကြောင်း

aboutgoldpricing

ဒီအပတ်မှာမျှဝေပေးဖို့ ရွေးချယ်ထားတဲ့အကြောင်းအရာလေးကတော့ ရွှေချစ်သူ မိဘပြည်သူတွေ အမေးအများဆုံးနဲ့ သိထားသင့်တဲ့ အကြောင်းအရာလေးတစ်ခုဖြစ်တဲ့ ရွှေဝယ်တဲ့အခါပေးရတဲ့ ” အလျော့တွက် “ အကြောင်းပဲဖြစ်ပါတယ်။ ရွှေဝယ်တဲ့အခါပေးရတဲ့ အလျော့တွက်က ဘာကြောင့် တစ်ဆိုင်နဲ့တစ်ဆိုင် မတူရတာလဲ။ ဘာကြောင့် အလျော့တွက်တွေ ကျသင့်တာလဲ။ အလျော့တွက်သက်သာချင်ရင် ဘယ်လိုရွှေမျိုးကိုရွေးချယ်သင့်လဲ စတဲ့အကြောင်းအရာတွေကို အားလုံးအတွက် ဗဟုသုတရရှိစေဖို့ ရည်ရွယ်ပြီးမျှဝေပေးချင်ပါတယ်။

ရွှေဝယ်တဲ့အခါမှာ မိမိဝယ်ယူတဲ့ ရွှေထည်ပစ္စည်းပေါ်မူတည်ပြီး အလျော့တွက် လက်ခ ပေးရတာကတော့ ရွှေဆိုင်တိုင်းမှာပုံမှန်ပဲဖြစ်ပါတယ်။ ရွှေထည်ပစ္စည်းရဲ့ အသားတင်အလေးချိန်အပြင် မိမိဝယ်ယူတဲ့ပစ္စည်း၏ ဒီဇိုင်းပေါ်မူတည်ပြီး အလျော့တွက်နဲ့ လက်ခ ကိုပေးချေရပါတယ်။

ဒီနေရာမှာ ကိုယ့်အတွက် စဉ်းစားရမယ့်အကြောင်းအရာကတော့ ကိုယ်က ပစ္စည်းဒီဇိုင်း ကို ကြည့်ပြီး ဝယ်ယူချင်တာလား။ ဒါမှမဟုတ် ငွေကြေးအရာထင်အောင် ရွှေစုချင်တာလား။ ဒါမှမဟုတ် ရွှေထည်လေးကို ဝတ်လည်းဝတ် စုသလို လည်း အဖက်တင်ချင်တာလား… စတဲ့အရာတွေအပေါ် သေသေချာချာကြိုတင်ပြီး စဉ်းစားဆုံးဖြတ်ထားဖို့လိုပါတယ်။

ရွှေကိုဝယ်တဲ့အခါမှာ အချို့ကစုချင်တဲ့အနေနဲ့ ဝယ်မယ်ဆိုရင် အလျော့တွက် လက်ခ မပေးရတဲ့ ရွှေတုံးမျိုး ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ အခုလိုဆိုရင် မိမိတတ်နိုင်တဲ့ အလေးချိန်အတိုင်း ရွေးချယ်ဝယ်ယူပြီး စုလို့ရတာကြောင့် အသားတင် ရွှေအလေးချိန်ကို တန်ဖိုးမလျော့ဘဲ ရရှိမှာဖြစ်ပါတယ်။

တကယ်လို့ရွှေကို ဝတ်လည်းဝတ်ချင်တယ် အဖက်လည်း တင်အောင်ဝယ်ယူ စုဆောင်းချင်ရင်တော့ ရွေးချယ်နိုင်တဲ့ နည်းလမ်းတစ်မျိုးရှိပါတယ်။ ရွှေထည်ပစ္စည်းဝယ်တဲ့အခါ အလျော့တွက် လက်ခသက်သာပြီး ရိုးရှင်းတဲ့ ဒီဇိုင်းမျိုးကိုသာ ရွေးချယ်ပြီး ဝယ်ယူသင့်ပါတယ်။ ဥပမာ လက်စွပ်ဝယ်ဖို့ စဉ်းစားတဲ့အခါ ရိုးရှင်းတဲ့ ဒီဇိုင်းဖြစ်တဲ့ မောင်းကွင်းလက်စွပ်နှင့် ဒီဇိုင်းဆန်းတဲ့ မောင်နှံခုနှစ်ဖော်လက်စွပ်တို့ စတဲ့ လက်စွပ်နှစ်ကွင်းကို နှိုင်းယှဉ်ပြပါမယ်နော်။

မောင်းကွင်းလက်စွပ်က ပန်းထိမ်တွင် ပြုလုပ်သည့်အခါ ဒီဇိုင်းရိုးရှင်းသည့်အတွက် လက်မဝင်ဘဲ ရွှေအလေအလွင့်နည်းတာကြောင့် အလျော့တွက် သက်သာပေမယ့် မောင်နှံခုနှစ်ဖော်လို လက်စွပ်ဒီဇိုင်းဆန်းလေးကတော့ ပြုလုပ်ရတွင် လက်ဝင်သလို ဖန်တီးရသည့် ဒီဇိုင်းပုံအရ အလေအလွင့်လည်း အနည်းငယ်ပိုနိုင်တာကြောင့် အလျော့တွက်ပိုမိုကျသင့်နိုင်ပါတယ်။ ဆိုလိုရင်းကတော့ အလျော့တွက်ဆိုတာ ” မိမိ ဝယ်ယူမယ့် ဒီဇိုင်းဆန်း လှလှလေးတွေဆိုရင် ပန်းထိမ်ဆရာတွေအနေနဲ့ ပုံမှန်ကြာချိန်ထက် ပိုပြီးအချိန်ယူရခြင်း “၊  ” ဆန်းသစ်တဲ့ ဒီဇိုင်းကို ဖန်တီးပြုလုပ်ရာတွင် ပုံမှန် ရွှေအလေအလွင့်ထက် ပို၍ များခြင်း ” စတဲ့ အချက်တွေဟာ ဒီဇိုင်းပေါ်မူတည်ပြီး အလျော့များ မတူရခြင်းဖြစ်သည်။ သို့သော်လည်း ဒီဇိုင်းလည်း ဆန်း အလျော့တွက်လည်း ပုံမှန်ထက်ပို၍ သက်သက်သာသာနဲ့ ဝယ်နိုင်မယ့် နည်းလမ်းတစ်ခုတော့ ရှိပါတယ်ရှင့်… ကိုယ်ပိုင်ပန်းထိမ် ရှိတဲ့ ရွှေဆိုင်ကြီးတွေမှာ ဝယ်ယူခြင်းပင်ဖြစ်သည်။ ကိုယ်ပိုင်ပန်းထိမ် ဘာကြောင့် အလျော့သက်သာလဲ။ ကိုယ်ပိုင်ပန်းထိမ်တွင် တစ်ဆင့်ခံ ပန်းထိမ်ဆရာများမရှိခြင်းကြောင့် အလျော့တွက်မှာ တစ်ခြားသော သူတွေထက် ပို၍သက်သာရခြင်းဖြစ်သည်။

တကယ်လို့ ကိုယ်က ဒီဇိုင်းဆန်းဆန်းလေးတွေကိုပဲဝတ်ဆင်ချင်တယ် ပြီးတော့အလျော့တွက်ကလည်းသက်သက်သာသာနဲ့ လိုချင်တယ် ဆိုရင်တော့ သေချာပါတယ် ၁၉၄၀ ခုနှစ်ကစပြီး ရွှေပန်းထိမ်လုပ်ငန်းကို ကိုယ်ပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်လာရင်းနဲ့ ၁၉၉၁ ခုနှစ်ကစပြီး ယနေ့အချိန်ထိ နှစ်ပေါင်း ၃၀တိုင်အောင် မိမိကိုယ်ပိုင်ပန်းထိမ်နှင့် ရွှေဝယ်ယူစုဆောင်းသူများရဲ့ အကြိုက် ရွှေဆိုလျှင် ဦးထုံကိုအထူး ယုံလိုက်ပါ “ ဆိုတဲ့ ဦးထုံရွှေပန်းထိမ်နှင့် ရတနာရွှေဆိုင်ကို စိတ်ချလက်ချ ဝယ်ယူအားပေးဖို့ အကြံပြုပါလိုက်ရပါစေရှင့်…

အခုအပတ်မျှဝေပေးခဲ့တဲ့အကြောင်းအရာလေးကတော့ ရွှေချစ်သူမိဘပြည်သူတွေအတွက် ဗဟုသုတရရှိပြီး မိမိတို့လိုချင်တဲ့ ရွှေအမျိုးအစားကို ပိုမိုတိကျစွာရွေးချယ်နိုင်ယူနိုင်စေဖို့ ဆန္ဒပြုမျှဝေလိုက်ပါတယ်ရှင့်။ နောက်အပတ်မှာပြန်လည်တွေ့ဆုံကြရင်းဖြင့်….