ကျောက်မျက်အကြောင်းသိကောင်းစရာ

နည်းပညာ တိုးတက်လာမှုနှင့်အတူ လက်ဝတ်ရတနာ ဒီဇိုင်းဆန်းသစ်လာမှု

jewelryvstechnology

အစစအရာရာတိုးတက်နေတဲ့ ၂၁ ရာစုခေတ်ကြီးမှာ တိုးတက်မှုတွေဟာ အချိန်နဲ့ တပြေးညီ မြန်မြန်ဆန်ဆန်ပြောင်းလဲနေသလို နည်းပညာအသစ်အဆန်းတွေဟာလည်း တစ်နေ့တစ်နေ့မတူနိုင်အောင် ပြောင်းလဲလျှက်ရှိနေပါတယ်။ အခုလို ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာတွေကိုအလိုက်မှီဖို့ ခက်ခဲတဲ့ခေတ်ကြီးမှာ ဆန်းသစ်လှတဲ့ ဖန်တီးမှုတွေကြားက လက်ဝတ်ရတနာဒီဇိုင်းဆန်းတွေကလည်း နည်းပညာတိုးတက်လာမှုကို အခြေခံပြီး လိုက်လျောညီထွေစွာ ဆန်းသစ်လာခဲ့ကြတာ အားလုံးအသိပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီအပတ်မှာတော့ နည်းပညာတိုးတက်လာမှုနှင့်အတူ လက်ဝတ်ရတနာ ဒီဇိုင်းဆန်းသစ်လာမှုတွေနဲ့ပတ်သက်ပြီး စာဖတ်သူမိဘပြည်သူတွေနဲ့ ရွှေချစ်သူ မိဘပြည်သူတွေအတွက် ဗဟုသုတရရှိစေဖို့ ရည်ရွယ်ပြီးမျှဝေရွေးချယ်ထားပါတယ်။

ရွှေငွေလက်ဝတ်ရတနာ ဒီဇိုင်းတွေရဲ့ ပြောင်းလဲမှုဟာ တစ်နှစ်နဲ့ တစ်နှစ်တော့ သိသိသာပြောင်းလဲမှုမရှိပေမယ့် ဆယ်စုနှစ်တစ်ခုဆီအကြာမှာတော့ ပြောင်းလဲမှုတွေဟာ ခေတ်နှင့်အမြဲ လိုက်လျောညီထွေရှိနေတတ်သလို တိုးတက်နေတဲ့နည်းပညာတွေကြောင့်လည်း ဘယ်တော့မှနောက်ကောက်မကျဘဲရှိနေတတ်ပါတယ်။
ရှေးယခင်က နည်းပညာတိုးတက်မှုတွေ အားနည်းခဲ့တဲ့ ၁၉ ရာစုဝန်းကျင် အထိကတော့ လက်ဝတ်ရတနာတွေကို ဒီဇိုင်းဆန်းအဖြစ်ဖန်တီးတဲ့အခါ စက်ပန်းထိမ်အစား လက်မှုရိုးရာလက်ခတ်ပန်းထိမ်များပဲရှိသေးတာကြောင့် အချို့သော လက်ဝတ်ရတနာဒီဇိုင်းများကို မဖန်တီးနိုင်ဘဲ ရိုးရှင်းတဲ့ ဒီဇိုင်းမျိုးတွေကိုသာ ဝတ်ဆင်ခဲ့ကြရပေမဲ့ အခုလို နည်းပညာတွေတိုးတက်လာတဲ့ ခေတ်ကြီးမှာတော့ လက်ပန်းထိမ်အစား စက်ဖြင့် စိတ်ကြိုက်ဖန်တီးနိုင်တဲ့ ဒီဇိုင်းတွေကိုလည်း စိတ်ကြိုက်ဖန်တီးလာနိုင်တာကြောင့် အခုဆို အဝတ်အထည်ဖက်ရှင်တွေအတွက် ဖန်တီးရာတွင်လည်း လက်ဝတ်ရတနာများကို ဒီဇိုင်းအသစ်များဖြင့်ဖန်တီးပြီး ဝတ်စားဆင်ယင်မှုအဖြစ်ပါ တွေ့မြင်ရတာကြောင့် တိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ ဆန်းသစ်လှတဲ့ ဒီဇိုင်းဖက်ရှင်တွေကိုလည်း လေ့လာခွင့်ရနေပြီဖြစ်ပါတယ်။

အခုလိုနည်းပညာအသစ်အသစ်တွေကြောင့် လက်ဝတ်ရတနာတွေကို ခေတ်မီနည်းပညာများကိုအသုံးပြုပြီး ဖန်တီးတဲ့ ဒီဇိုင်းတွေလည်း မရိုးနိုင်အောင်ပေါ်နေသလို တစ်ခါတစ်ရံမှာလည်း လွန်ခဲ့သော ရာစုနှစ်များစွာက ခေတ်စားခဲ့တဲ့ လက်ဝတ်ရတနာ ဒီဇိုင်းတွေက တစ်ကျော့ပြန်ခေတ်စားနေခဲ့သလို စက်နဲ့ ဖန်တီးတဲ့ ပန်းထိမ်ထက် လက်ခတ်ပန်းထိမ်ကိုမှ နှစ်သက်ကြတဲ့ သူတွေလည်းရှိနေတာကြောင့် လက်ဝတ်ရတနာဒီဇိုင်းဖန်တီးမှုအပိုင်းမှာတော့ နည်းပညာတိုးတက်မှုများအပြင် ပုံမှန်ထက် သေသပ်တဲ့ လက်ခတ်ပန်းထိမ် များလည်း ဆက်လက်ခေတ်စားနေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်ကရော ဘယ်လိုမျိုးလက်ဝတ်ရတနာဒီဇိုင်းတွေကို ပိုပြီး သဘောကျပြီး လက်ခတ်ပန်းထိမ်နဲ့ စက်ခတ်ပန်းထိမ်မှာ ဘယ်အရာကို ပိုသဘောကျလဲဆိုတာကို အောက်က comment မှာမျှဝေပေးသွားဖို့ ဖိတ်ခေါ်ရင်းနောက်အပတ်တွေမှာလည်း တခြားစိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့အတူ ပြန်လာခဲ့မှာမို့ ဆက်ဆက်စောင့်မျှော်အားပေးနေကြဖို့ မမေ့ကြပါနဲ့နော်။